• Follow Us on

Home အိႏၵိယႏိုင္ငံက ကမၻာေပၚတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာ

အိႏၵိယႏိုင္ငံက ကမၻာေပၚတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာ

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၈

အိႏၵိယႏိုင္ငံ ကီရာလာျပည္နယ္ ဘ႑ာေရးဝန္ႀကီး ေဒါက္တာ တီအင္န္ေသာမတ္အိုက္ဆတ္တြင္ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး စမ္းသပ္ေတြ႕ရွိခဲ့သည္။

အနည္းငယ္ အေအးမိခဲ့သည့္ ေဒါက္တာ ေသာမတ္အိုက္ဆတ္ထံမွ ဓာတ္ခြဲနမူနာမ်ားရယူ၍ စစ္ေဆးရာ တြင္ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အသက္ ၆၇ ႏွစ္အရြယ္ ေဒါက္တာ ေသာမတ္အိုက္ဆတ္မွာ ဗိုင္းရပ္စ္ကူး စက္ခံရသည့္ ပထမဆုံးေသာ ျပည္နယ္အစိုးရအဖြဲ႕ဝင္ျဖစ္လာၿပီး ကုသမႈျပဳလုပ္ရန္ ေဆးေကာလိပ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။

ေဒါက္တာ ေသာမတ္အိုက္ဆတ္ႏွင့္ တိုက္႐ိုက္ ထိေတြ႕ခဲ့သူမ်ားကို သီးျခားခြဲေနရန္ တိုက္တြန္းခဲ့ၿပီး ၄င္း ၏႐ုံးကို ယေန႔ ပိုးသတ္ေဆးျဖန္းခဲ့သည္။

ကီရာလာျပည္နယ္တြင္ ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္ ၃၀၈၂ မႈႏွင့္ ေသဆုံးသူ ၁၀ ဦးရွိခဲ့ ရာ ယခုအခါ ပိုးရွိလူနာ စုစုေပါင္း ၂၂၆၇၆ ဦးအထိ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။

ယမန္ေန႔က ဗိုင္းရပ္စ္ကူးစက္ခံရ သူမ်ားတြင္ က်န္းမာေရးလုပ္သား ၅၀ ပါဝင္ခဲ့ၿပီး ေရာဂါေပ်ာက္ကင္း သူ ၂၁၉၆ ဦး အပါအဝင္ ပိုးကင္းစင္လူနာ ၆၄၇၅၅ ဦးအထိ ရွိလာခဲ့ေၾကာင္း ျပည္နယ္က်န္းမာေရးဝန္ႀကီး ေက ေကရွီလာက ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံတြင္ ယမန္ေန႔က ဗိုင္းရပ္စ္ကူးစက္လူနာ ၉၀၆၃၃ ဦး စံခ်ိန္တင္ ေတြ႕ရွိခဲ့ရာ ကမၻာေပၚတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ဒု တိယအျမင့္ဆုံးတိုင္းျပည္ ျဖစ္လာခဲ့သည္။

ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္လူနာ ၁၀၆၅ ဦး ေသဆုံးခဲ့ရာ ေသဆုံးသူစုစုေပါင္း ၇၀၆၂၆ ဦးအထိ ျမင့္တက္လာခဲ့သည္။

အိႏၵိယႏိုင္ငံ၌ ပိုးရွိလူနာ ၈၆၂၃၂၀ ဦးႏွင့္ ပိုးကင္းစင္လူနာ ၃၁၈၀၈၆၆ ဦးအပါအဝင္ ကူးစက္ လူနာ စုစုေပါင္း ၄၁၁၃၈၁၂ ဦး ရွိေနသည္။

ကိုးကာ – ပီတီအိုင္

Ref; Kerala Finance Minister tests positive for COVID-19

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယအမြင့်ဆုံးတိုင်းပြည် ဖြစ်လာ
………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၈

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ တီအင်န်သောမတ်အိုက်ဆတ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့သည်။

အနည်းငယ် အအေးမိခဲ့သည့် ဒေါက်တာ သောမတ်အိုက်ဆတ်ထံမှ ဓာတ်ခွဲနမူနာများရယူ၍ စစ်ဆေးရာ တွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသက် ၆၇ နှစ်အရွယ် ဒေါက်တာ သောမတ်အိုက်ဆတ်မှာ ဗိုင်းရပ်စ်ကူး စက်ခံရသည့် ပထမဆုံးသော ပြည်နယ်အစိုးရအဖွဲ့ဝင်ဖြစ်လာပြီး ကုသမှုပြုလုပ်ရန် ဆေးကောလိပ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

ဒေါက်တာ သောမတ်အိုက်ဆတ်နှင့် တိုက်ရိုက် ထိတွေ့ခဲ့သူများကို သီးခြားခွဲနေရန် တိုက်တွန်းခဲ့ပြီး ၄င်း ၏ရုံးကို ယနေ့ ပိုးသတ်ဆေးဖြန်းခဲ့သည်။

ကီရာလာပြည်နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၃၀၈၂ မှုနှင့် သေဆုံးသူ ၁၀ ဦးရှိခဲ့ ရာ ယခုအခါ ပိုးရှိလူနာ စုစုပေါင်း ၂၂၆၇၆ ဦးအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ယမန်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရ သူများတွင် ကျန်းမာရေးလုပ်သား ၅၀ ပါဝင်ခဲ့ပြီး ရောဂါပျောက်ကင်း သူ ၂၁၉၆ ဦး အပါအဝင် ပိုးကင်းစင်လူနာ ၆၄၇၅၅ ဦးအထိ ရှိလာခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဝန်ကြီး ကေ ကေရှီလာက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် ယမန်နေ့က ဗိုင်းရပ်စ်ကူးစက်လူနာ ၉၀၆၃၃ ဦး စံချိန်တင် တွေ့ရှိခဲ့ရာ ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု ဒု တိယအမြင့်ဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်လူနာ ၁၀၆၅ ဦး သေဆုံးခဲ့ရာ သေဆုံးသူစုစုပေါင်း ၇၀၆၂၆ ဦးအထိ မြင့်တက်လာခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ပိုးရှိလူနာ ၈၆၂၃၂၀ ဦးနှင့် ပိုးကင်းစင်လူနာ ၃၁၈၀၈၆၆ ဦးအပါအဝင် ကူးစက် လူနာ စုစုပေါင်း ၄၁၁၃၈၁၂ ဦး ရှိနေသည်။

ကိုးကာ – ပီတီအိုင်

Ref; Kerala Finance Minister tests positive for COVID-19

#PeopleMedia


Share this post