• Follow Us on

Home အိႏၵိယအေရွ႕ေျမာက္ပိုင္းမွာ ေနရာယူထားၿပီး အိႏၵိယကို တ႐ုတ္တပ္ဖြဲ႕ေတြ စိန္ေခၚေန

အိႏၵိယအေရွ႕ေျမာက္ပိုင္းမွာ ေနရာယူထားၿပီး အိႏၵိယကို တ႐ုတ္တပ္ဖြဲ႕ေတြ စိန္ေခၚေန

Share this post

နယူးေဒလီ၊ ေမ ၂၇

အေရွ႕ဘက္လာဒါမွာရွိၿပီး ေႏြဦးရာသီအပူပိုင္းေနရာေတြလို႔အသိမ်ားတဲ့ ဂါလြမ္ေတာင္ၾကားအေရွ႕ေတာင္ပိုင္း ေဒသထဲ ၃ ကီလိုမီတာေလာက္အထိ တ႐ုတ္တပ္ဖြဲ႕၀င္ေတြ၀င္ေရာက္လာပါတယ္။

ပန္ဂြန္ေရကန္ထိပ္ဖ်ားေနရာမ်ားကိုလည္း တ႐ုတ္အစိုးရက လူေတြေစလႊတ္ထားၿပီး အမွန္တကယ္ထိန္းခ်ဳပ္ နယ္ေျမရဲ႕ တ႐ုတ္ဘက္ျခမ္းမွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြအရွိန္ျမႇင့္တင္ေနပါတယ္။

ပန္ဂြန္ကန္ရဲ႕ေျမာက္ဘက္ကမ္းပါးဟာ ေရွ႕ကိုထိုးထြက္ေနတဲ့ေနရာျဖစ္ၿပီး နယ္ေျမသတ္မွတ္ဖို႔ ထိပ္ဖ်ားေနရာ ေတြလို႔လည္း သိၾကပါတယ္။

ဂါလြမ္ေတာင္ၾကားမွာ တ႐ုတ္တပ္ဖြဲ႕ေတြထပ္ပို႔တာနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြပိုမ်ားေနတာဟာ တ႐ုတ္ပိုင္ နယ္ေျမေတြထဲမွာပဲေဆာက္လုပ္ေနတာနဲ႔ ဆန္႔က်င္ေနတယ္လို႔ သတင္းရင္းျမစ္ေတြကေျပာတယ္ဆိုၿပီး The Print သတင္းစာကေဖာ္ျပပါတယ္။

ဂါလြမ္မွာ အိႏၵိယပိုင္နယ္ေျမနဲ႔ တ႐ုတ္ပိုင္နယ္ေျမေတြဟာ ေျမပုံလဲလွယ္ထားျခင္းမရွိဘဲနဲ႔ အတူတူျဖစ္ေနၿပီး ေဒသတြင္းမွာတင္ နားလည္မႈနဲ႔တည္ရွိေနတာလို႔လည္း ေျပာပါတယ္။

အိႏၵိယနယ္ေျမထဲမွာေဆာက္လုပ္ေရးလႈပ္ရွားမႈေတြလုပ္ဖို႔ တ႐ုတ္ႏိုင္ငံရဲ႕စိတ္ပိုင္းျဖတ္ထားမႈဟာ အံ့ျသစရာျဖစ္ ေနတယ္လို႔လည္းေျပာပါတယ္။

တ႐ုတ္လႈပ္ရွားမႈနဲ႔ကိုက္ညီတဲ့ တပ္ေနရာခ်ထားမႈအေသးစားေတြကို အိႏၵိယကလည္း သူ့နယ္ေျမဘက္မွာ လုပ္ထားပါတယ္။

ဒါေပမဲ့ တ႐ုတ္ႏိုင္ငံက ကင္းလွည့္အမွတ္ ၁၄၊ ၁၅ နဲ႔ ဂါလြမ္ေတာင္ၾကားကေနအေရွ႕ေတာင္ဘက္ ၈၀ ကီလိုမီ တာအကြာမွာရွိတဲ့ဂိုဂရာစခန္းတို႔မွာတပ္ျဖန္႔တာဟာ ေတာင္ၾကားနဲ႔ ေရကန္ၾကားမွာပါ။

တ႐ုတ္တပ္ဖြဲ႕ေတြဟာ အဲဒီေနရာေတြက သူတို႔ပိုင္နယ္ေျမေတြကို မျဖတ္ေက်ာ္ခဲ့ဘဲ အဲဒီနယ္ေျမဟာ အိႏၵိယ ပိုင္လို႔သတ္မွတ္ထားတဲ့ေနရာေတြထဲ ၃ ကီလိုမီတာေလာက္ေရာက္ေနတာကိုေတာ့ လက္ခံထားတယ္လို႔ သတင္းရင္းျမစ္ေတြကေျပာပါတယ္။

Ref : Chinese troops challenge India at multiple locations in eastern Ladakh, standoff continues

#PeopleMedia

(Unicode)
အိန္ဒိယအရှေ့မြောက်ပိုင်းမှာ နေရာယူထားပြီး အိန္ဒိယကို တရုတ်တပ်ဖွဲ့တွေ စိန်ခေါ်နေ
……………………………………………………

နယူးဒေလီ၊ မေ ၂၇

အရှေ့ဘက်လာဒါမှာရှိပြီး နွေဦးရာသီအပူပိုင်းနေရာတွေလို့အသိများတဲ့ ဂါလွမ်တောင်ကြားအရှေ့တောင်ပိုင်း ဒေသထဲ ၃ ကီလိုမီတာလောက်အထိ တရုတ်တပ်ဖွဲ့ဝင်တွေဝင်ရောက်လာပါတယ်။

ပန်ဂွန်ရေကန်ထိပ်ဖျားနေရာများကိုလည်း တရုတ်အစိုးရက လူတွေစေလွှတ်ထားပြီး အမှန်တကယ်ထိန်းချုပ် နယ်မြေရဲ့ တရုတ်ဘက်ခြမ်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအရှိန်မြှင့်တင်နေပါတယ်။

ပန်ဂွန်ကန်ရဲ့မြောက်ဘက်ကမ်းပါးဟာ ရှေ့ကိုထိုးထွက်နေတဲ့နေရာဖြစ်ပြီး နယ်မြေသတ်မှတ်ဖို့ ထိပ်ဖျားနေရာ တွေလို့လည်း သိကြပါတယ်။

ဂါလွမ်တောင်ကြားမှာ တရုတ်တပ်ဖွဲ့တွေထပ်ပို့တာနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပိုများနေတာဟာ တရုတ်ပိုင် နယ်မြေတွေထဲမှာပဲဆောက်လုပ်နေတာနဲ့ ဆန့်ကျင်နေတယ်လို့ သတင်းရင်းမြစ်တွေကပြောတယ်ဆိုပြီး The Print သတင်းစာကဖော်ပြပါတယ်။

ဂါလွမ်မှာ အိန္ဒိယပိုင်နယ်မြေနဲ့ တရုတ်ပိုင်နယ်မြေတွေဟာ မြေပုံလဲလှယ်ထားခြင်းမရှိဘဲနဲ့ အတူတူဖြစ်နေပြီး ဒေသတွင်းမှာတင် နားလည်မှုနဲ့တည်ရှိနေတာလို့လည်း ပြောပါတယ်။

အိန္ဒိယနယ်မြေထဲမှာဆောက်လုပ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ တရုတ်နိုင်ငံရဲ့စိတ်ပိုင်းဖြတ်ထားမှုဟာ အံ့သြစရာဖြစ် နေတယ်လို့လည်းပြောပါတယ်။

တရုတ်လှုပ်ရှားမှုနဲ့ကိုက်ညီတဲ့ တပ်နေရာချထားမှုအသေးစားတွေကို အိန္ဒိယကလည်း သူ့နယ်မြေဘက်မှာ လုပ်ထားပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ကင်းလှည့်အမှတ် ၁၄၊ ၁၅ နဲ့ ဂါလွမ်တောင်ကြားကနေအရှေ့တောင်ဘက် ၈၀ ကီလိုမီ တာအကွာမှာရှိတဲ့ဂိုဂရာစခန်းတို့မှာတပ်ဖြန့်တာဟာ တောင်ကြားနဲ့ ရေကန်ကြားမှာပါ။

တရုတ်တပ်ဖွဲ့တွေဟာ အဲဒီနေရာတွေက သူတို့ပိုင်နယ်မြေတွေကို မဖြတ်ကျော်ခဲ့ဘဲ အဲဒီနယ်မြေဟာ အိန္ဒိယ ပိုင်လို့သတ်မှတ်ထားတဲ့နေရာတွေထဲ ၃ ကီလိုမီတာလောက်ရောက်နေတာကိုတော့ လက်ခံထားတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။

Ref : Chinese troops challenge India at multiple locations in eastern Ladakh, standoff continues

#PeopleMedia


Share this post