• Follow Us on

Home အိန္ဒိယမှ Chandrayaan-2 အာကာသယာဉ်၏ လကမ္ဘာပေါ် ဆင်းသက်မှုမစ်ရှင်း မအောင်မြင်

အိန္ဒိယမှ Chandrayaan-2 အာကာသယာဉ်၏ လကမ္ဘာပေါ် ဆင်းသက်မှုမစ်ရှင်း မအောင်မြင်

Share this post

အိန္ဒိယနိုင်ငံက လွှတ်တင်ခဲ့တဲ့ Chandrayaan-2 အာကာသယာဉ်ဟာ လကမ္ဘာပေါ်ကို ဆင်းသက်ခဲ့ရာမှာ အဆက်အသွယ်ပြက်တောက်သွားခဲ့ပြီး အစီအစဉ်ပျက်ခဲ့ရပေမယ့် ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက နိုင်ငံရဲ့ အာကာသသိပ္ပံပညာရှင်တွေကို ထောက်ခံ ချီးကျူးစကားပြောကြားခဲ့ပါတယ်။

Chandrayaan-2 အာကာသယာဉ်ဟာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကို ဆင်းသက်ဖို့ ပြုလုပ်နေစဉ် အဆက်အသွယ်ပြက်တောက်သွားခဲ့တာဖြစ်ပါတယ်။ မိုဒီက နိုင်ငံရဲ့ အာကာသ သိပ္ပံပညာရှင်တွေအတွက် ဂုဏ်ယူမိကြောင်းနဲ့ မိမိတို့ရဲ့ အာကာသ အစီအစဉ်တွေမှာ ပိုပြီး ကောင်းမွန်တာတွေဖြစ်လာဖို့ရှိကြောင်းထောက်ခံပြောကြားခဲ့ပါတယ်။

အိန္ဒိယ အာကာသစူးစမ်းလေ့လာရေးအဖွဲ့(Isro) က အာကာသယာဉ်ဟာ လကမ္ဘာပေါ်ကို ဆင်းသက်ဖို့ စက္ကန့်ပိုင်းအလိုမှာ အဆက်အသွယ်ပြက်တောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref;CNA


Share this post