• Follow Us on

Home အိႏၵိယအေနနဲ႔ အစီအစဥ္မ်ားအတိုင္း S-400 မ်ားလက္ခံရရွိမည္ဟု ရုရွားသမၼတ ကတိျပဳ

အိႏၵိယအေနနဲ႔ အစီအစဥ္မ်ားအတိုင္း S-400 မ်ားလက္ခံရရွိမည္ဟု ရုရွားသမၼတ ကတိျပဳ

Share this post

အိႏၵိယႏိုင္ငံကို S-400 ေလေၾကာင္းကာကြယ္ေရးစနစ္ပို႔ေဆာင္ေရးဟာ စီစဥ္ထားတဲ့အတိုင္း အဆင့္ဆင့္ေဆာက္ရြက္ေနတယ္လို႔ ရုရွားသမၼတ ဗလာဒီမာပူတင္က ႏို၀င္ဘာ ၁၄ ရက္ေန႔မွာ သတင္းေထာက္ေတြကို ေျဖၾကားခဲ့ပါတယ္။

အိႏၵိယႏုိင္ငံဟာ ရုရွားထုတ္ S-400 Triumf ကို၀ယ္ယူမယ့္အေၾကာင္း ၂၀၁၅ ခုႏွစ္မွာ ေၾကညာ ခဲ့တာျဖစ္ပါတယ္။ အေမရိကန္ေဒၚလာ ၅.၄၃ ဘီလီယံတန္ဖိုးရွိတဲ့ S-400 ေလကာစနစ္၀ယ္ယူေရး သေဘာတူစာခ်ဳပ္ကို ၿပီးခဲ့တဲ့ႏွစ္က အိႏၵိယကို ရုရွားသမၼတပူတင္ လာေရာက္လည္ပတ္ခဲ့ခ်ိန္က ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဘရာဇီးႏုိင္ငံၿမိဳ႕ေတာ္မွာ က်င္းပခဲ့ BRICS အစည္းအေ၀းမွာ ပူတင္က အိႏၵိယႏုိင္ငံကို S-400 လႊဲေျပာင္းဖို႔အတြက္ စီစဥ္ထားတဲ့အတိုင္း ေဆာင္ရြက္ေနေၾကာင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံက ထိပ္တန္းအစိုးရအရာရွိေတြဟာ ရုရွ၊အီရန္နဲ႔ ေျမာက္ကိုရီးယားႏုိင္ငံတို႔က စစ္လက္နက္၀ယ္ယူတဲ့ႏုိင္ငံေတြအေနနဲ႔ CAATSA ဥပေဒအရ ဆန္ရွင္ပိတ္ဆို႔ အေရးယူခံရႏိုင္ ေၾကာင္း အိႏၵိယကို သတိေပးေျပာၾကားထားခဲ့ျပီးျဖစ္ပါတယ္။

Ref; https://bulgarianmilitary.com/

#PeopleMedia #International

(Unicode)
အိန္ဒိယအနေနဲ့ အစီအစဉ်များအတိုင်း S-400 များလက်ခံရရှိမည်ဟု ရုရှားသမ္မတ ကတိပြု
………………………………………………………………

အိန္ဒိယနိုင်ငံကို S-400 လေကြောင်းကာကွယ်ရေးစနစ်ပို့ဆောင်ရေးဟာ စီစဉ်ထားတဲ့အတိုင်း အဆင့်ဆင့်ဆောက်ရွက်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က နိုဝင်ဘာ ၁၄ ရက်နေ့မှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ရုရှားထုတ် S-400 Triumf ကိုဝယ်ယူမယ့်အကြောင်း ၂၀၁၅ ခုနှစ်မှာ ကြေညာ ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံတန်ဖိုးရှိတဲ့ S-400 လေကာစနစ်ဝယ်ယူရေး သဘောတူစာချုပ်ကို ပြီးခဲ့တဲ့နှစ်က အိန္ဒိယကို ရုရှားသမ္မတပူတင် လာရောက်လည်ပတ်ခဲ့ချိန်က ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမြို့တော်မှာ ကျင်းပခဲ့ BRICS အစည်းအဝေးမှာ ပူတင်က အိန္ဒိယနိုင်ငံကို S-400 လွှဲပြောင်းဖို့အတွက် စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်နေကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ထိပ်တန်းအစိုးရအရာရှိတွေဟာ ရုရှ၊အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတို့က စစ်လက်နက်ဝယ်ယူတဲ့နိုင်ငံတွေအနေနဲ့ CAATSA ဥပဒေအရ ဆန်ရှင်ပိတ်ဆို့ အရေးယူခံရနိုင် ကြောင်း အိန္ဒိယကို သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။

Ref; https://bulgarianmilitary.com/

#PeopleMedia #International


Share this post