• Follow Us on

Home အိႏၵိယႏွင့္ ေတာင္တန္းေဒသတြင္ ထိပ္တိုက္ေတြ႕ဆံုေနခ်ိန္ ဗံုးက်ဲေလယာဥ္ႏွင့္ခ႐ုဇ္ဒံုးပ်ံမ်ား တ႐ုတ္ထုတ္ျပ

အိႏၵိယႏွင့္ ေတာင္တန္းေဒသတြင္ ထိပ္တိုက္ေတြ႕ဆံုေနခ်ိန္ ဗံုးက်ဲေလယာဥ္ႏွင့္ခ႐ုဇ္ဒံုးပ်ံမ်ား တ႐ုတ္ထုတ္ျပ

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၄

တ႐ုတ္ေလတပ္က ႏိုင္ငံအေနာက္ဘက္စြန္း႐ွိေလတပ္စခန္းတစ္ခုတြင္ ဗံုးက်ဲေလယာဥ္မ်ားတပ္စြဲထားၿပီး ဟိမ၀ႏၲာေတာင္တန္းမွပိုင္နက္အျငင္းပြားတ႐ုတ္-အိႏၵိယနယ္စပ္တစ္ေလွ်ာက္ အိႏၵိယတပ္ဖြဲ႔မ်ားကို တိုက္ခိုက္ႏိုင္သည့္အကြာအေ၀းအတြင္း ေလယာဥ္မ်ားကို ေနရာခ်ထားသည္။

သို႔ေသာ္အေျခအေနမ်ားသည္ ဗံုးက်ဲေလယာဥ္မ်ားႏွင့္အမႈထမ္းမ်ားအတြက္ ခက္ခဲမည္မွာ သံသယျဖစ္စရာ မလိုေပ။

႐ွင္ဂ်န္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွကတ္႐ွ္ဂါေလဆိပ္တြင္ H-6 ဗံုးက်ဲေလယာဥ္ ၆ စင္း ႐ွိေနေၾကာင္း ၿဂိဳဟ္တုဓာတ္ပံုမ်ားအရေတြ႕ရသည္။

H-6 သည္ ဆိုဗီယက္လုပ္ Tu-16 အင္ဂ်င္ ၂ လံုးတပ္အေသးစားဗံုးက်ဲေလယာဥ္ကို တ႐ုတ္၏အဆင့္ႁမွင့္ ပံုစံျဖစ္ၿပီး အာ႐ံုခံစနစ္အသစ္မ်ား၊ ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာအီလက္ထေရာနစ္ပစၥည္းမ်ား၊ အင္ဂ်င္မ်ားႏွင့္ လက္နက္မ်ားအဆင့္ႁမွင့္ထားသည္။

ကတ္႐ွ္ဂါသည္ တ႐ုတ္ႏွင့္အိႏိၵယတပ္ဖြဲ႔မ်ားကိုနယ္ေျမသတ္မွတ္ေပးထားသည့္လာဒါ့ေဒသမွ မိုင္ ၅၀၀ အကြာ တြင္႐ွိသည္။

မည္သည့္အခ်ိန္တြင္ H-6 မ်ား ကတ္႐ွ္ဂါသို႔ေရာက္လာေၾကာင္း မသဲကြဲေသးေသာ္လည္း ၿဂိဳဟ္တုပံုရိပ္ေပၚ မွရက္စြဲမ်ားအရ ဇူလိုင္တြင္ျဖစ္ႏိုင္ေခ်႐ွိသည္။

ဇြန္လအေစာပိုင္းတြင္ လာဒါ့ေဒသမွ ႏွစ္ႏိုင္ငံနယ္စပ္မ်ဥ္းတြင္ တ႐ုတ္ႏွင့္အိႏၵိယစစ္သားမ်ားထိေတြ႕မႈျဖစ္ပြား ၿပီးေနာက္ အိႏိၵယစစ္သားအေယာက္ ၂၀ ေသဆံုးခဲ့သလို တ႐ုတ္စစ္သား ၄၃ ေယာက္ဒဏ္ရာရခဲ့ေၾကာင္း သတင္းမ်ားတြင္ေဖာ္ျပသည္။

ထိေတြ႕မႈမ်ားဆက္ျဖစ္ေနခ်ိန္ ႏွစ္ႏိုင္ငံစစ္ေလယာဥ္မ်ားႏွင့္ရဟတ္ယာဥ္မ်ား နယ္စပ္တြင္ ကင္းလွည့္ေနၾကၿပီး အိႏၵိယႏိုင္ငံကလည္း Su-30၊ MiG-29 ႏွင့္ MiG-29K တိုက္ေလယာဥ္မ်ားပို႔ထားသလို တ႐ုတ္ႏိုင္ငံကလည္း J-16 တိုက္ေလယာဥ္မ်ားႏွင့္ H-6 ဗံုးက်ဲေလယာဥ္မ်ားပို႔ထားသည္။

ေလေၾကာင္းပ်ံသန္းမႈဆိုင္ရာကၽြမ္းက်င္သူအန္ဒရီယာ့ ႐ူပရတ္က ဗံုးက်ဲေလယာဥ္မ်ားတြင္ KD-63 ေျမျပ င္တိုက္ခိုက္ေရးခ႐ုဇ္ဒံုးပ်ံမ်ားတပ္ဆင္ထားေၾကာင္းေျပာၿပီး ထိုဒံုးပ်ံမ်ားသည္ ၁၂၅ မိုင္၀န္းက်င္ခန္႔သြားႏိုင္သည္။

ထိုနယ္စပ္သည္ ပင္လယ္ေရမ်က္ႏွာျပင္ထက္ ေပ ၄၀၀၀ ေက်ာ္ျမင့္ၿပီး ေလထုပါးလႊာသျဖင့္ ေလေၾကာင္း တိုက္ခိုက္ေရးစစ္ဆင္ေရးမ်ားအတြက္ စံႏႈန္းေအာက္တြင္႐ွိေနသည့္ေနရာျဖစ္သည္။

Ref : As Mountain Standoff With India Continues, China Stages Bombers And Cruise Missiles

#PeopleMedia

(Unicode)
အိန္ဒိယနှင့် တောင်တန်းဒေသတွင် ထိပ်တိုက်တွေ့ဆုံနေချိန် ဗုံးကျဲလေယာဉ်နှင့်ခရုဇ်ဒုံးပျံများ တရုတ်ထုတ်ပြ
……………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၄

တရုတ်လေတပ်က နိုင်ငံအနောက်ဘက်စွန်းရှိလေတပ်စခန်းတစ်ခုတွင် ဗုံးကျဲလေယာဉ်များတပ်စွဲထားပြီး ဟိမဝန္တာတောင်တန်းမှပိုင်နက်အငြင်းပွားတရုတ်-အိန္ဒိယနယ်စပ်တစ်လျှောက် အိန္ဒိယတပ်ဖွဲ့များကို တိုက်ခိုက်နိုင်သည့်အကွာအဝေးအတွင်း လေယာဉ်များကို နေရာချထားသည်။

သို့သော်အခြေအနေများသည် ဗုံးကျဲလေယာဉ်များနှင့်အမှုထမ်းများအတွက် ခက်ခဲမည်မှာ သံသယဖြစ်စရာ မလိုပေ။

ရှင်ဂျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှကတ်ရှ်ဂါလေဆိပ်တွင် H-6 ဗုံးကျဲလေယာဉ် ၆ စင်း ရှိနေကြောင်း ဂြိုဟ်တုဓာတ်ပုံများအရတွေ့ရသည်။

H-6 သည် ဆိုဗီယက်လုပ် Tu-16 အင်ဂျင် ၂ လုံးတပ်အသေးစားဗုံးကျဲလေယာဉ်ကို တရုတ်၏အဆင့်မြှင့် ပုံစံဖြစ်ပြီး အာရုံခံစနစ်အသစ်များ၊ လေကြောင်းပျံသန်းမှုဆိုင်ရာအီလက်ထရောနစ်ပစ္စည်းများ၊ အင်ဂျင်များနှင့် လက်နက်များအဆင့်မြှင့်ထားသည်။

ကတ်ရှ်ဂါသည် တရုတ်နှင့်အိန္ဒိယတပ်ဖွဲ့များကိုနယ်မြေသတ်မှတ်ပေးထားသည့်လာဒါ့ဒေသမှ မိုင် ၅၀၀ အကွာ တွင်ရှိသည်။

မည်သည့်အချိန်တွင် H-6 များ ကတ်ရှ်ဂါသို့ရောက်လာကြောင်း မသဲကွဲသေးသော်လည်း ဂြိုဟ်တုပုံရိပ်ပေါ် မှရက်စွဲများအရ ဇူလိုင်တွင်ဖြစ်နိုင်ချေရှိသည်။

ဇွန်လအစောပိုင်းတွင် လာဒါ့ဒေသမှ နှစ်နိုင်ငံနယ်စပ်မျဉ်းတွင် တရုတ်နှင့်အိန္ဒိယစစ်သားများထိတွေ့မှုဖြစ်ပွား ပြီးနောက် အိန္ဒိယစစ်သားအယောက် ၂၀ သေဆုံးခဲ့သလို တရုတ်စစ်သား ၄၃ ယောက်ဒဏ်ရာရခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။

ထိတွေ့မှုများဆက်ဖြစ်နေချိန် နှစ်နိုင်ငံစစ်လေယာဉ်များနှင့်ရဟတ်ယာဉ်များ နယ်စပ်တွင် ကင်းလှည့်နေကြပြီး အိန္ဒိယနိုင်ငံကလည်း Su-30၊ MiG-29 နှင့် MiG-29K တိုက်လေယာဉ်များပို့ထားသလို တရုတ်နိုင်ငံကလည်း J-16 တိုက်လေယာဉ်များနှင့် H-6 ဗုံးကျဲလေယာဉ်များပို့ထားသည်။

လေကြောင်းပျံသန်းမှုဆိုင်ရာကျွမ်းကျင်သူအန်ဒရီယာ့ ရူပရတ်က ဗုံးကျဲလေယာဉ်များတွင် KD-63 မြေပြ င်တိုက်ခိုက်ရေးခရုဇ်ဒုံးပျံများတပ်ဆင်ထားကြောင်းပြောပြီး ထိုဒုံးပျံများသည် ၁၂၅ မိုင်ဝန်းကျင်ခန့်သွားနိုင်သည်။

ထိုနယ်စပ်သည် ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၀၀၀ ကျော်မြင့်ပြီး လေထုပါးလွှာသဖြင့် လေကြောင်း တိုက်ခိုက်ရေးစစ်ဆင်ရေးများအတွက် စံနှုန်းအောက်တွင်ရှိနေသည့်နေရာဖြစ်သည်။

Ref : As Mountain Standoff With India Continues, China Stages Bombers And Cruise Missiles

#PeopleMedia


Share this post