• Follow Us on

Home အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၆.၈၄ သန်းရှိနေ


Share this post

ဘင်ဂလူရု၊ အောက်တိုဘာ ၈







#Peoplemedia

(Unicode)
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၆.၈၄ သန်းရှိနေ
…………………………………………….

ဘင်ဂလူရု၊ အောက်တိုဘာ ၈

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၏ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၇၈၅၂၄ ယောက်ထပ်တိုးလာပြီး စုစုပေါင်း ၆.၈၄ သန်းရှိလာကြောင်း ကြာသပတေးနေ့မနက်ပိုင်းတွင် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန အချက်အလက်များအရသိရသည်။

သေဆုံးသူ ၉၇၁ ယောက်ထပ်တိုးလာသဖြင့် စုစုပေါင်း ၁၀၅၂၂၆ ယောက်ရှိလာကြောင်းလည်း သိရသည်။

စနေနေ့တွင် အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သိန်းပြည့်ခဲ့သည်။

ထို့ကြောင့် အိန္ဒိယသည် အမေရိကန်နှင့်ဘရာဇီးတို့နောက်ပိုင်း ထိုစံချိန်ကိုကျော်လွန်ခဲ့သည့် တတိယမြောက် နိုင်ငံဖြစ်လာပြီး ကပ်ရောဂါသည် အိန္ဒိယနိုင်ငံတွင်သက်သာနေသည့်လက္ခဏာမပြသေးချေ။

ပြီးခဲ့သည့်တပတ်တွင် အိန္ဒိယနိုင်ငံ၌ ကန့်သတ်မှုများထပ်မံဖြေလျှော့ခဲ့ပြီး ကျောင်းများနှင့်ရုပ်ရှင်ရုံများပြန်ဖွင့်ရန် ခွင့်ပြုခဲ့သည်။

Ref : India’s coronavirus infections rise to 6.84 million

#Peoplemedia


Share this post