• Follow Us on
Latest News

Home အိႏၵိယ၌ က်န္းမာေရးလုပ္သားထံမွ ကိုဗစ္-၁၉ ဓာတ္ခြဲနမူနာမ်ား ေမ်ာက္မ်ားအလစ္ သုတ္ထြက္ေျပး

အိႏၵိယ၌ က်န္းမာေရးလုပ္သားထံမွ ကိုဗစ္-၁၉ ဓာတ္ခြဲနမူနာမ်ား ေမ်ာက္မ်ားအလစ္ သုတ္ထြက္ေျပး

Share this post

၂၀၂၀၊ ေမ ၃၀

ေမ်ာက္မ်ားက အိႏၵိယ က်န္းမာေရးလုပ္သားတစ္ဉီးကို အုံလိုက္သင္းလိုက္ဝိုင္း၍ ကိုရိုနာဗိုင္းရပ္စ္ စမ္း သပ္သည့္ ေသြးနမူနာမ်ားကို ယူေဆာင္လစ္ေျပးခဲ့ရာ ေမ်ာက္မ်ားေၾကာင့္ အဆိုပါနယ္ေျမအတြင္း ကပ္ေရာဂါ ပ်ံ့ႏွံ႕ နိုင္သည္ဆိုေသာ စိုးရိမ္မႈမ်ား ျဖစ္ေပၚေစခဲ့သည္။

ေမ်ာက္မ်ားက အစားအစားမ်ား၊ မိုဘိုင္းဖုန္းမ်ား ခိုးယူမႈကို အိႏၵိယ အာဏာပိုင္မ်ား မၾကာခဏ ႀကဳံေတြ႕ ေလ့ရွိသည္။

နယူးေဒလီၿမိဳ႕ေတာ္အနီး မီ႐ြတ္ၿမိဳ႕၌ ယခုသီတင္းပတ္ အေစာပိုင္းတြင္ ဓာတ္ခြဲနမူနာမ်ား အလစ္ သုတ္ၿပီးေနာက္ ေမ်ာက္မ်ားက အနီးအနားရွိ သစ္ပင္မ်ားေပၚတက္ကာ အဆိုပါဓာတ္ခြဲနမူနားမ်ားကို ဝါးစားရန္ ႀကိဳးပမ္းခဲ့ၾကသည္။

ေနာက္ပိုင္းတြင္ ဓာတ္ခြဲနမူနာမ်ားကို ျပန္လည္ရရွိခဲ့ေသာ္လည္း ထိခိုက္ပ်က္စီးျခင္းမရွိေၾကာင္း မီ႐ြတ္ေဆး ေကာလိပ္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“ေရာဂါပ်ံ့ႏွံ႕တဲ့အႏၲရာယ္ရွိမယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး” ဟု ၄င္း က ေျပာသည္။

ခိုးယူခံခဲ့ရသည့္ ဓာတ္ခြဲနမူနာပိုင္ရွင္သုံးဦးကို ျပန္လည္စစ္ေဆးခဲ့ေၾကာင္း ၄င္းက ဆိုသည္။

တိရစာၦန္မွ လူသားသို႔ ကူးစက္နိုင္သည္ဆိုေသာ အတည္ျပဳမႈမရွိေသာ္လည္း တိရစာၦန္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ရ သည္။

အိႏၵိယနိုင္ငံ၏ ကိုရိုနာဗိုင္းရပ္စ္ ေသဆုံးမႈမွာ ယမန္ေန႕က အိမ္နီးခ်င္း တ႐ုတ္နိုင္ငံကို ေက်ာ္တက္သြားခဲ့ ၿပီး ၿပီးခဲ့ေသာ ၂၄ နာရီအတြင္ ၁၇၅ ဦး ထပ္မံေသဆုံးခဲ့ရာ ေသဆုံးသူ စုစုေပါင္း ၄၇၀၆ ဦးအထိ ရွိလာခဲ့ၿပီဟု တ ရားဝင္အခ်က္အလက္မ်ားအရ သိရသည္။

ကမာၻေပၚတြင္ လူေနအထူထပ္ဆုံး အိႏၵိယနိုင္ငံမွာ မၾကာေသးမီက စံခ်ိန္တင္ ကူးစက္မႈမ်ားႏွင့္အတူ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈဗဟိုခ်က္မတစ္ခုသစ္ ျဖစ္လာခဲ့သည္။

ေက်းလက္ေဒသအမ်ားစုတြင္ လယ္သမားမ်ားက ေမ်ာက္မ်ားေၾကာင့္ သီးႏွံမ်ား ဆုံးရႈံးခဲ့ၿပီး ေမ်ာက္ ေကာင္ေရတိုးပြားလာမႈ စစ္ေဆးေပးရန္ ေဒသႏၲရအစိုးရထံ ေတာင္းဆိုခဲ့ၾကသည္။

နယူးေဒလီၿမိဳ႕ေတာ္ရွိ အာဏာပိုင္မ်ားက အိႏၵိယလႊတ္ေတာ္အေဆာက္အအုံအနီးမွ ေမ်ာက္မ်ားကို အ ေဝးသို႔ေမာင္းထုတ္ရန္ အၿမီးရွည္ေမ်ာက္မ်ားကို အသုံးျပဳခဲ့သည္။

ကိုးကား။ ။စထရိတ္တိုင္းမ္

Ref; Indian monkeys snatch coronavirus samples

#PeopleMedia

[Unicode]
အိန္ဒိယ၌ ကျန်းမာရေးလုပ်သားထံမှ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာများ မျောက်များအလစ် သုတ်ထွက်ပြေး
………………………………………………………………………….

၂၀၂၀၊ မေ ၃၀

မျောက်များက အိန္ဒိယ ကျန်းမာရေးလုပ်သားတစ်ဉီးကို အုံလိုက်သင်းလိုက်ဝိုင်း၍ ကိုရိုနာဗိုင်းရပ်စ် စမ်း သပ်သည့် သွေးနမူနာများကို ယူဆောင်လစ်ပြေးခဲ့ရာ မျောက်များကြောင့် အဆိုပါနယ်မြေအတွင်း ကပ်ရောဂါ ပျံ့နှံ့ နိုင်သည်ဆိုသော စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

မျောက်များက အစားအစားများ၊ မိုဘိုင်းဖုန်းများ ခိုးယူမှုကို အိန္ဒိယ အာဏာပိုင်များ မကြာခဏ ကြုံတွေ့ လေ့ရှိသည်။

နယူးဒေလီမြို့တော်အနီး မီရွတ်မြို့၌ ယခုသီတင်းပတ် အစောပိုင်းတွင် ဓာတ်ခွဲနမူနာများ အလစ် သုတ်ပြီးနောက် မျောက်များက အနီးအနားရှိ သစ်ပင်များပေါ်တက်ကာ အဆိုပါဓာတ်ခွဲနမူနားများကို ဝါးစားရန် ကြိုးပမ်းခဲ့ကြသည်။

နောက်ပိုင်းတွင် ဓာတ်ခွဲနမူနာများကို ပြန်လည်ရရှိခဲ့သော်လည်း ထိခိုက်ပျက်စီးခြင်းမရှိကြောင်း မီရွတ်ဆေး ကောလိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရောဂါပျံ့နှံ့တဲ့အန္တရာယ်ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး” ဟု ၄င်း က ပြောသည်။

ခိုးယူခံခဲ့ရသည့် ဓာတ်ခွဲနမူနာပိုင်ရှင်သုံးဦးကို ပြန်လည်စစ်ဆေးခဲ့ကြောင်း ၄င်းက ဆိုသည်။

တိရစ္ဆာန်မှ လူသားသို့ ကူးစက်နိုင်သည်ဆိုသော အတည်ပြုမှုမရှိသော်လည်း တိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရ သည်။

အိန္ဒိယနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုမှာ ယမန်နေ့က အိမ်နီးချင်း တရုတ်နိုင်ငံကို ကျော်တက်သွားခဲ့ ပြီး ပြီးခဲ့သော ၂၄ နာရီအတွင် ၁၇၅ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၄၇၀၆ ဦးအထိ ရှိလာခဲ့ပြီဟု တ ရားဝင်အချက်အလက်များအရ သိရသည်။

ကမ္ဘာပေါ်တွင် လူနေအထူထပ်ဆုံး အိန္ဒိယနိုင်ငံမှာ မကြာသေးမီက စံချိန်တင် ကူးစက်မှုများနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်မတစ်ခုသစ် ဖြစ်လာခဲ့သည်။

ကျေးလက်ဒေသအများစုတွင် လယ်သမားများက မျောက်များကြောင့် သီးနှံများ ဆုံးရှုံးခဲ့ပြီး မျောက် ကောင်ရေတိုးပွားလာမှု စစ်ဆေးပေးရန် ဒေသန္တရအစိုးရထံ တောင်းဆိုခဲ့ကြသည်။

နယူးဒေလီမြို့တော်ရှိ အာဏာပိုင်များက အိန္ဒိယလွှတ်တော်အဆောက်အအုံအနီးမှ မျောက်များကို အ ဝေးသို့မောင်းထုတ်ရန် အမြီးရှည်မျောက်များကို အသုံးပြုခဲ့သည်။

ကိုးကား။ ။စထရိတ်တိုင်းမ်

Ref; Indian monkeys snatch coronavirus samples

#PeopleMedia


Share this post