• Follow Us on

Home အီဂ်စ္ထံလက္နက္ေရာင္းခ်ရျခင္းသည္ အၾကမ္းဖက္ေခ်မွဳန္းေရးကူညီရန္သာျဖစ္ေၾကာင္း ျပင္သစ္သမၼတေျပာ

အီဂ်စ္ထံလက္နက္ေရာင္းခ်ရျခင္းသည္ အၾကမ္းဖက္ေခ်မွဳန္းေရးကူညီရန္သာျဖစ္ေၾကာင္း ျပင္သစ္သမၼတေျပာ

Share this post

ပါရီ၊ ဒီဇင္ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

ျပင္သစ္ႏိုင္ငံက အီဂ်စ္သို႔ လက္နက္ေရာင္းခ်မည့္ သေဘာတူခ်က္တိုင္းကို အီဂ်စ္ႏိုင္ငံ၏ ေဒသတြင္းအၾကမ္း ဖက္မႈတိုက္ဖ်က္ေရးအားမေပ်ာ့ေစရန္သာဦးတည္ၿပီး လူ႔အခြင့္အေရးစံႏႈန္းႏွင့္ညီေစရန္အစီအစဥ္မ႐ွိေၾကာင္း ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္ကေျပာသည္။

တနလၤာေန႔က ျပင္သစ္ႏိုင္ငံၿမိဳ႕ေတာ္ပါရီသို႔ေရာက္ေနေသာ အီဂ်စ္သမၼတ အဗၺဒယ္ ဖာတာ အယ္စီစီႏွင့္ ေတြ႕ဆံုမႈအၿပီး သတင္းစာ႐ွင္းလင္းရာတြင္ေျပာျခင္းျဖစ္သည္။

စီးပြားေရးႏွင့္ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားကို လူ႔အခြင့္အေရးဆိုင္ရာကိစၥရပ္မ်ားျဖင့္ အေျခအေန သတ္မွတ္မည္မဟုတ္ေၾကာင္း မက္ခ႐ြန္ကေျပာသည္။

အီဂ်စ္ႏိုင္ငံသည္ ဆီႏိုင္းကၽြန္းဆြယ္ႏွင့္ လစ္ဗ်ားတို႔မွ အစၥလာမ္မစ္စစ္ေသြးႂကြမ်ားကို ရင္ဆိုင္ေနသည့္ တံတိုင္းတခုဟု ျပင္သစ္က ႐ွဳျမင္ၿပီး အစိုးရကိုမေထာက္ခံသူမ်ားအားၿဖိဳခြဲျခင္းေၾကာင့္ အီဂ်စ္အစိုးရကို လူ႔အခြင့္အေရးအုပ္စုမ်ားက ျပင္းျပင္းထန္ထန္ေ၀ဖန္ေနသည္။

စီစီႏွင့္လူ႔အခြင့္အေရးကိစၥမ်ားကို ပြင့္ပြင့္လင္းလင္းေဆြးေႏြးခဲ့သည္ဟု မက္ခ႐ြန္ကေျပာေသာ္လည္း အေသးစိတ္အခ်က္အလက္မ်ားကိုမေျပာေခ်။

သမၼတစီစီျပင္သစ္သို႔မေရာက္မီ ျပင္သစ္ႏိုင္ငံက အီဂ်စ္ထံ လက္နက္ခဲယမ္း၊ ေစာင့္ၾကပ္ေရးပစၥည္းမ်ားႏွင့္ လူစုခြဲေရးပစၥည္းမ်ား ေရာင္းခ်ျခင္းအေပၚ ရွဳတ္ခ်ေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕ ၁၇ ဖြဲ႔က ထုတ္ျပန္သည္။

ႏို၀င္ဘာလတြင္ဖမ္းဆီးခဲ့သည့္ အီဂ်စ္ပုဂၢလိအခြင့္အေရးေ႐ွ႕ေဆာင္အဖြဲ႔မွ၀န္ထမ္း ၃ ေယာက္ကို မၾကာေသးမီက အီဂ်စ္အာဏာပိုင္မ်ားျပန္လႊတ္ေပးခဲ့သည္။

Ref : French arms sales to Egypt won’t be conditional on human rights due to terrorism threat, Macron says as he meets Sisi

#PeopleMedia

(unicode)
အီဂျစ်ထံလက်နက်ရောင်းချရခြင်းသည် အကြမ်းဖက်ချေမှုန်းရေးကူညီရန်သာဖြစ်ကြောင်း ပြင်သစ်သမ္မတပြော
…………………………………………..

ပါရီ၊ ဒီဇင်ဘာ ၈ (𝑷𝒆𝒐𝒑𝒍𝒆 𝑴𝒆𝒅𝒊𝒂)

ပြင်သစ်နိုင်ငံက အီဂျစ်သို့ လက်နက်ရောင်းချမည့် သဘောတူချက်တိုင်းကို အီဂျစ်နိုင်ငံ၏ ဒေသတွင်းအကြမ်း ဖက်မှုတိုက်ဖျက်ရေးအားမပျော့စေရန်သာဦးတည်ပြီး လူ့အခွင့်အရေးစံနှုန်းနှင့်ညီစေရန်အစီအစဉ်မရှိကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကပြောသည်။

တနင်္လာနေ့က ပြင်သစ်နိုင်ငံမြို့တော်ပါရီသို့ရောက်နေသော အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်စီစီနှင့် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းရာတွင်ပြောခြင်းဖြစ်သည်။

စီးပွားရေးနှင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများကို လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များဖြင့် အခြေအနေ သတ်မှတ်မည်မဟုတ်ကြောင်း မက်ခရွန်ကပြောသည်။

အီဂျစ်နိုင်ငံသည် ဆီနိုင်းကျွန်းဆွယ်နှင့် လစ်ဗျားတို့မှ အစ္စလာမ်မစ်စစ်သွေးကြွများကို ရင်ဆိုင်နေသည့် တံတိုင်းတခုဟု ပြင်သစ်က ရှုမြင်ပြီး အစိုးရကိုမထောက်ခံသူများအားဖြိုခွဲခြင်းကြောင့် အီဂျစ်အစိုးရကို လူ့အခွင့်အရေးအုပ်စုများက ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။

စီစီနှင့်လူ့အခွင့်အရေးကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့သည်ဟု မက်ခရွန်ကပြောသော်လည်း အသေးစိတ်အချက်အလက်များကိုမပြောချေ။

သမ္မတစီစီပြင်သစ်သို့မရောက်မီ ပြင်သစ်နိုင်ငံက အီဂျစ်ထံ လက်နက်ခဲယမ်း၊ စောင့်ကြပ်ရေးပစ္စည်းများနှင့် လူစုခွဲရေးပစ္စည်းများ ရောင်းချခြင်းအပေါ် ရှုတ်ချကြောင်း လူ့အခွင့်အရေးအဖွဲ့ ၁၇ ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလတွင်ဖမ်းဆီးခဲ့သည့် အီဂျစ်ပုဂ္ဂလိအခွင့်အရေးရှေ့ဆောင်အဖွဲ့မှဝန်ထမ်း ၃ ယောက်ကို မကြာသေးမီက အီဂျစ်အာဏာပိုင်များပြန်လွှတ်ပေးခဲ့သည်။

Ref : French arms sales to Egypt won’t be conditional on human rights due to terrorism threat, Macron says as he meets Sisi

#PeopleMedia


Share this post