• Follow Us on

Home အိႏၵိယႏိုင္ငံမွ သင္တန္းတက္ေရာက္ၿပီး ျပန္လည္ေရာက္ရွိလာသည့္ တပ္မေတာ္သားမ်ားအနက္ ၁ ဦးတြင္ COVID-19 ေရာဂါပိုးထပ္မံေတြ႕ရွိ

အိႏၵိယႏိုင္ငံမွ သင္တန္းတက္ေရာက္ၿပီး ျပန္လည္ေရာက္ရွိလာသည့္ တပ္မေတာ္သားမ်ားအနက္ ၁ ဦးတြင္ COVID-19 ေရာဂါပိုးထပ္မံေတြ႕ရွိ

Share this post

ရန္ကုန္၊ ဇြန္ ၉

အိႏိၵယနိုင္ငံမွ သင္တန္းတက္ေရာက္ၿပီး ျပန္လည္ေရာက္ရွိလာသည့္ တပ္မေတာ္သားမ်ားအနက္ ၁ ဦးတြင္ Covid-19 ေရာဂါပိုးထပ္မံေတြ႕ရွိေၾကာင္း ဇြန္လ ၉ ရက္တြင္ တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

အိႏိၵယနိုင္ငံမွ သင္တန္းတက္ေရာက္ၿပီး ေမ ၂၄ ရက္တြင္ ျမန္မာ့အမ်ိဳးသားေလေၾကာင္းလိုင္ျဖင့္ ျပန္လည္ ေရာက္ရွိလာသည့္ တပ္မေတာ္သား ၁၈ ဦးအနက္ ၄ ဦးတြင္ Covid-19 ေရာဂါပိုးေတြရွိ၍ ကုသေပးလ်က္ရွိၿပီး ၎တို႔ႏွင့္ ဆက္စပ္ထိေတြ႕မႈရွိခဲ့သူမ်ားကိုလည္း ေရာဂါရွာေဖြေဖာ္ထုတ္ျခင္း၊ အသြားအလာ ကန္႔သတ္ေစာင့္ ၾကပ္ၾကည့္ရႈျခင္းမ်ား လုပ္ေဆာင္လ်က္ရွိေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားသည္။

ျမန္မာ့အမ်ိဳးသား ေလေၾကာင္းလိုင္ျဖင့္ ျပန္လည္ေရာက္ရွိလာသည့္ တပ္မေတာ္သား ၁၈ ဦးအား ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္နယ္ေျမတြင္ အသြားအလာကန္႔သတ္ထားၿပီး သီးျခားေစာင့္ၾကည့္ထားလ်က္ရွိကာ ၎တို႔ကို နွစ္ႀကိမ္စစ္ေဆးခဲ့ရာ အရာရွိစစ္သည္ ၁၈ ဦးအနက္ ၄ ဦးတြင္ေရာဂါပိုးေတြ႕ရွိေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔အျပင္ Qurantine ထားရွိသည့္ တပ္မေတာ္သားမ်ားအား ဇြန္လ ၈ ရက္တြင္ မဂၤလာဒံုၿမိဳ႕နယ္ရွိ၊ တပ္မ ေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀)၌ PCR (Polymerase Chain Reaction) နည္းျဖင့္ တတိယအႀကိ္မ္ ထပ္မံ စစ္ေဆးခဲ့ရာ အရာရွိ ၁ ဦးတြင္ ေရာဂါပိုးေတြ႕ရွိေၾကာင္းတပ္မေတာ္မွထုတ္ျပန္ထားသည္။

အဆိုပါေရာဂါပိုးေတြ႕ရွိသူ ၁ ဦးအား တပ္မေတာ္က COVID-19 ေရာဂါအထူးကုသရန္ ႀကိဳတင္စီစဥ္ထားသည့္ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီး(မဂၤလာဒုံ)သို႔ပို႔ေဆာင္၍ ကုသမႈခံယူေစလ်က္ရွိေၾကာင္းႏွင့္ ၎၏က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိေၾကာင္း တပ္မေတာ္မွ ထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ
……………………………………………………..

ရန်ကုန်၊ ဇွန် ၉

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သားများအနက် ၁ ဦးတွင် Covid-19 ရောဂါပိုးထပ်မံတွေ့ရှိကြောင်း ဇွန်လ ၉ ရက်တွင် တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက်ပြီး မေ ၂၄ ရက်တွင် မြန်မာ့အမျိုးသားလေကြောင်းလိုင်ဖြင့် ပြန်လည် ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအနက် ၄ ဦးတွင် Covid-19 ရောဂါပိုးတွေရှိ၍ ကုသပေးလျက်ရှိပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့် ကြပ်ကြည့်ရှုခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

မြန်မာ့အမျိုးသား လေကြောင်းလိုင်ဖြင့် ပြန်လည်ရောက်ရှိလာသည့် တပ်မတော်သား ၁၈ ဦးအား ရန်ကုန်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် အသွားအလာကန့်သတ်ထားပြီး သီးခြားစောင့်ကြည့်ထားလျက်ရှိကာ ၎င်းတို့ကို နှစ်ကြိမ်စစ်ဆေးခဲ့ရာ အရာရှိစစ်သည် ၁၈ ဦးအနက် ၄ ဦးတွင်ရောဂါပိုးတွေ့ရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် Qurantine ထားရှိသည့် တပ်မတော်သားများအား ဇွန်လ ၈ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ၊ တပ်မ တော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ PCR (Polymerase Chain Reaction) နည်းဖြင့် တတိယအကြိ်မ် ထပ်မံ စစ်ဆေးခဲ့ရာ အရာရှိ ၁ ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်းတပ်မတော်မှထုတ်ပြန်ထားသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူ ၁ ဦးအား တပ်မတော်က COVID-19 ရောဂါအထူးကုသရန် ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ပို့ဆောင်၍ ကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်း၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

#PeopleMedia


Share this post