• Follow Us on

Home အိႏၵိယႏုိင္ငံသားဥပေဒသစ္ကို ကန္႔ကြက္ဆႏၵျပမႈတြင္ လူ ၃ ဦးေသဆံုး၊ ေထာင္နဲ႔ခ်ီ ဖမ္းဆီးခံရ

အိႏၵိယႏုိင္ငံသားဥပေဒသစ္ကို ကန္႔ကြက္ဆႏၵျပမႈတြင္ လူ ၃ ဦးေသဆံုး၊ ေထာင္နဲ႔ခ်ီ ဖမ္းဆီးခံရ

Share this post

အိႏၵိယႏုိင္ငံမွာ ႏုိင္ငံသားဥပေဒသစ္ကို ဆႏၵျပမႈေတြအတြင္း လူ ၃ ဦးေသဆံုးခဲ့ၿပီး ဆႏၵျပသူ ေထာင္နဲ႔ခ်ီ ဖမ္းဆီး ခံထားရပါတယ္။

ႏုိင္ငံသားဥပေဒသစ္ ဆႏၵျပမႈကို ေဒလီၿမိဳ႕ေတာ္က ေနရာတခ်ိဳ႕နဲ႔ ဥတာပရာေဒ့ရွ္ျပည္နယ္၊ ကာနာတာက ျပည္နယ္တို႔မွာ သက္ဆိုင္ရာအာဏာပိုင္ေတြက တားျမစ္ထားပါတယ္။

ဥပေဒသစ္ျပင္ဆင္ခ်က္မွာေတာ့ မူဆလင္မဟုတ္တဲ့ ႏိုင္ငံတြင္း တရားမ၀င္ေနထိုင္သူေတြကို ႏုိင္ငံသားခံယူခြင့္ ျပဳထားပါတယ္။

ေသဆံုးသူ ၂ ဦးဟာ မန္ဂါလာၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ လံုၿခံဳေရးတပ္ဖြဲ႕၀င္ေတြၾကား အဓိက႐ုဏ္းျဖစ္ပြားစဥ္ လံု ၿခံဳေရးအရာရွိေတြရဲ႕ ပစ္ခတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဆႏၵျပသူေတြဟာ ရဲစခန္းကို မီးရႈိ႕ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အခုလိုပစ္ခတ္မႈျဖစ္ပြားခဲ့တာပါ။ ေနာက္တစ္ဦးက လက္ခ္ေနာင္းၿမိဳ႕မွာ ရဲနဲ႔ ဆႏၵျပသူေတြၾကား ပဋိပကၡျဖစ္ပြားစဥ္ ေသဆံုးခဲ့တာျဖစ္ပါတယ္။ ဆႏၵျပသူတခ်ိဳ႕ဟာ ကားေတြကို မီးရႈိ႕ဖ်က္ဆီးခဲ့ၾကတယ္လို႔သိရပါတယ္။

Ref; Reuters

#PeopleMedia

(Unicode)
အိန္ဒိယနိုင်ငံသားဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြမှုတွင် လူ ၃ ဦးသေဆုံး၊ ထောင်နဲ့ချီ ဖမ်းဆီးခံရ
………………………………………………………………

အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဥပဒေသစ်ကို ဆန္ဒပြမှုတွေအတွင်း လူ ၃ ဦးသေဆုံးခဲ့ပြီး ဆန္ဒပြသူ ထောင်နဲ့ချီ ဖမ်းဆီး ခံထားရပါတယ်။

နိုင်ငံသားဥပဒေသစ် ဆန္ဒပြမှုကို ဒေလီမြို့တော်က နေရာတချို့နဲ့ ဥတာပရာဒေ့ရှ်ပြည်နယ်၊ ကာနာတာက ပြည်နယ်တို့မှာ သက်ဆိုင်ရာအာဏာပိုင်တွေက တားမြစ်ထားပါတယ်။

ဥပဒေသစ်ပြင်ဆင်ချက်မှာတော့ မူဆလင်မဟုတ်တဲ့ နိုင်ငံတွင်း တရားမဝင်နေထိုင်သူတွေကို နိုင်ငံသားခံယူခွင့် ပြုထားပါတယ်။

သေဆုံးသူ ၂ ဦးဟာ မန်ဂါလာမြို့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းဖြစ်ပွားစဉ် လုံ ခြုံရေးအရာရှိတွေရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ ရဲစခန်းကို မီးရှို့ဖို့ ကြိုးစားခဲ့တာကြောင့် အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ နောက်တစ်ဦးက လက်ခ်နောင်းမြို့မှာ ရဲနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခဖြစ်ပွားစဉ် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတချို့ဟာ ကားတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့သိရပါတယ်။

Ref; Reuters

#PeopleMedia


Share this post