• Follow Us on

Home အိႏၵိယ ဒုတိယသမၼတ အမ္ဗန္ကိုင္ယာနိုင္ဒူတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိ

အိႏၵိယ ဒုတိယသမၼတ အမ္ဗန္ကိုင္ယာနိုင္ဒူတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိ

Share this post

နိုင္ငံတကာ၊ စက္တင္ဘာ ၃၀
အိႏၵိယ ဒုတိယသမၼတ အမ္ဗန္ကိုင္ယာနိုင္ဒူတြင္ ကိုဗစ္-၁၉ ေရာဂါ စမ္းသပ္ေတြ႕ရွိခဲ့ေၾကာင္း ဒုတိယ သမၼတ႐ုံးက ေျပာၾကားခဲ့သည္။ ဒုသမၼတ နိုင္ဒူက ကိုဗစ္-၁၉ ေရာဂါ ပုံမွန္စစ္ေဆးမႈတစ္ရပ္ လုပ္ေဆာင္ခဲ့ဟု တာ ဝန္ရွိသူမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။
ယမန္ေန႔နံနက္ပိုင္းတြင္ ဒုတိယသမၼတ နိုင္ဒူက ကိုဗစ္-၁၉ ေရာဂါ စစ္ေဆးမႈတစ္ရပ္ ျပဳလုပ္ခဲ့ရာ ဗိုင္း ရပ္စ္ပိုး ေတြ႕ရွိခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ေရာဂါလကၡဏာမျပဘဲ က်န္းမာေရးေကာင္းမြန္ေၾကာင္း၊ ေနအိမ္၌ သီး ျခားခြဲေနရန္ အႀကံျပဳခဲ့ေၾကာင္း၊ ၄င္း၏ဇနီးျဖစ္သူတြင္ ဗိုင္းရပ္စ္ပိုး မေတြ႕ရွိခဲ့ေသာ္လည္း သီးျခားခြဲေနလ်က္ရွိ ေၾကာင္း ဒုတိယသမၼတ႐ုံးက လူမႈကြန္ရက္၌တင္ခဲ့သည့္ ထုတ္ျပန္ခ်က္တစ္ရပ္က ဆိုသည္။
ရာဂ်ာဆာဘာေခၚ အိႏၵိယအထက္လႊတ္ေတာ္ဥကၠဌလည္းျဖစ္လည္း အသက္ ၇၁ ႏွစ္အရြယ္ ဒုတိယ သမၼတ နိုင္ဒူသည္ မၾကာေသးမီက လႊတ္ေတာ္အစည္းအေဝး တက္ေရာက္ခဲ့ေသးသည္။
လႊတ္ေတာ္အမတ္ ၂၅ ဦးတြင္ ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိၿပီးေနာက္ အိႏၵိယလႊတ္ေတာ္အစည္းအေဝး မ်ားကို တစ္ပတ္ေလၽွာ့ခဲ့သည္။ ၿပီးခဲ့သည့္အပတ္အတြင္း အိႏၵိယ အငယ္တန္းမီးရထားလုပ္ငန္းဝန္ႀကီး ဆူရက္ အန္ဂါဒီမွာ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ကြယ္လြန္ခဲ့သည္။
အိႏၵိယနိုင္ငံမွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ဆိုးရြားစြာ ရင္ဆိုင္ေနရေသာတိုင္းျပည္ျဖစ္သည္။ အိႏၵိယနိုင္ငံတြင္ ယေန႔ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၉၇၄၉၇ ဦးအပါအဝင္ အတည္ျပဳကူးစက္မႈ ၆ ဒသမ ၂၃ သန္းအထိ ရွိ လာခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာၾကားသည္။
တစ္ကမၻာလုံးအတိုင္းအတာအရ အိႏၵိယနိုင္ငံက အေမရိကန္နိုင္ငံၿပီးလ်င္ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ေဘး ဒုတိယေျမာက္ အဆိုးရြားဆုံးၾကဳံေတြ႕ေနရသည့္တိုင္းျပည္ျဖစ္သည္။
–ကိုးကား–
ဆင္ဟြာ
Ref; Indian Vice President Naidu tests positive for COVID-19

(unicode)

အိန္ဒိယ ဒုတိယသမ္မတ အမ်ဗန်ကိုင်ယာနိုင်ဒူတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀
အိန္ဒိယ ဒုတိယသမ္မတ အမ်ဗန်ကိုင်ယာနိုင်ဒူတွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်တွေ့ရှိခဲ့ကြောင်း ဒုတိယ သမ္မတရုံးက ပြောကြားခဲ့သည်။ ဒုသမ္မတ နိုင်ဒူက ကိုဗစ်-၁၉ ရောဂါ ပုံမှန်စစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ခဲ့ဟု တာ ဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ နိုင်ဒူက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့ရာ ဗိုင်း ရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း၊ သို့သော်လည်း ရောဂါလက္ခဏာမပြဘဲ ကျန်းမာရေးကောင်းမွန်ကြောင်း၊ နေအိမ်၌ သီး ခြားခွဲနေရန် အကြံပြုခဲ့ကြောင်း၊ ၄င်း၏ဇနီးဖြစ်သူတွင် ဗိုင်းရပ်စ်ပိုး မတွေ့ရှိခဲ့သော်လည်း သီးခြားခွဲနေလျက်ရှိ ကြောင်း ဒုတိယသမ္မတရုံးက လူမှုကွန်ရက်၌တင်ခဲ့သည့် ထုတ်ပြန်ချက်တစ်ရပ်က ဆိုသည်။
ရာဂျာဆာဘာခေါ် အိန္ဒိယအထက်လွှတ်တော်ဥက္ကဌလည်းဖြစ်လည်း အသက် ၇၁ နှစ်အရွယ် ဒုတိယ သမ္မတ နိုင်ဒူသည် မကြာသေးမီက လွှတ်တော်အစည်းအဝေး တက်ရောက်ခဲ့သေးသည်။
လွှတ်တော်အမတ် ၂၅ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် အိန္ဒိယလွှတ်တော်အစည်းအဝေး များကို တစ်ပတ်လျှော့ခဲ့သည်။ ပြီးခဲ့သည့်အပတ်အတွင်း အိန္ဒိယ အငယ်တန်းမီးရထားလုပ်ငန်းဝန်ကြီး ဆူရက် အန်ဂါဒီမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးရွားစွာ ရင်ဆိုင်နေရသောတိုင်းပြည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၇၄၉၇ ဦးအပါအဝင် အတည်ပြုကူးစက်မှု ၆ ဒသမ ၂၃ သန်းအထိ ရှိ လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအရ အိန္ဒိယနိုင်ငံက အမေရိကန်နိုင်ငံပြီးလျင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဘေး ဒုတိယမြောက် အဆိုးရွားဆုံးကြုံတွေ့နေရသည့်တိုင်းပြည်ဖြစ်သည်။
–ကိုးကား–
ဆင်ဟွာ
Ref; Indian Vice President Naidu tests positive for COVID-19


Share this post