• Follow Us on

Home အိႏၵိယႏိုင္ငံ၌ တစ္ရက္အတြင္း ဗိုင္းရပ္စ္ေၾကာင့္ လူ ၁၁၀၀ နီးပါး ေသဆုံးၿပီး ကူးစက္မႈ စံခ်ိန္တင္

အိႏၵိယႏိုင္ငံ၌ တစ္ရက္အတြင္း ဗိုင္းရပ္စ္ေၾကာင့္ လူ ၁၁၀၀ နီးပါး ေသဆုံးၿပီး ကူးစက္မႈ စံခ်ိန္တင္

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၁၉

အိႏၵိယႏိုင္ငံတြင္ ယေန႔ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မႈသစ္ ၆၄၅၃၁ ရွိခဲ့ရာ ေန႔အလိုက္ စံခ်ိန္တင္ ကူးစက္ မႈျဖစ္လာခဲ့ၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာ ကူးစက္မႈ စုစုေပါင္း ၂၇၆၇၂၇၃ မႈအထိ ရွိလာခဲ့ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့သည့္ အခ်က္အလက္မ်ားအရ သိရသည္။

အိႏၵိယႏိုင္ငံ၌ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူနာ ၁၀၉၂ ဦး ထပ္မံေသဆုံးခဲ့ရာ ေသဆုံးသူဦးေရ ၅၂၈၈၉ ဦးအထိ ျမင့္တက္လာခဲ့သည္။

အိႏၵိယႏိုင္ငံတစ္ဝန္း ဗိုင္းရပ္စ္ပိုးရွိလူနာ ၆၇၆၅၁၄ ဦး၊ ပိုးကင္းစင္ၿပီး ေဆး႐ုံမွဆင္းသူ ၂၀၃၇၈၇၀ ဦးရွိ ေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ သီတင္းပတ္ငါးပတ္အတြင္း အိႏၵိယအစိုးရက ကို႐ိုနာဗိုင္းရပ္စ္ စမ္းသပ္မႈမ်ား တိုးျမႇင့္လုပ္ ေဆာင္ရန္ အေလးထားေဆာင္ရြက္ခဲ့သည္။

ျသဂုတ္လ ၁၈ ရက္အထိ ဗိုင္းရပ္စ္စမ္းသပ္မႈ ၃၁၇၄၂၇၈၂ ႀကိမ္ လုပ္ေဆာင္ခဲ့ၿပီး ယမန္ေန႔တစ္ရက္အ တြင္း ဗိုင္းရပ္စ္စမ္းသပ္မႈ ၈၀၁၅၁၈ ႀကိမ္ လုပ္ေဆာင္ခဲ့ေၾကာင္း အိႏၵိယ ေဆးဘက္ဆိုင္ရာသုေတသနေကာင္စီ (ICMR) ၏ အခ်က္အလက္မ်ားအရ သိရသည္။

ကိုးကား – ဆင္ဟြာ

Ref; India records single day spike of 64,531 Covid-19 cases, 1,092 deaths

#PeopleMedia

(unicode)
အိန္ဒိယနိုင်ငံ၌ တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် လူ ၁၁၀၀ နီးပါး သေဆုံးပြီး ကူးစက်မှု စံချိန်တင်
………………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၁၉

အိန္ဒိယနိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသစ် ၆၄၅၃၁ ရှိခဲ့ရာ နေ့အလိုက် စံချိန်တင် ကူးစက် မှုဖြစ်လာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ကူးစက်မှု စုစုပေါင်း ၂၇၆၇၂၇၃ မှုအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူနာ ၁၀၉၂ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူဦးရေ ၅၂၈၈၉ ဦးအထိ မြင့်တက်လာခဲ့သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ပိုးရှိလူနာ ၆၇၆၅၁၄ ဦး၊ ပိုးကင်းစင်ပြီး ဆေးရုံမှဆင်းသူ ၂၀၃၇၈၇၀ ဦးရှိ ကြောင်း သိရသည်။

ပြီးခဲ့သော သီတင်းပတ်ငါးပတ်အတွင်း အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများ တိုးမြှင့်လုပ် ဆောင်ရန် အလေးထားဆောင်ရွက်ခဲ့သည်။

သြဂုတ်လ ၁၈ ရက်အထိ ဗိုင်းရပ်စ်စမ်းသပ်မှု ၃၁၇၄၂၇၈၂ ကြိမ် လုပ်ဆောင်ခဲ့ပြီး ယမန်နေ့တစ်ရက်အ တွင်း ဗိုင်းရပ်စ်စမ်းသပ်မှု ၈၀၁၅၁၈ ကြိမ် လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယ ဆေးဘက်ဆိုင်ရာသုတေသနကောင်စီ (ICMR) ၏ အချက်အလက်များအရ သိရသည်။

ကိုးကား – ဆင်ဟွာ

Ref; India records single day spike of 64,531 Covid-19 cases, 1,092 deaths

#PeopleMedia


Share this post