• Follow Us on

Home အီတလီကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့အသက္ ၈၀ ေက်ာ္ေတြ ကုသမႈရမွာမဟုတ္

အီတလီကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့အသက္ ၈၀ ေက်ာ္ေတြ ကုသမႈရမွာမဟုတ္

Share this post

ေရာမ၊ မတ္ ၁၆

အီတလီကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရတဲ့အသက္ ၈၀ ေက်ာ္ေတြဟာ အၾကပ္အတည္းပိုဆိုးလာရင္ ေဆးကုသမႈခံရမွာ မဟုတ္ဘူးလို႔ တူရင္ၿမိဳ႕မွာ အဆိုျပဳလိုက္တဲ့ အေရးေပၚအစီအစဥ္ေတြအရသိရပါတယ္။

လူနာေတြအရမ္းမ်ားေနရင္ အေရးေပၚကုသမႈေပးဖို႔ရႏိုင္တဲ့အေျခအေနေတြကို သတ္မွတ္ေပးရလိမ့္မယ္လို႔ ၿမိဳ႕ျပကာကြယ္ေရး အရာ႐ွိေတြေရးဆြဲထားတဲ့အစီအစဥ္က သတိေပးပါတယ္။

သတ္မွတ္ခ်က္အရ အသက္ ၈၀ ေအာက္ေတြကို ကုသမႈေပးရမယ္ဆိုတဲ့အေျခအေနျဖစ္တယ္လို႔ Daily Telegraph က ျမင္ ေတြ႕ခဲ့တဲ့စာ႐ြက္စာတမ္းေတြမွာပါ၀င္ပါတယ္။

ဘယ္သူ႔ကိုကုေပးရမလဲ၊ ဘယ္သူ႔ကိုလက္လႊတ္ရမလဲဆိုတဲ့ ေသေရး႐ွင္ေရးဆံုးျဖတ္ခ်က္ေတြခ်ေနရတယ္လို႔ ဆရာ၀န္ေတြက အေစာပိုင္းမွာေျပာထားပါတယ္။

“လူနာတစ္ေယာက္ရဲ႕ကံၾကမၼာကို အသက္နဲ႔ က်န္းမာေရးအေျခအေနေတြၾကည့္ၿပီး ဆံုးျဖတ္ေပးေနရတယ္။ စစ္ျဖစ္ေနတဲ့အခ်ိန္ လိုပဲ” လို႔ ဆရာ၀န္တစ္ေယာက္ကေျပာပါတယ္။

တနလၤာေန႔မွာ အီတလီႏိုင္ငံဟာ အႏၲရာယ္အမ်ားဆံုးသီတင္းပတ္ေတြထဲေရာက္ေနၿပီလို႔ အီတလီ၀န္ႀကီးခ်ဳပ္ ဂ်ဴဆက္ပီ ကြန္ေတးကေျပာခဲ့ၿပီး အဆိုးဆံုးအေျခအေနကိုမေရာက္ေသးဘူးလို႔ အရိပ္အႁမြက္ေျပာပါတယ္။

အစီအစဥ္ေတြဟာ ကုန္က်စရိတ္နဲ႔ ျပန္ရမယ့္အျမတ္အခ်ိဳးအရ ေဆးကုသရာမွာပိုအဆင္ေျပတဲ့လူနာေတြကို ပိုဂ႐ုစိုက္ေအာင္ ေဆး႐ံုေတြကိုတြန္းအားေပးလိမ့္မယ္လို႔ အရာ႐ွိေတြက အသိအမွတ္ျပဳပါတယ္။

Ref : Italian coronavirus victims over 80 will not receive treatment if situation worsens under emergency plans, as PM warns country is entering its ‘riskiest weeks

#PeopleMedia #CoronaVirus #Italy #Treatement

(Unicode)
အီတလီကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့အသက် ၈၀ ကျော်တွေ ကုသမှုရမှာမဟုတ်
……………………………………………………

ရောမ၊ မတ် ၁၆

အီတလီကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့အသက် ၈၀ ကျော်တွေဟာ အကြပ်အတည်းပိုဆိုးလာရင် ဆေးကုသမှုခံရမှာ မဟုတ်ဘူးလို့ တူရင်မြို့မှာ အဆိုပြုလိုက်တဲ့ အရေးပေါ်အစီအစဉ်တွေအရသိရပါတယ်။

လူနာတွေအရမ်းများနေရင် အရေးပေါ်ကုသမှုပေးဖို့ရနိုင်တဲ့အခြေအနေတွေကို သတ်မှတ်ပေးရလိမ့်မယ်လို့ မြို့ပြကာကွယ်ရေး အရာရှိတွေရေးဆွဲထားတဲ့အစီအစဉ်က သတိပေးပါတယ်။

သတ်မှတ်ချက်အရ အသက် ၈၀ အောက်တွေကို ကုသမှုပေးရမယ်ဆိုတဲ့အခြေအနေဖြစ်တယ်လို့ Daily Telegraph က မြင် တွေ့ခဲ့တဲ့စာရွက်စာတမ်းတွေမှာပါဝင်ပါတယ်။

ဘယ်သူ့ကိုကုပေးရမလဲ၊ ဘယ်သူ့ကိုလက်လွှတ်ရမလဲဆိုတဲ့ သေရေးရှင်ရေးဆုံးဖြတ်ချက်တွေချနေရတယ်လို့ ဆရာဝန်တွေက အစောပိုင်းမှာပြောထားပါတယ်။

“လူနာတစ်ယောက်ရဲ့ကံကြမ္မာကို အသက်နဲ့ ကျန်းမာရေးအခြေအနေတွေကြည့်ပြီး ဆုံးဖြတ်ပေးနေရတယ်။ စစ်ဖြစ်နေတဲ့အချိန် လိုပဲ” လို့ ဆရာဝန်တစ်ယောက်ကပြောပါတယ်။

တနင်္လာနေ့မှာ အီတလီနိုင်ငံဟာ အန္တရာယ်အများဆုံးသီတင်းပတ်တွေထဲရောက်နေပြီလို့ အီတလီဝန်ကြီးချုပ် ဂျူဆက်ပီ ကွန်တေးကပြောခဲ့ပြီး အဆိုးဆုံးအခြေအနေကိုမရောက်သေးဘူးလို့ အရိပ်အမြွက်ပြောပါတယ်။

အစီအစဉ်တွေဟာ ကုန်ကျစရိတ်နဲ့ ပြန်ရမယ့်အမြတ်အချိုးအရ ဆေးကုသရာမှာပိုအဆင်ပြေတဲ့လူနာတွေကို ပိုဂရုစိုက်အောင် ဆေးရုံတွေကိုတွန်းအားပေးလိမ့်မယ်လို့ အရာရှိတွေက အသိအမှတ်ပြုပါတယ်။

Ref : Italian coronavirus victims over 80 will not receive treatment if situation worsens under emergency plans, as PM warns country is entering its ‘riskiest weeks

#PeopleMedia #CoronaVirus #Italy #Treatement


Share this post