• Follow Us on

Home အီရတ်မှ တပ်ဖွဲ့ဝင်များရုတ်သိမ်းရန် ဂျာမနီပြင်ဆင်


Share this post




Ref; thenational


(Unicode)
အီရတ်မှ တပ်ဖွဲ့ဝင်များရုတ်သိမ်းရန် ဂျာမနီပြင်ဆင်
…………………………………………

အီရတ်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေကို ရုတ်သိမ်းပြီး အိမ်နီးချင်း ဂျော်ဒန်နဲ့ ကူဝိတ်ကို စေလွှတ်မယ်လို့ ဂျာမနီက အင်္ဂါနေ့မှာ ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား အခြေအနေတင်းမာမှုမြင့်တက်လာတာကြောင့် ဂျာမနီက ၄င်းတို့ရဲ့တပ်ဖွဲ့ဝင်တွေ ကို ပြန်ရုတ်သိမ်းဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ဂျာမနီက အီရတ်မှာ တပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ရည်ရွယ်ချက်က အီရတ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနဲ့ ညီ ညွတ်ရေးအတွက်ဖြစ်ပြီး လက်ရှိအခြေအနေတင်းမာနေမှုကြားမှာ ဓားစာခံဖြစ်ဖို့မဟုတ်ဘူးလို့ ဂျာမနီနိုင်ငံခြား ရေးဝန်ကြီး ဟီကိုမက်စ်က ထုတ်ပြန်ချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ အီရတ်မှာ ဂျာမနီစစ်သား ၁၂၀ ဝန်းကျင် တပ်စွဲထားတာဖြစ်ပါတယ်။

Ref; thenational

#PeopleMedia #International


Share this post