• Follow Us on

Home အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစထိုးပေး

အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစထိုးပေး

Share this post

နယူးဒေလီ၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကမ္ဘာ့အကြီးဆုံးကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန်အားထုတ်နေသည့် အိန္ဒိယနိုင်ငံမှသန့်ရှင်းရေးဝန်ထမ်း တယောက်သည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမဆုံးထိုးခံရသူဖြစ်လာသည်။

နိုင်ငံသား သန်း ၁၃၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်ကို ဝန်ကြီးချုပ် နာရန်ဒ ရာ မိုဒီက စတင်မိတ်ဆက်ခဲ့သည်။

ပထမဆုံးဆေးထိုးခံရမည့်ရှေ့တန်းလုပ်သားများကို သူက ဂုဏ်ပြုခဲ့သည်။

အမေရိကန်နောက်တွင် အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်အများဆုံးကူးစက်ခံရသည့်ဒုတိယနိုင်ငံဖြစ်သည်။

အတည်ပြုထားသည့်ဆေး ၂ မျိုးဖြစ်သော ကိုဗီရှီးနှင့် ကိုဗက်ဆင်းတို့ကို ဆေးစမထိုးခင်နေ့များတွင် နိုင်ငံတဝန်း သို့ပို့ဆောင်ခဲ့သည်။

ပထမအကျော့အနေဖြင့် ကျန်းမာရေးဝန်ထမ်း ၁၀ သန်ခန့်ကို ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး သူတို့ နောက်တွင် ရဲများ၊ စစ်သားများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် အခြားရှေ့တန်းလုပ်သားများကို ထိုးပေးမည်ဖြစ်သည်။

Ref : Coronavirus vaccine India begins world’s biggest drive

#PeopleMedia

(unicode)
……………………………………








Ref : Coronavirus vaccine India begins world’s biggest drive

#PeopleMedia


Share this post