• Follow Us on

Home အိန္ဒိယအစိုးရမူဝါဒကို ဝေဖန်တဲ့ မလေးရှားက စားအုန်းဆီဝယ်ယူမှုရပ်ဆိုင်းရန် အိန္ဒိယကုန်သည်များပြင်ဆင်


Share this post

အိန္ဒိယနိုင်ငံရဲ့ သီးနှံဆီကုန်သွယ်ရေးထိပ်တန်းအဖွဲ့အစည်းတစ်ခုက ကတ်ရှ်မီးယားအရေးမှာ အိန္ဒိယမူဝါဒပိုင်းကို ဝေဖန်မှုတွေပြုလုပ်နေတဲ့ မလေးရှားနိုင်ငံက စားအုန်းဆီမ၀ယ်ယူကြဖို့ အဖွဲ့ဝင်တွေကို တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။
Ref;Reuters

[Unicode]
အိန္ဒိယအစိုးရမူဝါဒကို ဝေဖန်တဲ့ မလေးရှားက စားအုန်းဆီ၀ယ်ယူမှုရပ်ဆိုင်းရန် အိန္ဒိယကုန်သည်များပြင်ဆင်
—————————————————————————-
အိန္ဒိယနိုင်ငံရဲ့ သီးနှံဆီကုန်သွယ်ရေးထိပ်တန်းအဖွဲ့အစည်းတစ်ခုက ကတ်ရ်ှမီးယားအရေးမှာ အိန္ဒိယမူဝါဒပိုင်းကို ဝေဖန်မှုတွေပြုလုပ်နေတဲ့ မလေးရှားနိုင်ငံက စားအုန်းဆီမ၀ယ်ယူကြဖို့ အဖွဲ့၀င်တွေကို တနင်္လာနေ့က တိုက်တွန်းခဲ့ပါတယ်။
အိန္ဒိယ သီးနှံဆီကုန်သွယ်ရေးအသင်း(SEAI) ရဲ့ ညွှန်ကြားချက်ဟာ ကမ္ဘာမှာ အင်ဒိုနီးရှားနိုင်ငံနောက် ဒုတိယမြောက် စားအုန်းဆီထုတ်လုပ်မှုနဲ့ တင်ပို့မှုအများဆုံးဖြစ်တဲ့ မလေးရှားနိုင်ငံအတွက်တော့ ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ မလေးရှားနိုင်ငံက စားအုန်းဆီ၀ယ်ယူမှုအများဆုံး တတိယနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး စားအုန်းဆီးအခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံအထိရှိခဲ့ပါတယ်။ မနှစ်က သီးနှံဆီတင်ပို့ရောင်းချမှုဟာ မလေးရှားနိုင်ငံရဲ့ စုစုပေါင်း ကုန်ထုတ်လုပ်မှုရဲ့ ၂.၈ ရာခိုင်နှုန်းရှိနေပြီး စုစုပေါင်းကုန်စည်တင်ပို့မှုရဲ့ ၄.၅ ရာခိုင်နှုန်းထိရှိနေပါတယ်။
Ref;Reuters


Share this post