• Follow Us on

Home အိႏၵိယႏိုင္ငံ၌ ငါးထပ္အေဆာက္အအုံ ၿပိဳက်မႈျဖစ္ပြားရာ တစ္ဦးေသ၊ ၁၇ ဦး ဒဏ္ရာရ၊ ၄၃ ဦး ပိတ္မိေန

အိႏၵိယႏိုင္ငံ၌ ငါးထပ္အေဆာက္အအုံ ၿပိဳက်မႈျဖစ္ပြားရာ တစ္ဦးေသ၊ ၁၇ ဦး ဒဏ္ရာရ၊ ၄၃ ဦး ပိတ္မိေန

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၂၅

အိႏၵိယႏိုင္ငံ မြမ္ဘိုင္းၿမိဳ႕ေတာ္မွ ကီလိုမီတာ ၁၇၀ ခန္႔အကြာ မာဟတ္ၿမိဳ႕၌ ယမန္ေန႔ညေနပိုင္းက ငါး ထပ္တိုက္တစ္လုံး ၿပိဳက်ခဲ့ရာ လူတစ္ဦး ေသဆုံးၿပီး ၁၇ ဦး ဒဏ္ရာရရွိကာ ၄၃ ဦး ပိတ္မိခဲ့သည္။

လူတစ္ဦး ေသဆုံးခဲ့ၿပီး ခုႏွစ္ဦးမွာ လက္ရွိတြင္ ေဆး႐ုံ၌ ေဆးကုသမႈခံယူေနကာ ပိတ္မိေနသူ ၄၃ ဦး ရွာ ေဖြမႈကို ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း ခ႐ိုင္ဒုတိယအႀကီးအကဲ ပတ္မာရွီရီဘိုင္နာဒီက ေဒသႏၲရ႐ုပ္သံဌာနတစ္ခု သို႔ ေျပာၾကားခဲ့သည္။

ပြန္းပဲ့ဒဏ္ရာမ်ားရရွိခဲ့သည့္ ၿပိဳက်အေဆာက္အအုံအနီးေန လူဆယ္ဦးကို ေရွးဦသူနာျပဳနည္းျဖင့္ ကုသ ေပးၿပီးေနာက္ ေဆး႐ုံမွဆင္းခြင့္ေပးခဲ့သည္။ အေဆာက္အအုံက ေျမျပင္ေပၚသို႔ၿပိဳက်ခ်ိန္ ႀကီးမားေသာေျမမႈန္မ်ား ျဖစ္ေပၚခဲ့ပုံကို ႐ုပ္သံျပကြက္မ်ားက ျပသခဲ့သည္။

အမ်ိဳးသား ေဘးအႏၲရာယ္တုံ႔ျပန္ေရးတပ္ဖြဲ႕ (NDRF) မွ အဖြဲ႕သုံးဖြဲ႕မွာ ေဒသႏၲရအစိုးရအဖြဲ႕ႏွင့္ပူးေပါင္း၍ အေဆာက္အအုံ ၿပိဳက်ရာေနရာ၌ ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိသည္။

အိႏၵိယျပည္ထဲေရးဝန္ႀကီး ေအမက္ရွားက အေဆာက္အအုံၿပိဳက်မႈကို ဝမ္းနည္းစရာျဖစ္ရပ္တစ္ခုအျဖစ္ ၫႊန္းဆိုခဲ့ၿပီး ျဖစ္ႏိုင္ဖြယ္ရာ အကူအညီအားလုံး ေဆာင္ရြက္ေပးရန္ ေဘးအႏၲရာယ္တုံ႔ျပန္ေရးတပ္ဖြဲ႕၏ ၫႊန္ၾကား ေရးမွဴးခ်ဳပ္ထံ ေျပာဆိုခဲ့သည္။

လူေပါင္း ၇၀ ဝန္းက်င္ ၿပိဳက်အေဆာက္အအုံအတြင္း ပိတ္မိေနခဲ့ေၾကာင္း ေဒသႏၲရအစိုးရအဖြဲ႕၏ အေစာ ပိုင္းခန္႔မွန္းခ်က္မ်ားအရ သိရသည္။

ကိုးကား – ဆင္ဟြာ

Ref; 1 killed, 17 injured, scores trapped in India’s building collapse

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံ၌ ငါးထပ်အဆောက်အအုံ ပြိုကျမှုဖြစ်ပွားရာ တစ်ဦးသေ၊ ၁၇ ဦး ဒဏ်ရာရ၊ ၄၃ ဦး ပိတ်မိနေ
………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၂၅

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တော်မှ ကီလိုမီတာ ၁၇၀ ခန့်အကွာ မာဟတ်မြို့၌ ယမန်နေ့ညနေပိုင်းက ငါး ထပ်တိုက်တစ်လုံး ပြိုကျခဲ့ရာ လူတစ်ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိကာ ၄၃ ဦး ပိတ်မိခဲ့သည်။

လူတစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦးမှာ လက်ရှိတွင် ဆေးရုံ၌ ဆေးကုသမှုခံယူနေကာ ပိတ်မိနေသူ ၄၃ ဦး ရှာ ဖွေမှုကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ခရိုင်ဒုတိယအကြီးအကဲ ပတ်မာရှီရီဘိုင်နာဒီက ဒေသန္တရရုပ်သံဌာနတစ်ခု သို့ ပြောကြားခဲ့သည်။

ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည့် ပြိုကျအဆောက်အအုံအနီးနေ လူဆယ်ဦးကို ရှေးဦသူနာပြုနည်းဖြင့် ကုသ ပေးပြီးနောက် ဆေးရုံမှဆင်းခွင့်ပေးခဲ့သည်။ အဆောက်အအုံက မြေပြင်ပေါ်သို့ပြိုကျချိန် ကြီးမားသောမြေမှုန်များ ဖြစ်ပေါ်ခဲ့ပုံကို ရုပ်သံပြကွက်များက ပြသခဲ့သည်။

အမျိုးသား ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) မှ အဖွဲ့သုံးဖွဲ့မှာ ဒေသန္တရအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ အဆောက်အအုံ ပြိုကျရာနေရာ၌ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယပြည်ထဲရေးဝန်ကြီး အေမက်ရှားက အဆောက်အအုံပြိုကျမှုကို ဝမ်းနည်းစရာဖြစ်ရပ်တစ်ခုအဖြစ် ညွှန်းဆိုခဲ့ပြီး ဖြစ်နိုင်ဖွယ်ရာ အကူအညီအားလုံး ဆောင်ရွက်ပေးရန် ဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့၏ ညွှန်ကြား ရေးမှူးချုပ်ထံ ပြောဆိုခဲ့သည်။

လူပေါင်း ၇၀ ဝန်းကျင် ပြိုကျအဆောက်အအုံအတွင်း ပိတ်မိနေခဲ့ကြောင်း ဒေသန္တရအစိုးရအဖွဲ့၏ အစော ပိုင်းခန့်မှန်းချက်များအရ သိရသည်။

ကိုးကား – ဆင်ဟွာ

Ref; 1 killed, 17 injured, scores trapped in India’s building collapse

#PeopleMedia


Share this post