• Follow Us on

Home အိႏၵိယေလတပ္က ျပင္သစ္ႏိုင္ငံလုပ္ ရာေဖးလ္ဂ်က္တိုက္ေလယာဉ္ငါးစင္း တပ္ေတာ္ဝင္

အိႏၵိယေလတပ္က ျပင္သစ္ႏိုင္ငံလုပ္ ရာေဖးလ္ဂ်က္တိုက္ေလယာဉ္ငါးစင္း တပ္ေတာ္ဝင္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၁၀

အိႏၵိယေလတပ္ဖြဲ႕က ယေန႔ ျပင္သစ္ႏိုင္ငံထုတ္ ရာေဖးလ္ ဂ်က္တိုက္ေလယာဉ္ငါးစင္း တပ္ေတာ္ဝင္ခဲ့ ေၾကာင္း သိရသည္။

အိႏၵိယႏိုင္ငံေျမာက္ပိုင္း ေလတပ္အေျခစိုက္စခန္းတစ္ခု၌က်င္းပသည့္ အခမ္းအနား၌ ကာကြယ္ေရးဝန္ ႀကီး ရာနတ္ဆင္းဂ်္က ရာေဖးလ္ ဂ်က္တိုက္ေလယာဉ္မ်ား တပ္ေတာ္ဝင္မႈက အိႏၵိယေလတပ္အတြက္ သိသာ ေသာ အားျဖည့္မႈတစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ယခုတပ္ေတာ္ဝင္သည့္ ဂ်က္တိုက္ေလယာဉ္မ်ားက ၂၀၁၆ ခုႏွစ္တြင္ ျပင္သစ္ႏိုင္ငံႏွင့္ လက္မွတ္ေရးထိုး ခဲ့သည့္ ေခတ္မီတပ္မေတာ္ တည္ေဆာက္ရန္ႀကိဳးပမ္းေနေသာ အိႏၵိယႏိုင္ငံ၏ အေမရိကန္ေဒၚလာ ၈ ဒသမ ၇၈ ဘီလီယံတန္ေၾကးရွိ သေဘာတူညီခ်က္တစ္ရပ္၏ တစ္စိတ္တစ္ေဒသျဖစ္သည္။

သေဘာတူညီခ်က္အရ ရာေဖးလ္ဂ်က္တိုက္ေလယာဉ္ ၃၈ စင္းကို ျပင္သစ္ႏိုင္ငံ၌ ထုတ္လုပ္ၿပီးပါက ၂၀၂၂ ခုႏွစ္ထက္ေနာက္မက်ဘဲ အိႏၵိယႏိုင္ငံသို႔ ေပးပို႔ရမည္ျဖစ္သည္။

ရာေဖးလ္တိုက္ေလယာဉ္က မာလီႏွင့္ ဆီးရီးယားႏိုင္ငံတို႔၌ သူပုန္တပ္ဖြဲ႕မ်ားကိုၿဖိဳခြင္းရာတြင္ စြမ္းေဆာင္ ရည္မ်ား ျပသခဲ့ေၾကာင္း တပ္ေတာ္ဝင္အခမ္းအနားသို႔ တက္ေရာက္ခဲ့သည့္ ျပင္သစ္ကာကြယ္ေရးဝန္ႀကီး ဖေလာ ရင့္ပါလီက ေျပာသည္။

အိႏၵိယႏိုင္ငံက ယခုအခါ အင္ဒို-ပစိဖိတ္ေဒသႏွင့္ အိႏၵိယသမုဒၵရာေဒသမ်ားအတြင္း ၿငိမ္းခ်မ္းေရးႏွင့္ လုံ ၿခဳံေရး ကာကြယ္ေစာင့္ေရွာက္ရာတြင္ အေရးပါေသာအခန္းက႑တစ္ရပ္မွ ပါဝင္ေနေၾကာင္း ၄င္းက ေျပာသည္။

ပထမအသုတ္ ရာေဖးလ္ဂ်က္တိုက္ေလယာဉ္ငါးစင္းမွာ ဇူလိုင္လ ၂၉ ရက္တြင္ အိႏၵိယႏိုင္ငံေတာင္ပိုင္း ဟာယာနာျပည္နယ္ရွိ ေလတပ္အေျခစိုက္စခန္းတစ္ခုသို႔ ေရာက္ရွိလာခဲ့သည္။

ရာေဖးလ္ဂ်က္တိုက္ေလယာဉ္တြင္ တာေဝးပစ္ဒုံးက်ည္မ်ား တပ္ဆင္ႏိုင္ရာ အိႏၵိယေလတပ္၏ တာေဝး တိုက္ခိုက္မႈ၊ ေလေၾကာင္းကာကြယ္ေရးႏွင့္ ပိတ္ပင္မႈစြမ္းေဆာင္ရည္မ်ား တိုးတက္လာမည္ျဖစ္ေၾကာင္း ကာကြယ္ ေရးဆိုင္ရာ ဆန္းစစ္ေလ့လာသူ ရာဟူးလ္ဘီဒီက ေျပာသည္။

ကိုးကား – အေပီ

Ref; India adds 5 French-made fighter jets in military upgrade

#PeopleMedia #EPN

(unicode)
အိန္ဒိယလေတပ်က ပြင်သစ်နိုင်ငံလုပ် ရာဖေးလ်ဂျက်တိုက်လေယာဉ်ငါးစင်း တပ်တော်ဝင်
………………………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၁၀

အိန္ဒိယလေတပ်ဖွဲ့က ယနေ့ ပြင်သစ်နိုင်ငံထုတ် ရာဖေးလ် ဂျက်တိုက်လေယာဉ်ငါးစင်း တပ်တော်ဝင်ခဲ့ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း လေတပ်အခြေစိုက်စခန်းတစ်ခု၌ကျင်းပသည့် အခမ်းအနား၌ ကာကွယ်ရေးဝန် ကြီး ရာနတ်ဆင်းဂျ်က ရာဖေးလ် ဂျက်တိုက်လေယာဉ်များ တပ်တော်ဝင်မှုက အိန္ဒိယလေတပ်အတွက် သိသာ သော အားဖြည့်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုတပ်တော်ဝင်သည့် ဂျက်တိုက်လေယာဉ်များက ၂၀၁၆ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့် လက်မှတ်ရေးထိုး ခဲ့သည့် ခေတ်မီတပ်မတော် တည်ဆောက်ရန်ကြိုးပမ်းနေသော အိန္ဒိယနိုင်ငံ၏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၈ ဘီလီယံတန်ကြေးရှိ သဘောတူညီချက်တစ်ရပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည်။

သဘောတူညီချက်အရ ရာဖေးလ်ဂျက်တိုက်လေယာဉ် ၃၈ စင်းကို ပြင်သစ်နိုင်ငံ၌ ထုတ်လုပ်ပြီးပါက ၂၀၂၂ ခုနှစ်ထက်နောက်မကျဘဲ အိန္ဒိယနိုင်ငံသို့ ပေးပို့ရမည်ဖြစ်သည်။

ရာဖေးလ်တိုက်လေယာဉ်က မာလီနှင့် ဆီးရီးယားနိုင်ငံတို့၌ သူပုန်တပ်ဖွဲ့များကိုဖြိုခွင်းရာတွင် စွမ်းဆောင် ရည်များ ပြသခဲ့ကြောင်း တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလော ရင့်ပါလီက ပြောသည်။

အိန္ဒိယနိုင်ငံက ယခုအခါ အင်ဒို-ပစိဖိတ်ဒေသနှင့် အိန္ဒိယသမုဒ္ဒရာဒေသများအတွင်း ငြိမ်းချမ်းရေးနှင့် လုံ ခြုံရေး ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်နေကြောင်း ၄င်းက ပြောသည်။

ပထမအသုတ် ရာဖေးလ်ဂျက်တိုက်လေယာဉ်ငါးစင်းမှာ ဇူလိုင်လ ၂၉ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း ဟာယာနာပြည်နယ်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ရာဖေးလ်ဂျက်တိုက်လေယာဉ်တွင် တာဝေးပစ်ဒုံးကျည်များ တပ်ဆင်နိုင်ရာ အိန္ဒိယလေတပ်၏ တာဝေး တိုက်ခိုက်မှု၊ လေကြောင်းကာကွယ်ရေးနှင့် ပိတ်ပင်မှုစွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ကြောင်း ကာကွယ် ရေးဆိုင်ရာ ဆန်းစစ်လေ့လာသူ ရာဟူးလ်ဘီဒီက ပြောသည်။

ကိုးကား – အပေီ

Ref; India adds 5 French-made fighter jets in military upgrade

#PeopleMedia #EPN


Share this post