• Follow Us on

Home အိန္ဒိယအစိုးရမှ မြန်မာကြက်ခြေနီအသင်းထံ COVID-19 ကာကွယ်ဆေး (၁) သန်း လှူဒါန်း

အိန္ဒိယအစိုးရမှ မြန်မာကြက်ခြေနီအသင်းထံ COVID-19 ကာကွယ်ဆေး (၁) သန်း လှူဒါန်း

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ (People Media)

 

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း၌ အိန္ဒိယအစိုးရမှ မြန်မာကြက်ခြေနီအသင်းထံ COVID-19 ကာကွယ်ဆေး (၁) သန်း လှူဒါန်း လိုက်ပါတယ်။

 

အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးအတွင်းဝန်သည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ နှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်သလို ၎င်း၏ ခရီးစဉ်အတွင်း၌ န-စ-ကဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် COVID-19 ကာကွယ်ဆေး အလုံးရေ (၁) သန်းကို အိန္ဒိယ-မြန်မာနယ်စပ်တ လျှောက်ရှိ ပြည်သူများအပါအဝင် မြန်မာပြည်သူများအတွက် COVID-19 ရောဂါကာကွယ်တိုက်ဖျက်ရာတွင် ကူညီထောက်ပံ့နိုင်ရန် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ထုတ်ပြန်ထား ပါတယ်။

 

လက်ရှိအချိန်၌ မြန်မာနိုင်ငံသို့ တရုတ်၊ အိန္ဒိယနိုင်ငံများမှ COVID-19 ကာကွယ်ဆေးကို အလုံးအရင်းဖြင့် လှူဒါန်းလျက် ရှိနေပါတယ်။

 

#PeopleMedia #COVID19 #အိန္ဒိယ_မြန်မာ

 

(unicode)


……………………………………………………….

 


 


 


 


 


 

#PeopleMedia #COVID19 #အိန်ဒိယ_မွနျမာ


Share this post