• Follow Us on

Home အိႏၵိယႏိုင္ငံက ကိုဗစ္-၁၉ ကာကြယ္ေဆးသုံးမ်ိဳး လက္ေတြ႕စမ္း သပ္ေနဟု ဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

အိႏၵိယႏိုင္ငံက ကိုဗစ္-၁၉ ကာကြယ္ေဆးသုံးမ်ိဳး လက္ေတြ႕စမ္း သပ္ေနဟု ဝန္ႀကီးခ်ဳပ္ မိုဒီ ေျပာ

Share this post

ႏိုင္ငံတကာ၊ ျသဂုတ္ ၁၅

အိႏၵိယႏိုင္ငံ၌ ကိုဗစ္-၁၉ ကာကြယ္ေဆးသုံးမ်ိဳး မတူညီေသာ စမ္းသပ္မႈအဆင့္မ်ား ေရာက္ရွိေနၿပီး အၿပီး သတ္ ထုတ္လုပ္ေသာအဆင့္ေရာက္ရွိပါက အိႏၵိယႏိုင္ငံက ကာကြယ္ေဆးမ်ား အစုလိုက္အၿပဳံလိုက္ ထုတ္လုပ္ သြားရန္ အေျခခံအေဆာက္အအုံမ်ား အဆင့္ျမႇင့္တင္မည္ဟု ဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီက ယေန႔ ေျပာၾကားလိုက္သည္။

ေဒလီၿမိဳ႕ေတာ္ရွိ သမိုင္းဝင္ေဆာက္အအုံျဖစ္သည့္ ခံတပ္နီမွ ၇၄ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အခမ္းအနားအျဖစ္ တိုင္းျပည္သို႔ မိန္႔ခြန္းေျပာၾကားရာတြင္ အိႏၵိယႏိုင္ငံအေနျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးတြင္ အ ႏိုင္ရရွိမည္ဟု ေမွ်ာ္လင့္ပါေၾကာင္း မိုဒီက ဆိုသည္။

“အခ်ိန္တိုအတြင္း အိႏၵိယႏိုင္ငံသားအားလုံး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးရရွိေရး ကြၽန္ေတာ္တို႔ရဲ႕ လမ္းၫႊန္ေျမပုံဟာ အသင့္ရွိေနပါၿပီ” ဟု လြတ္လပ္ေရးေန႔မိန္႔ခြန္းအတြင္း မိုဒီက ေျပာၾကားခဲ့သည္။

ကိုယ့္အားကိုယ္ကိုးသည့္ အိႏၵိယႏိုင္ငံအေနျဖင့္ အခ်ိန္လိုအပ္ေၾကာင္း၊ မၾကာမီ လက္ေတြ႕တစ္ခုအျဖစ္ ေျပာင္းလဲမည္ျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ မိုဒီက ဆိုသည္။

ႏိုင္ငံသားတိုင္းအား က်န္းမာေရးအသိအမွတ္ျပဳကတ္ျပား ထုတ္ေပးမည္ဟု မိုဒီက ေျပာၾကားခဲ့ၿပီး ဒစ္ဂ်စ္တယ္ က်န္းမာေရးမစ္ရွင္ကို ေၾကညာလိုက္သည္။

လာမည့္ ရက္ ၁၀၀၀ အတြင္း ေက်းရြာ ၆၀၀၀၀၀ ခန္႔အား ဆက္သြယ္မႈလုပ္ငန္းသုံးဖိုင္ဘာမွတစ္ဆင့္ ခ်ိတ္ဆက္ေပးမည္ဟု ၄င္းက ဆိုသည္။

အေမရိကန္ေဒၚလာ ၁၅ ဒသမ ၇ ဘီလီယံခန္႔ ရင္းႏွီးျမဳပ္ႏွံမႈျဖင့္ အမ်ိဳးသား အေျခခံအေဆာက္အအုံ ပိုက္လိုင္းစီမံကိန္းကို ေဆာင္ရြက္မည္ဟု မိုဒီက ေျပာၾကားခဲ့သည္။

ကိုးကား – ဆင္ဟြာ

Ref; 3 COVID-19 vaccines undergoing trials in India: PM Modi

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးမျိုး လက်တွေ့စမ်း သပ်နေဟု ဝန်ကြီးချုပ် မိုဒီ ပြော
…………………………………………………

နိုင်ငံတကာ၊ သြဂုတ် ၁၅

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးသုံးမျိုး မတူညီသော စမ်းသပ်မှုအဆင့်များ ရောက်ရှိနေပြီး အပြီး သတ် ထုတ်လုပ်သောအဆင့်ရောက်ရှိပါက အိန္ဒိယနိုင်ငံက ကာကွယ်ဆေးများ အစုလိုက်အပြုံလိုက် ထုတ်လုပ် သွားရန် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်မည်ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ယနေ့ ပြောကြားလိုက်သည်။

ဒေလီမြို့တော်ရှိ သမိုင်းဝင်ဆောက်အအုံဖြစ်သည့် ခံတပ်နီမှ ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအဖြစ် တိုင်းပြည်သို့ မိန့်ခွန်းပြောကြားရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် အ နိုင်ရရှိမည်ဟု မျှော်လင့်ပါကြောင်း မိုဒီက ဆိုသည်။

“အချိန်တိုအတွင်း အိန္ဒိယနိုင်ငံသားအားလုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိရေး ကျွန်တော်တို့ရဲ့ လမ်းညွှန်မြေပုံဟာ အသင့်ရှိနေပါပြီ” ဟု လွတ်လပ်ရေးနေ့မိန့်ခွန်းအတွင်း မိုဒီက ပြောကြားခဲ့သည်။

ကိုယ့်အားကိုယ်ကိုးသည့် အိန္ဒိယနိုင်ငံအနေဖြင့် အချိန်လိုအပ်ကြောင်း၊ မကြာမီ လက်တွေ့တစ်ခုအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ဆိုသည်။

နိုင်ငံသားတိုင်းအား ကျန်းမာရေးအသိအမှတ်ပြုကတ်ပြား ထုတ်ပေးမည်ဟု မိုဒီက ပြောကြားခဲ့ပြီး ဒစ်ဂျစ်တယ် ကျန်းမာရေးမစ်ရှင်ကို ကြေညာလိုက်သည်။

လာမည့် ရက် ၁၀၀၀ အတွင်း ကျေးရွာ ၆၀၀၀၀၀ ခန့်အား ဆက်သွယ်မှုလုပ်ငန်းသုံးဖိုင်ဘာမှတစ်ဆင့် ချိတ်ဆက်ပေးမည်ဟု ၄င်းက ဆိုသည်။

အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ ဘီလီယံခန့် ရင်းနှီးမြုပ်နှံမှုဖြင့် အမျိုးသား အခြေခံအဆောက်အအုံ ပိုက်လိုင်းစီမံကိန်းကို ဆောင်ရွက်မည်ဟု မိုဒီက ပြောကြားခဲ့သည်။

ကိုးကား – ဆင်ဟွာ

Ref; 3 COVID-19 vaccines undergoing trials in India: PM Modi

#PeopleMedia


Share this post