• Follow Us on

Home အီရတ္ကတပ္ဖြဲ႔၀င္အေရအတြက္ေလွ်ာ့ခ်မယ္ဆိုတာ အေမရိကန္ အတည္ျပဳ

အီရတ္ကတပ္ဖြဲ႔၀င္အေရအတြက္ေလွ်ာ့ခ်မယ္ဆိုတာ အေမရိကန္ အတည္ျပဳ

Share this post

ဝါ႐ွင္တန္၊ ဇြန္ ၁၂

အီရတ္မွာတပ္စြဲထားတဲ့တပ္ဖြဲ႔၀င္အေရအတြက္ ထပ္ၿပီးေလွ်ာ့ခ်မယ္ဆိုတာ အေမရိကန္ကထပ္ၿပီး အတည္ျပဳ လိုက္တယ္လို႔ အေမရိကန္နဲ႔အီရတ္အစိုးရတို႔ရဲ႕ပူးတြဲထုတ္ျပန္ခ်က္ေတြမွာပါ၀င္ပါတယ္။

အီရတ္မွာ အေမရိကန္ဟာ အၿမဲတမ္းတပ္စခန္းထားဖို႔နဲ႔ စစ္ဘက္အရာ႐ွိေတြအၿမဲတမ္းထားဖို႔အစီအစဥ္မ႐ွိဘူး ဆိုတာ အေမရိကန္က ထပ္ေလာင္းေျပာလိုတယ္ဆိုၿပီး ၾကာသပေတးေန႔မွာ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး ဌာနကထုတ္ျပန္ပါတယ္။

ႏွစ္ဖက္ေဆြးေႏြးမႈေတြမစခင္မွာ ေ႐ွ႕ဆက္လွမ္းႏိုင္ဖို႔နဲ႔ ႏွစ္ဖက္အက်ိဳး႐ွိေစဖို႔ အေမရိကန္နဲ႔အီရတ္တို႔ မဟာဗ်ဴ ဟာေျမာက္ပူးေပါင္းေဆာင္႐ြက္မႈလိုအပ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး မိုက္ပြန္ပီယိုကေျပာပါတယ္။

ႏိုင္ငံေျမေပၚမွာ႐ွိတဲ့ႏိုင္ငံျခားတပ္ဖြဲ႔ေတြ ခ်က္ခ်င္းနဲ႔အျပည့္အဝျပန္ဆုတ္ခြာဖို႔ အဆိုတစ္ရပ္ကို ဇန္နဝါရီ ၅ ရက္ မွာ အီရတ္လႊတ္ေတာ္က အတည္ျပဳပါတယ္။

အေမရိကန္က အီရန္ကေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႔ဗိုလ္ခ်ဳပ္ႀကီးကာဆမ္ ဆိုလမ္မာနီနဲ႔ အီရတ္က ႐ွီးယိုက္စစ္ ေသြးႂကြအဖြဲ႔တပ္မွဴးႀကီး အဘူမာဒီအယ္မူဟန္ဒီတို႔ကို ဘဂၢဒက္ေလဆိပ္နားမွာလုပ္ႀကံခဲ့ၿပီးတဲ့ေနာက္ အဆို အတည္ျပဳခဲ့တာပါ။

အေမရိကန္ရဲ႕လုပ္ရပ္ဟာ အီရတ္အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တယ္ဆိုၿပီး လႊတ္ေတာ္အမတ္ေတြက ေကာက္ခ်က္ခ်ခဲ့ပါတယ္။

Ref : US Confirms Plans to Further Reduce Number of Troops in Iraq

#PeopleMedia

(unicode)
အီရတ်ကတပ်ဖွဲ့ဝင်အရေအတွက်လျှော့ချမယ်ဆိုတာ အမေရိကန် အတည်ပြု
…………………………………………………

ဝါရှင်တန်၊ ဇွန် ၁၂

အီရတ်မှာတပ်စွဲထားတဲ့တပ်ဖွဲ့ဝင်အရေအတွက် ထပ်ပြီးလျှော့ချမယ်ဆိုတာ အမေရိကန်ကထပ်ပြီး အတည်ပြု လိုက်တယ်လို့ အမေရိကန်နဲ့အီရတ်အစိုးရတို့ရဲ့ပူးတွဲထုတ်ပြန်ချက်တွေမှာပါဝင်ပါတယ်။

အီရတ်မှာ အမေရိကန်ဟာ အမြဲတမ်းတပ်စခန်းထားဖို့နဲ့ စစ်ဘက်အရာရှိတွေအမြဲတမ်းထားဖို့အစီအစဉ်မရှိဘူး ဆိုတာ အမေရိကန်က ထပ်လောင်းပြောလိုတယ်ဆိုပြီး ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနကထုတ်ပြန်ပါတယ်။

နှစ်ဖက်ဆွေးနွေးမှုတွေမစခင်မှာ ရှေ့ဆက်လှမ်းနိုင်ဖို့နဲ့ နှစ်ဖက်အကျိုးရှိစေဖို့ အမေရိကန်နဲ့အီရတ်တို့ မဟာဗျူ ဟာမြောက်ပူးပေါင်းဆောင်ရွက်မှုလိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောပါတယ်။

နိုင်ငံမြေပေါ်မှာရှိတဲ့နိုင်ငံခြားတပ်ဖွဲ့တွေ ချက်ချင်းနဲ့အပြည့်အဝပြန်ဆုတ်ခွာဖို့ အဆိုတစ်ရပ်ကို ဇန်နဝါရီ ၅ ရက် မှာ အီရတ်လွှတ်တော်က အတည်ပြုပါတယ်။

အမေရိကန်က အီရန်ကတော်လှန်ရေးအစောင့်တပ်ဖွဲ့ဗိုလ်ချုပ်ကြီးကာဆမ် ဆိုလမ်မာနီနဲ့ အီရတ်က ရှီးယိုက်စစ် သွေးကြွအဖွဲ့တပ်မှူးကြီး အဘူမာဒီအယ်မူဟန်ဒီတို့ကို ဘဂ္ဂဒက်လေဆိပ်နားမှာလုပ်ကြံခဲ့ပြီးတဲ့နောက် အဆို အတည်ပြုခဲ့တာပါ။

အမေရိကန်ရဲ့လုပ်ရပ်ဟာ အီရတ်အချုပ်အခြာအာဏာကို ချိုးဖောက်တယ်ဆိုပြီး လွှတ်တော်အမတ်တွေက ကောက်ချက်ချခဲ့ပါတယ်။

Ref : US Confirms Plans to Further Reduce Number of Troops in Iraq

#PeopleMedia


Share this post