• Follow Us on

Home အီရတ်နိုင်ငံက တူရကီထုတ် ဒရုန်းနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဝယ်ယူမည်

အီရတ်နိုင်ငံက တူရကီထုတ် ဒရုန်းနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၉ (People media)

 

အီရတ်နိုင်ငံက တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ရွေ့လျား အီလစ်ထရောနစ်စနစ်များ ဝယ်ယူသွားမည်ဟု ကာကွယ်ရေးဝန်ကြီး ဂျူမားအနတ်ဆာဒုံးက ပြောကြားသည်။

 

တူရကီနိုင်ငံထုတ် ဘေယတ်တာ TB2 ဒရုန်းတစ်စင်း၊ T129 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁၂ စင်းနှင့် KORAL မိုဘိုင်းအီလစ်ထရောနစ်စနစ်ခြောက်စုံ ဝယ်ယူမည့် သဘောတူညီချက်တစ်ရပ်ကို အီရတ် ကာကွယ်ရေး ဝန်ကြီး ဂျူးမားက ကြေညာခဲ့ခြင်းဖြစ်သည်။

 

၎င်းက ပြီးခဲ့သည့်အပတ်အတွင်း အီစတန်ဘူလ်မြို့၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ပစ္စည်းပြပွဲသို့ တက်ရောက်ခဲ့ပြီး တူရကီ ကာကွယ်ရေးနယ်ပယ်မှ အကြီးတန်း တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

 

တူရကီနိုင်ငံထုတ် ဒရုန်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နှင့် အီလစ်ထရောနစ်စနစ်များ ဝယ်ယူရန် မဟာမိတ် နှစ်နိုင်ငံကြား သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက အီရတ်ရုပ်သံဌာနတစ်ခုဖြစ်သည့် အယ်လ်ရှာကွီယာသို့ ပြော ကြားခဲ့သည်။

 

တူရကီကာကွယ်ရေးကုမ္ပဏီ Baykar Technologies မှထုတ်လုပ်သော ဘေယတ်တာ TB2 ဒရုန်းကို တူရကီတပ်မတော်က ၂၀၁၅ ခုနှစ်ကတည်းက အသုံးပြုခဲ့ပြီး ကာရာဘာပဋိပက္ခတွင် အဇာဘိုင်ဂျန်တပ်မတော်က ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။

 

အဆိုပါဒရုန်းများကို ကင်းထောက်လှမ်းမှု၊ စောင့်ကြပ်ရေးမစ်ရှင်များအတွက် ထုတ်လုပ်ခဲ့သော်လည်း တိုက်ခိုက်ရေးမစ်ရှင်များလည်း လုပ်ဆောင်နိုင်ကြောင်း သိရသည်။

 

တူရကီနိုင်ငံထုတ် မောင်းသူမဲ့လေယာဉ်များက ဆီးရီးယား၊ လစ်ဗျားနှင့် နာဂေါ်နို-ကာရာဘတ်ဒေသရှိ  ရုရှားနိုင်ငံလုပ် Pantsir ဒုံးကျည်ကာကွယ်ရေးစနစ်များကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

 

Ref; Iraq to purchase Bayraktar drones from Turkey

 

#PeopleMedia #EPN #international #အီရတ်

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref; Iraq to purchase Bayraktar drones from Turkey

 



Share this post