• Follow Us on

Home အီတလီလေတပ်ပိုင် F-35B တိုက်လေယာဉ်တစ်စင်း အီတလီလေယာဉ်တင်သင်္ဘောပေါ်သို့ ပထမဦးဆုံးအ ကြိမ် ဆင်းသက်

အီတလီလေတပ်ပိုင် F-35B တိုက်လေယာဉ်တစ်စင်း အီတလီလေယာဉ်တင်သင်္ဘောပေါ်သို့ ပထမဦးဆုံးအ ကြိမ် ဆင်းသက်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃ (People Media)

 

အီတလီလေတပ်မှ F-35B တိုက်လေယာဉ်တစ်စင်းသည် အီတလီ လေယာဉ်တင်သင်္ဘော ကာဗာ (Cavour) ပေါ်သို့ ပထမဦးဆုံးအကြိမ်အဖြစ် ဆင်းသက်ခဲ့ပြီး လေယာဉ်တင်သင်္ဘောပေါ်ရှိ အီတလီရေတပ်မှ F-35B တိုက် လေယာဉ်နှင့် သွားရောက်ပူးပေါင်းခဲ့သည်။

 

နိုဝင်ဘာလ ၂၁ ရက်နေ့ကကျင်းပခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင် အဆိုပါ တိုက်လေယာဉ်နှစ်စင်းသည် လေ ယာဉ်တင်သင်္ဘောကာဗာပေါ်မှ အတူပျံတက်ခဲ့ပြီး ဗြိတိန်တော်ဝင်ရေတပ်မှ အဲလိဇဘက်ဘုရင်မကြီး Queen Elizabeth လေယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်ခဲ့ကြသည်။ Queen Elizabeth လေယာဉ်တင်သင်္ဘော သည် လက်ရှိအချိန်တွင် မြေထဲပင်လယ်အတွင်း ရောက်ရှိနေသည်။

 

အမေရိကန်၊ အီတလီနှင့် ဗြိတိန်တို့၏ F-35B တိုက်လေယာဉ်များ အတူတကွပျံသန်းခြင်းမပြုမီ လက်ရှိအချိန် တွင် ဗြိတိန်သင်္ဘောပေါ်၌ အခြေစိုက်ထားသော အမေရိကန်မရိန်းတပ်မှ F-35B နှစ်စင်းကလည်း Cavour လေ ယာဉ်တင်သင်္ဘောပေါ်သို့ ဆင်းသက်ခဲ့ကြသည်။

 

စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံအသီးသီးမှ F-35B တိုက်လေယာဉ်များအတူတကွ လေ့ကျင့်ပျံသန်းကြခြင်းဖြစ်သော် လည်း အရေးကြီးသည့်အောင်မြင်မှုတစ်ခုမှာ အီတလီရေတပ်နှင့် အီတလီလေတပ်မှ F-35B တိုက်လေယာဉ် များ ယှဉ်တွဲပျံသန်းရင်း ရေတပ်နှင့် လေတပ်၏ ပူးပေါင်းဆောင်ရွက်မှုကိုပြသခြင်းပင်ဖြစ်သည်။

 

လက်ရှိအချိန်တွင် အီတလီရေတပ်အတွက် F-35B တိုက်လေယာဉ်သုံးစင်းပို့ဆောင်သွားရန်စီစဉ်ထားရာ ယင်း တို့အနက် နှစ်စင်းမှာ အမေရိကန်ပြည်ထောင်စုတွင် လေ့ကျင့်လျက်ရှိပြီး ကျန်တစ်စင်းမှာ ဇူလိုင်လအတွင်းက Cavour လေယာဉ်တင်သင်္ဘောသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်။

 

အီတလီလေတပ်အတွက် F-35B တိုက်လေယာဉ် အစင်း ၆၀ ပို့ဆောင်ရန် စီစဉ်ထားရာ ပထမဦးဆုံးအသုတ်အ ဖြစ် ၁၅ စင်းလက်ခံရရှိထားပြီဖြစ်သည်။ အီတလီလေတပ်က ပြေးလမ်းအတိုတွင်ပျံသန်း/ဆင်းသက်နိုင်သော ဂျက်တိုက်လေယာဉ်များကို လိုအပ်လျက်ရှိရာ ယင်းတိုက်လေယာဉ်များကို တပ်ဖြန့်ချထားရန် စီစဉ်ထားသည်။

 

Cavour လေယာဉ်တင်သင်္ဘောပေါ်မှ ပျံသန်းလာသော လေတပ်မှ လေယာဉ်မှူးများအပြင် ရေတပ်မှလေယာဉ် မှူးများကလည်း မြေပြင်အခြေစိုက်စစ်ဆင်ရေးများတွင် ပူးပေါင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း အီတလီပူးတွဲစစ် ဦးစီးချုပ်ဗိုလ်ချုပ်ကြီးကာဗိုဒရက်ဂွန်က နိုဝင်ဘာလ ၂၁ ရက်နေ့ကပြောသည်။

 

“လေယာဉ်တင်သင်္ဘောတွေရဲ့ ကုန်းပတ်ပေါ်ကနေ F-35B တိုက်လေယာဉ်တွေကို အသုံးပြုပြီးတော့ ရေတပ်နဲ့ လေတပ်ကြားက စုပေါင်းညှိနှိုင်းဆောင်ရွက်မှုအကျိုးရလဒ်က မြေပြင်မှာအသုံးပြုတဲ့အခါမှာလည်း လိုက်လျော ညီထွေရှိပါလိမ့်မယ်။ သမရိုးကျတိုက်လေယာဉ်တွေအတွက် အသုံးပြုတဲ့လေယာဉ်ပြေးလမ်းတွေမပါဘဲ စစ်ဆင် ရေးကာလအခြေအနေမျိုးမှာ အတူတကွတာဝန်ထမ်းဆောင်ရာမှာ လိုက်လျောညီထွေရှိပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

 

Ref: Italy air force F-35B makes first time landing on Italian carrier

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Italy air force F-35B makes first time landing on Italian carrier

 

#PeopleMedia


Share this post