• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံပြည်တွင်းထုတ် LCA Mk1A တီဂျာစ်အပေါ့စားတိုက်လေယာဉ်အတွက် GE  အင်ဂျင်များကို ဟိန္ဒူစတန်လေကြောင်းလိမိတက်ဒ်က ရွေးချယ်

အိန္ဒိယနိုင်ငံပြည်တွင်းထုတ် LCA Mk1A တီဂျာစ်အပေါ့စားတိုက်လေယာဉ်အတွက် GE  အင်ဂျင်များကို ဟိန္ဒူစတန်လေကြောင်းလိမိတက်ဒ်က ရွေးချယ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉ (People Media)

 

အိန္ဒိယအစိုးရပိုင် ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ်သည်  အိန္ဒိယနိုင်ငံပြည်တွင်းထုတ် LCA Mk1A တီဂျာစ်အပေါ့စားတိုက်လေယာဉ်တွင်တပ်ဆင်ရန် F404-GE-IN20 အင်ဂျင်အတွက် ဒေါ်လာ ၇၁၆ သန်းတန် စာချုပ်ကို သြဂုတ်လ ၁၇ ရက်နေ့က GE Aviation ကုမ္ပဏီနှင့် ချုပ်ဆိုခဲ့သည်။

 

ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ်သည် GE Aviation ကုမ္ပဏီထံမှ လေယာဉ်အင်ဂျင် ၉၉ လုံးနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုများမှာယူခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။

 

“ဒါဟာ LCA Mk1A တီဂျာစ်အပေါ့စားတိုက်လေယာဉ်တွေအတွက် ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ် လုပ်ဆောင်ခဲ့တဲ့ အကြီးမားဆုံးစာချုပ်နဲ့ ဝယ်ယူမှုအမှာစာပါပဲ။” ဟု ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ် ၏ ဦးဆောင်ညွှန်ကြားရေးမှူး ရာမတ်ကရစ်ရှန် မက်ဒ်ဟာဗန်ကပြောသည်။

 

စာချုပ်တွင် အင်ဂျင်နှင့်ပတ်သက်သည့်နည်းပညာလွှဲပြောင်းမှုမပါဝင်သည့်အပြင် အင်ဂျင်လွှဲပြောင်းမှုများမှာ နှစ် နှစ်ကြာပြီးမှ စတင်လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ်မှ အမည်မဖော် လိုသည့် အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးကပြောသည်။

 

“ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ်နဲ့ ၁၆ နှစ်ကြာ မိတ်ဖက်အဖွဲ့အစည်းအ ဖြစ်ဆက်ဆံလာခဲ့တဲ့ အ တွက် GE Aviation ကုမ္ပဏီအနေနဲ့ ဂုဏ်ယူပါတယ်။ ၂၀၂၉ လောက်မှာ လေယာဉ်အင်ဂျင် ၉၉ လုံးနဲ့ ပို့ဆောင် လွှဲပြောင်းပေးပြီး ဝန်ဆောင်မှုတွေအားလုံးဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။” ဟု GE Aviation ကုမ္ပဏီ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရောင်းဌာန၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ခရစ်ဆာကပြောသည်။

 

ယခုနှစ်ဖေဖော်ဝါရီလအတွင်းက တီဂျာစ်အပေါ့စားတိုက်လေယာဉ် ၈၃ စင်းမှာယူမှုအတွက် အိန္ဒိယလေတပ်ထံ မှ ဒေါ်လာ ၆.၅ ဘီလျံတန်အမှာစာကို ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ်က ရရှိခဲ့သည်။

 

ပထမဦးဆုံးလေယာဉ် ၂ စင်းကို ၂၀၂၄ ခုနှစ်တွင်ပို့ဆောင်မည်ဖြစ်ပြီး နောက်ထပ် ၈ စင်းကို ၂၀၂၅ ခုနှစ်တွင် ပို့ ဆောင်သွားမည်ဖြစ်သည်။ ကျန်လေယာဉ်များကို (တစ်နှစ်လျှင် ၁၆ စင်းမှ ၁၈ စင်းအထိ) ၂၀၂၉ ခုနှစ်အထိ အ သုတ်လိုက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း ဟိန္ဒူစတန်လေကြောင်းကုမ္ပဏီလိမိတက်ဒ် အမှုဆောင်အရာရှိက ပြောသည်။

 

Ref: Hindustan Aeronautics chooses GE engine for India’s Tejas fighter

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Hindustan Aeronautics chooses GE engine for India’s Tejas fighter

 

#PeopleMedia


Share this post