• Follow Us on

Home အိန္ဒိယရေတပ်အရာရှိတစ်ဦး၏ ဇနီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေ


Share this post



၎င်းရဲ့အခန်းကို ဖွင့်မရလို့ မိသားစုဝင်တွေက ရဲဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက အခန်းထဲ တံခါးဖျက်ဝင်ခဲ့ပြီး နံရံကပ်ပန်ကာမှာ ကြိုးဆွဲချကာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။


Ref; timesofindia


(Unicode)
အိန္ဒိယရေတပ်အရာရှိတစ်ဦး၏ ဇနီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချသတ်သေ
……………………………………………………………….

အိန္ဒိယရေတပ် တပ်မှူးအဆင့်ရှိ အရာရှိတစ်ဦးရဲ့ဇနီးဖြစ်သူဟာ မြို့တော် ဒေလီမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုယ့်ကိုယ်ကို သတ်သေခဲ့ပါတယ်။

အဆိုပါအမျိုးသမီးဟာ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်က အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး အိမ်ထောင်ရေးအဆင်မပြေမှု ကြောင့် စိတ်ဓာတ်ကျနေပုံရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

၄င်းရဲ့အခန်းကို ဖွင့်မရလို့ မိသားစုဝင်တွေက ရဲဌာနကို ဖုန်းဆက်အကြောင်းကြားခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တွေက အခန်းထဲ တံခါးဖျက်ဝင်ခဲ့ပြီး နံရံကပ်ပန်ကာမှာ ကြိုးဆွဲချကာ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခန်းထဲမှာ ဆေးလိပ်တိုတွေပြန့်ကျဲနေတာကိုလည်း တွေ့ရှိခဲ့တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။ အခုဖြစ်ရပ်ကို သက်ဆိုင်ရာက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်။

Ref; timesofindia

#PeopleMedia #International


Share this post