• Follow Us on

Home အိႏၵိယ၏ခရီးသြားအမ်ားဆုံးလာေရာက္ရာ တာ့ဂ္်မဟာအေဆာက္အဦျပန္လည္ဖြင့္လွစ္

အိႏၵိယ၏ခရီးသြားအမ်ားဆုံးလာေရာက္ရာ တာ့ဂ္်မဟာအေဆာက္အဦျပန္လည္ဖြင့္လွစ္

Share this post

အက္ဂရာ၊ စက္တင္ဘာ ၂၁

အေမရိကန္ကိုေက်ာ္ၿပီး ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူကမာၻ႔အမ်ားဆုံးနိုင္ငံျဖစ္လာနိုင္သည့္အိႏၵိယနိုင္ငံတြင္ စီးပြားေရးပုံမွန္လည္ပတ္ေနေၾကာင္းျပသသည့္လကၡဏာအျဖစ္ တာ့ဂ္်မဟာအေဆာက္အဦးကို စက္တင္ဘာ ၂၁ ရက္ တနလၤာေန႕၌ ျပန္လည္ဖြင့္လွစ္လိုက္သည္။

လူဦးေရသန္း ၁၃၀၀ ေနထိုင္ၿပီး ကမာၻ႔လူဦးေရအထူထပ္ဆုံးၿမိဳ႕မ်ားရွိသည့္အိႏၵိယနိုင္ငံတြင္ COVID-19 အတည္ျပဳလူနာ ၅.၄ သန္းရွိၿပီး ေန႕စဥ္အတည္ျပဳလူနာ ၁ သိန္းႏွင့္ ေသဆုံးသူ ၁၀၀၀ ခန့္ေန႕စဥ္တိုးတက္ေနသည္။

ၿပီးခဲ့သည့္လမ်ားအတြင္း အိႏၵိယအစိုးရက ကန့္သတ္မႈမ်ားထပ္မံေျဖေလွ်ာ့ခဲ့ၿပီး ယခုတာ့ဂ္်မဟာကိုလည္း ျပန္လည္ဖြင့္လွစ္လိုက္ျခင္းျဖစ္သည္။

ၿမိဳ႕ေတာ္နယူးေဒလီေတာင္ဘက္မွ ကမာၻေက်ာ္ထုံးေက်ာက္ျဖဴဂူဗိမာန္သည္ အိႏၵိယ၏လူသိအမ်ားဆုံးခရီးသြားလာေရာက္ရာေနရာျဖစ္ၿပီး ႏွစ္စဥ္ လူ ၇ သန္းခန့္လာေရာက္ေလ့ရွိေသာ္လည္း မတ္လမွစတင္ပိတ္ထားသည္။

လူခ်င္းခပ္ခြာခြာေနရမည့္စည္းကမ္းမ်ားတင္းတင္းၾကပ္ၾကပ္သတ္မွတ္ထားၿပီး ပုံမွန္လာလည္သူအေရအတြက္၏ ၄ ပုံ ၁ ပုံခန့္ျဖစ္ေသာ လူ ၅၀၀၀ ခန့္ကိုသာ ၀င္ေရာက္ခြင့္ျပဳမည္ဟု အရာရွိမ်ားကေျပာသည္။

လက္မွတ္မ်ားကိုလည္း အြန္လိုင္းမွသာ၀ယ္ယူနိုင္မည္ျဖစ္သည္။
Ref : Taj Mahal reopens even as India COVID-19 cases soar

#PeopleMedia

[Unicode]
အိန္ဒိယ၏ခရီးသွားအများဆုံးလာရောက်ရာ တာ့ဂ်ျမဟာအဆောက်အဦပြန်လည်ဖွင့်လှစ်

အက်ဂရာ၊ စက်တင်ဘာ ၂၁

အမေရိကန်ကိုကျော်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူကမ္ဘာ့အများဆုံးနိုင်ငံဖြစ်လာနိုင်သည့်အိန္ဒိယနိုင်ငံတွင် စီးပွားရေးပုံမှန်လည်ပတ်နေကြောင်းပြသသည့်လက္ခဏာအဖြစ် တာ့ဂ်ျမဟာအဆောက်အဦးကို စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့၌ ပြန်လည်ဖွင့်လှစ်လိုက်သည်။

လူဦးရေသန်း ၁၃၀၀ နေထိုင်ပြီး ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့များရှိသည့်အိန္ဒိယနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၅.၄ သန်းရှိပြီး နေ့စဉ်အတည်ပြုလူနာ ၁ သိန်းနှင့် သေဆုံးသူ ၁၀၀၀ ခန့်နေ့စဉ်တိုးတက်နေသည်။

ပြီးခဲ့သည့်လများအတွင်း အိန္ဒိယအစိုးရက ကန့်သတ်မှုများထပ်မံဖြေလျှော့ခဲ့ပြီး ယခုတာ့ဂ်ျမဟာကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

မြို့တော်နယူးဒေလီတောင်ဘက်မှ ကမ္ဘာကျော်ထုံးကျောက်ဖြူဂူဗိမာန်သည် အိန္ဒိယ၏လူသိအများဆုံးခရီးသွားလာရောက်ရာနေရာဖြစ်ပြီး နှစ်စဉ် လူ ၇ သန်းခန့်လာရောက်လေ့ရှိသော်လည်း မတ်လမှစတင်ပိတ်ထားသည်။

လူချင်းခပ်ခွာခွာနေရမည့်စည်းကမ်းများတင်းတင်းကြပ်ကြပ်သတ်မှတ်ထားပြီး ပုံမှန်လာလည်သူအရေအတွက်၏ ၄ ပုံ ၁ ပုံခန့်ဖြစ်သော လူ ၅၀၀၀ ခန့်ကိုသာ ၀င်ရောက်ခွင့်ပြုမည်ဟု အရာရှိများကပြောသည်။

လက်မှတ်များကိုလည်း အွန်လိုင်းမှသာ၀ယ်ယူနိုင်မည်ဖြစ်သည်။
Ref : Taj Mahal reopens even as India COVID-19 cases soar

#PeopleMedia


Share this post