• Follow Us on

Home အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘင်္ဂါလီ ၁၃ ယောက်ကို ဖမ်းဆီး

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ဘင်္ဂါလီ ၁၃ ယောက်ကို ဖမ်းဆီး

Share this post

နယူးဒေလီ၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယနပြည်နယ်တွင် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)မိသားစု ၅ စုမှ အနည်းဆုံး ၁၃ ယောက်ကို ဒေသရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒေသတွင်းဒုက္ခသည်စခန်း ခေါင်းဆောင်များက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

ဒေလီမြို့မှမိုင် ၆၀ ကျော်ဝေးသည့် နားခရိုင်တွင် ဒုက္ခသည် ၁၅၀၀ ခန့်က စခန်း ၂ ခုတွင်နေထိုင်ကြသည်။

ထိန်းသိမ်းခံရသူများထဲတွင် အမျိုးသမီး ၅ ယောက်နှင့် သက်ကြီးရွယ်အိုတယောက်ပါဝင်သည်ဟုလည်း ပြောသည်။

ဒုက္ခသည်များထုတ်ပြသည့်ရုပ်သံဖိုင်များတွင် ရဲများက စခန်းများကိုဝင်ရောက်စီးနင်းပြီး အထောက်အထား မပြနိုင်သူများကို တင်းတင်းမာမာဆက်ဆံနေသည်ကိုမြင်ရသည်။

ဥပဒေမဲ့ထိန်းသိမ်းခြင်းနှင့်တိုက်ခိုက်ခြင်းများကြောင့် ပြီးခဲ့သည့်နှစ်တွင် စခန်းများမှဒုက္ခသည် ၄၀၀ ကျော် ပျောက်ဆုံးသွားပြီး အများစုမှာ ညအမှောင်ထဲတွင် ကြောက်စိတ်ဖြင့်ထွက်ပြေးခြင်းဖြစ်ကြောင်းလည်း စခန်းခေါင်းဆောင်များကပြောသည်။

ကမ္ဘာ့ကပ်ရောဂါကြောင့် ဒုက္ခသည်အသိအမှတ်ပြုကတ်များထုတ်ပေးခြင်းကြန့်ကြာနေပြီး ထို့ကြောင့် နှိပ်စက်မှုများနှင့် တိုက်ခိုက်ခံရမှုများသည် ပုံမှန်ဖြစ်လာကြောင်းလည်းပြောသည်။

ထိုစီးနင်းမှုများသည် ဇန်နဝါရီ ၂၆ ရက်တွင်ကျရောက်မည့် နိုင်ငံတော်နေ့မတိုင်မီ ပုံမှန်စစ်ဆေးမှုများ ဖြစ်သည်ဟု ဒေသအာဏာပိုင်များကပြောသည်။

ပြီးခဲ့သည့်တပတ်တွင် အထောက်အထားမပြနိုင်သည့် ကလေးငယ် ၃ ယောက်အပါအဝင် ဘင်္ဂါလီ ၈ ယောက်ကို ဒေလီရဲတပ်ဖွဲ့ကထိန်းသိမ်းခဲ့သည်။

မြန်မာနိုင်ငံသို့ အိန္ဒိယအစိုးရကနယ်နှင်ခြင်းကိုရှောင်ရှားရန် နယ်စပ်ဖြတ်ကျော်ရမည့်အန္တရာယ်ရှိသော်လည်း အိန္ဒိယနိုင်ငံရှိဘင်္ဂါလီ ၃၀၀၀ ကျော်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ထွက်ပြေးခဲ့ကြောင်း ဘင်္ဂါလီလူငယ်ခေါင်းဆောင် အလီ ဂျိုဟာကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီများကို ကောင်းမွန်သည့်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားပေးမှုများ ရှိနေပြီး အသိုက်အဝန်းဝင်အများစုက နယ်နှင်ခံရခြင်းကိုကြောက်နေကြသည်ဟုလည်းပြောသည်။

မြန်မာနိုင်ငံမှဒုက္ခသည်တဝက်ခန့်ကို ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR က ဒုက္ခသည်အသိအမှတ် ပြုကတ်များထုတ်ပေးထားသော်လည်း အိန္ဒိယနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာပဋိညာဉ်တွင်လ က်မှတ်ထိုးထားခြင်းမရှိသဖြင့် ထိုကတ်များကို အသိအမှတ်မပြုချေ။

Ref : 13 Rohingya detained in northern India

#PeopleMedia

(unicode)
……………………………………..













Ref : 13 Rohingya detained in northern India

#PeopleMedia


Share this post