• Follow Us on

Home အီတလီ၌ ယမန္ေန႔က ဆရာဝန္ ၁၁ ဦးအပါအဝင္ ၈၁၂ ဦးေသဆုံး၊ ေသဆုံးသူ ၁၁၆၀၀ ဦးနီးပါးရွိလာ

အီတလီ၌ ယမန္ေန႔က ဆရာဝန္ ၁၁ ဦးအပါအဝင္ ၈၁၂ ဦးေသဆုံး၊ ေသဆုံးသူ ၁၁၆၀၀ ဦးနီးပါးရွိလာ

Share this post

၂၀၂၀၊ မတ္ ၃၁

အီတလီႏိုင္ငံ၌ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဆရာဝန္ ၁၁ ဦးအပါအဝင္ လူနာ ၈၁၂ ဦး ထပ္မံ ေသဆုံးခဲ့ေၾကာင္း ျပည္သူ႔အကာအကြယ္ေပးေရးေအဂ်င္စီက ေျပာၾကားလိုက္သည္။

ကမၻာေပၚတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈမ်ား၏ သုံးပုံတစ္ပုံေက်ာ္ရွိသည့္ အီတလီႏိုင္ငံမွာ ကိုဗစ္ – ၁၉ ကူးစက္မႈအမ်ားဆုံးတိုင္းျပည္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ေျမာက္ပိုင္းေဒသမ်ားတြင္ စတင္ျဖစ္ပြားခဲ့ သည့္ အဆိုပါကူးစက္ေရာဂါေၾကာင့္ ေသဆုံးသူ စုစုေပါင္း ၁၁၅၉၁ ဦးအထိ ျမင့္တက္လာခဲ့ၿပီျဖစ္သည္။

ကူးစက္မႈအေရအတြက္မွာ ၄၀၅၀ မႈရွိရာ ကူးစက္ခံရသူ စုစုေပါင္း ၁၀၁၇၃၉ ဦးအထိရွိလာခဲ့သည္။ အီတလီ ျပည္သူမ်ားကို သုံးပတ္ၾကာ အသြားအလာျပဳလုပ္ခြင့္ ပိတ္ပင္ထားေသာ္လည္း လာမည့္ေသာၾကာေန႔တြင္ ၿပီး ဆုံးေတာ့မည့္ ကန္႔သတ္ခ်က္မ်ားကို ေနာက္ထပ္ႏွစ္ပတ္ၾကာ ဆက္လက္ထားရွိမည္ဟု တာဝန္ရွိသူမ်ားက ေျပာ သည္။

ကန္႔သတ္ခ်က္မ်ားကို ေမလအထိ ဆက္လက္ျပဳလုပ္သင့္ေၾကာင္း အီတလီေတာင္ပိုင္းရွိ ပူဂလီယာေဒသ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ယမန္ေန႔က ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူမ်ားတြင္ ဆရာဝန္ ၁၁ ဦးပါဝင္ခဲ့ရာ လက္ရွိအခ်ိန္ထိ ေသဆုံးသူ ဆရာဝန္ ၆၁ ဦးအထိရွိလာခဲ့ၿပီဟု အီတလီဆရာဝန္မ်ားအသင္းက ေၾကညာခဲ့သည္။

ေသဆုံးသူ ဆရာဝန္မ်ားအားလုံးမွာ မေသဆုံးမီ ကိုဗစ္-၁၉ ေရာဂါ ကူးစက္မခံခဲ့ရေသာ္လည္း ၄င္းတို႔ေသဆုံးမႈ မွာ အဆိုပါကပ္ေရာဂါႏွင့္ဆက္စပ္မႈရွိခဲ့သည္။ ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ေသဆုံးမႈမ်ား၏ ၆၀ ရာခိုင္ႏႈန္းနီးပါး ႏွင့္ ကူးစက္ခံရသူမ်ား၏ ၄၀ ရာခိုင္ႏႈန္း အီတလီႏိုင္ငံ၏ ဘ႑ာေရးၿမိဳ႕ေတာ္ မီလန္ၿမိဳ႕ရွိရာ လြမ္ဘာဒီေဒသ တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ကိုဗစ္-၁၉ ေရာဂါကူးစက္မႈသစ္ သိသိသာသာ ေလ်ာ့နည္းသြားမွသာ ကန္႔သတ္ခ်က္မ်ားကို ေျဖေလ်ာ့သင့္ ေၾကာင္း အက်ပ္အတည္း မည္ကဲ့သို႔ေျဖရွင္းရမည္ဆိုသည္ကို အစိုးရအား အႀကံေပးေနသည့္ အမ်ိဳးသား က်န္းမာေရးအဖြဲ႕အစည္း အႀကီးအကဲ ဆီလ္ဗီယိုဘ႐ူဆာဖာ႐ိုက ေျပာသည္။

ကိုးကား – အိႏၵိယတူေဒး

Ref; Italy sees 812 more coronavirus deaths, but new cases fall steeply

#Peoplemedia #MPI

(Unicode)
အီတလီ၌ ယမန်နေ့က ဆရာဝန် ၁၁ ဦးအပါအဝင် ၈၁၂ ဦးသေဆုံး၊ သေဆုံးသူ ၁၁၆၀၀ ဦးနီးပါးရှိလာ
………………………………………………………

၂၀၂၀၊ မတ် ၃၁

အီတလီနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆရာဝန် ၁၁ ဦးအပါအဝင် လူနာ ၈၁၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း ပြည်သူ့အကာအကွယ်ပေးရေးအေဂျင်စီက ပြောကြားလိုက်သည်။

ကမ္ဘာပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများ၏ သုံးပုံတစ်ပုံကျော်ရှိသည့် အီတလီနိုင်ငံမှာ ကိုဗစ် – ၁၉ ကူးစက်မှုအများဆုံးတိုင်းပြည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် မြောက်ပိုင်းဒေသများတွင် စတင်ဖြစ်ပွားခဲ့ သည့် အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၁၅၉၁ ဦးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။

ကူးစက်မှုအရေအတွက်မှာ ၄၀၅၀ မှုရှိရာ ကူးစက်ခံရသူ စုစုပေါင်း ၁၀၁၇၃၉ ဦးအထိရှိလာခဲ့သည်။ အီတလီ ပြည်သူများကို သုံးပတ်ကြာ အသွားအလာပြုလုပ်ခွင့် ပိတ်ပင်ထားသော်လည်း လာမည့်သောကြာနေ့တွင် ပြီး ဆုံးတော့မည့် ကန့်သတ်ချက်များကို နောက်ထပ်နှစ်ပတ်ကြာ ဆက်လက်ထားရှိမည်ဟု တာဝန်ရှိသူများက ပြော သည်။

ကန့်သတ်ချက်များကို မေလအထိ ဆက်လက်ပြုလုပ်သင့်ကြောင်း အီတလီတောင်ပိုင်းရှိ ပူဂလီယာဒေသ အုပ်ချုပ်ရေးမှူးက ပြောသည်။

ယမန်နေ့က ကိုဗစ်-၁၉ ကြောင့် သေဆုံးသူများတွင် ဆရာဝန် ၁၁ ဦးပါဝင်ခဲ့ရာ လက်ရှိအချိန်ထိ သေဆုံးသူ ဆရာဝန် ၆၁ ဦးအထိရှိလာခဲ့ပြီဟု အီတလီဆရာဝန်များအသင်းက ကြေညာခဲ့သည်။

သေဆုံးသူ ဆရာဝန်များအားလုံးမှာ မသေဆုံးမီ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံခဲ့ရသော်လည်း ၄င်းတို့သေဆုံးမှု မှာ အဆိုပါကပ်ရောဂါနှင့်ဆက်စပ်မှုရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများ၏ ၆၀ ရာခိုင်နှုန်းနီးပါး နှင့် ကူးစက်ခံရသူများ၏ ၄၀ ရာခိုင်နှုန်း အီတလီနိုင်ငံ၏ ဘဏ္ဍာရေးမြို့တော် မီလန်မြို့ရှိရာ လွမ်ဘာဒီဒေသ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုသစ် သိသိသာသာ လျော့နည်းသွားမှသာ ကန့်သတ်ချက်များကို ဖြေလျော့သင့် ကြောင်း အကျပ်အတည်း မည်ကဲ့သို့ဖြေရှင်းရမည်ဆိုသည်ကို အစိုးရအား အကြံပေးနေသည့် အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း အကြီးအကဲ ဆီလ်ဗီယိုဘရူဆာဖာရိုက ပြောသည်။

ကိုးကား – အိန္ဒိယတူဒေး

Ref; Italy sees 812 more coronavirus deaths, but new cases fall steeply

#Peoplemedia #MPI


Share this post