• Follow Us on

Home အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် ဘင်္ဂါလီ ကျား/မ ၃ ဦးကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် ဘင်္ဂါလီ ကျား/မ ၃ ဦးကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

Share this post

တမူး၊ မတ် ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်မှတစ်ဆင့် ဘင်္ဂါလီ ကျား/မ ၃ ဦးကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ၊ မိုရေး မြို့မှ မြန်မာနိုင်ငံ ခမ်းပတ်မြို့သို့ တရားမဝင် ဘင်္ဂါလီ ကျားနှစ်ဦး ၊မတစ်ဦးကို မြန်မာနိုင်ငံအတွင်းသို့ ခေါ် ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ကျား သုံးဦး၊ မ တစ်ဦးတို့ကို တာဝန်ရှိသူများက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

 

ဖမ်းဆီးခံရသည့် ဘင်္ဂါလီ (၃) ဦးမှာ အစ်မာဘေဂွမ်း(မ) ၁၆ နှစ်၊ ဇော်နောက်တာရာ(မ) ၁၈ နှစ်၊ အစိန်ရှော ရိတ်(ကျား) ၁၇ နှစ်တို့ဖြစ်ပြီး ၎င်းတို့အား ခေါ်ဆောင်လာသူများမှ တမူးမြို့၊ စော်ဘွား(၁၁)ရပ်ကွက်နေ ဦး ကျော်ရဲအောင်၊ ဒေါ်ကျိန်ရှမ်ဗွေ၊ ဦးထွန်းမင်းလတ်၊ ဦးကျော်နိုင်မင်းတို့ (၄) ဦး စုစုပေါင်း (၇) ဦးတို့ ဖြစ်သည်။

 

#PeopleMedia

 

(unicode)


…………………………..

 


 


 


 


 

#PeopleMedia


Share this post