• Follow Us on

Home အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh, PVSM, AVSM, ADC ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိ၊ျမန္မာ့ စစ္ သေဘၤာမ်ားကို ေလ့လာ

အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh, PVSM, AVSM, ADC ဦးေဆာင္ေသာ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိ၊ျမန္မာ့ စစ္ သေဘၤာမ်ားကို ေလ့လာ

Share this post

စစ္ေတြ၊ေဖေဖာ္ဝါရီ ၁၇

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္သို႔ ခ်စ္ၾကည္ေရးခရီး လည္ပတ္ရန္အတြက္ အိႏၵိယ ေရတပ္ဦးစီးခ်ဳပ္ Admiral Karambir Singh, PVSM, AVSM, ADCဦးေဆာင္ေသာ ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႔ ေလေၾကာင္းခရီးျဖင့္ ေရာက္ရွိလာရာ ပမၼဝတီ ေရတပ္စခန္းဌာနခ်ဳပ္၊ ဌာနခ်ဳပ္မွဴး ဗိုလ္မွဴးခ်ဳပ္ေက်ာ္ေရႊထြန္းႏွင့္ တပ္မေတာ္(ေရ)မွ အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယ ေရတပ္ စစ္သံမွဴး Captain Pras-hanth Mohananႏွင့္တာဝန္ရွိသူမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၌ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

ဦးစြာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ သန္လ်င္တပ္နယ္ရွိ ေရတပ္ေလ့က်င့္ ေရးဌာနခ်ဳပ္သို႔ ေရာက္ရွိၾကရာ ဌာနခ်ဳပ္မွဴးႏွင့္တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ ေရတပ္ေလ့က်င့္ေရး ဌာန ခ်ဳပ္၏ ေလ့က်င့္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား ရွင္းလင္းျပသခဲ့ၾကၿပီး အထိမ္းအမွတ္ တံဆိပ္မ်ား အျပန္အလွန္ လဲလွယ္ၾကသည္။ ယင္းေနာက္ အိႏၵိယေရတပ္ ဦးစီးခ်ဳပ္မွ ဧည့္သည္ေတာ္ မွတ္တမ္းတြင္ လက္မွတ္ေရးထိုးခဲ့ၿပီး ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္၏ ေလ့က်င့္ေရးဆိုင္ရာ ကိစၥရပ္မ်ားအားရွင္းလင္းျပသ ၾကသည္။ ထို႔ေနာက္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ သမိုင္းဝင္ စစ္ေရယာဉ္(ေမယု)သို႔ သြားေရာက္ ေလ့လာခဲ့ၾကသည္။

ဆက္လက္ၿပီး ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ေရတပ္သေဘၤာက်င္း ဌာနခ်ဳပ္သို႔ ေရာက္ရွိၾကရာ ဌာနခ်ဳပ္မွဴးႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ခဲ့ၾကၿပီး General Building ခန္းမ၌ ေရယာဉ္ တည္ေဆာက္/ျပဳျပင္ေရး ဆိုင္ရာ ကိစၥရပ္မ်ားအား ရွင္းလင္းျပသၾကသည္။ ထို႔ေနာက္ အထိမ္းအမွတ္ တံဆိပ္မ်ား အျပန္အလွန္ ေပးအပ္ကာ အိႏၵိယေရတပ္ ဦးစီးခ်ဳပ္မွ ဧည့္သည္ေတာ္ မွတ္တမ္းတြင္ လက္မွတ္ေရးထိုးသည္။ ဆက္လက္၍ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္ အဖြဲ႕သည္ ဌာနခ်ဳပ္ဝင္း အတြင္း၌ လွည့္လည္ၾကည့္ရႈ ေလ့လာခဲ့ၾကၿပီး တပ္မေတာ္(ေရ)မွအသစ္တည္ေဆာက္လ်က္ရွိေသာ စစ္ေရယာဉ္ မ်ားအား ၾကည့္ရႈေလ့လာၾကသည္။ ယင္းေနာက္ အမွတ္(၃)ေရတပ္ ဆိပ္ခံတံတား၌ ဆိုက္ကပ္ထားေသာ စစ္ေရယာဉ္(မုတၱမ)ႏွင့္ စစ္ေရယာဉ္ (ဆင္ျဖဴရွင္)တို႔အား သြားေရာက္ၾကည့္ရႈ ေလ့လာၾကရာ ေရယာဉ္ဆိုင္ ရာ အခ်က္အလက္မ်ားအား တာဝန္ရွိသူမ်ားက ရွင္းလင္းျပသ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

#peoplemedia #တပ္မေတာ္-ေရ

(unicode)
အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADC ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ၊မြန်မာ့ စစ် သင်္ဘောများကို လေ့လာ

စစ်တွေ၊ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် အိန္ဒိယ ရေတပ်ဦးစီးချုပ် Admiral Karambir Singh, PVSM, AVSM, ADCဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာရာ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ကျော်ရွှေထွန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ ရေတပ် စစ်သံမှူး Captain Pras-hanth Mohananနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဦးစွာ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့် ရေးဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရေတပ်လေ့ကျင့်ရေး ဌာန ချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသခဲ့ကြပြီး အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် လဲလှယ်ကြသည်။ ယင်းနောက် အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ရေတပ်လေ့ကျင့်ရေးဌာနချုပ်၏ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအားရှင်းလင်းပြသ ကြသည်။ ထို့နောက် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် သမိုင်းဝင် စစ်ရေယာဉ်(မေယု)သို့ သွားရောက် လေ့လာခဲ့ကြသည်။

ဆက်လက်ပြီး ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ ရောက်ရှိကြရာ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး General Building ခန်းမ၌ ရေယာဉ် တည်ဆောက်/ပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြသကြသည်။ ထို့နောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကာ အိန္ဒိယရေတပ် ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ဆက်လက်၍ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဌာနချုပ်ဝင်း အတွင်း၌ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပြီး တပ်မတော်(ရေ)မှအသစ်တည်ဆောက်လျက်ရှိသော စစ်ရေယာဉ် များအား ကြည့်ရှုလေ့လာကြသည်။ ယင်းနောက် အမှတ်(၃)ရေတပ် ဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော စစ်ရေယာဉ်(မုတ္တမ)နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်)တို့အား သွားရောက်ကြည့်ရှု လေ့လာကြရာ ရေယာဉ်ဆိုင် ရာ အချက်အလက်များအား တာဝန်ရှိသူများက ရှင်းလင်းပြသ ခဲ့ကြကြောင်း သတင်းရရှိသည်။

#peoplemedia #တပ်မတော်-ရေ


Share this post