• Follow Us on

Home အီရတ်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ဝင် ၉ ဦး သေဆုံး

အီရတ်လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ဝင် ၉ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁ (People Media)

 

ယခုလအစောပိုင်းက အီရတ်စစ်တန်းလျားကို အစ္စလာမ်မစ်နိုင်ငံတော် အိုင်အက်စ်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကို လက်တုံ့ပြန်သည့်အနေဖြင့် ဘဂ္ဂဒက်မြောက်ပိုင်းတွင် အီရတ်တပ်မတော်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့ရာ လက်ဘနွန်လူမျိုး ၄ ဦးအပါအဝင် အိုင်အက်စ်အကြမ်းဖက်သမား ၉ ဦး သေဆုံးခဲ့ကြောင်း အီရတ်အရာရှိများက ဇန်နဝါရီလ ၃၀ ရက်နေ့က ပြောကြားလိုက်သည်။

 

အီရတ်နိုင်ငံ ဘာကိုဘာမြို့အပြင်ဘက် တောင်ထူထပ်သော အယ်လ်-အေဇမ်ခရိုင်ရှိ စစ်တန်းလျားတစ်ခုသို့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အိုင်အက်စ်အဖွဲ့ကသေနတ်သမားများ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ကင်းသမားနှင့် အိပ်မောကျနေသော အီရတ်စစ်သည် ၁၁ ဦး သေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်မှာ လတ်တလောကာလများအ တွင်း အဆိုးရွားဆုံးဖြစ်စဉ်ဖြစ်သည်။

 

ပူးတွဲစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ကြောင်း၊ အိုင်အက်စ်အဖွဲ့ဝင်များသည် အယ်လ်-အေဇမ်ခရိုင်တွင် ပုန်းအောင်း နေသည့်အတွက် အကြမ်းဖက်တိုက်ခိုက်မှုနောက်ကွယ်မှ ကလပ်စည်းများကို လေတပ်ကဖော်ထုတ်နိုင်ခဲ့သည်  ဟု အီရတ်တပ်မတော်စစ်ဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ယီဟီယာရာဆိုးလ်က ပြောသည်။ လေကြောင်းတိုက်  ခိုက်မှု သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး စစ်သွေးကြွ ၉ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

 

သေဆုံးသွားသည့် စစ်သွေးကြွများအနက် လေးဦးမှာ ထရီပိုလီမြို့ မြောက်ဘက်ရှိ ဒေသခံများဖြစ်သော လက် ဘနွန်လူမျိုးများဖြစ်ကြောင်း အမည်မဖော်လိုသည့် လုံခြုံရေးအရာရှိတစ်ဦးက AP သတင်းဌာနကိုပြောသည်။

 

ထရီပိုလီမြို့သည် လက်ဘနွန်၏ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး နိုင်ငံတွင်း အဆင်းရဲဆုံးမြို့လည်းဖြစ်သည်။ ယင်း မြို့သည် ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်တပ်မတော်ကို တိုက်ခိုက်ခဲ့သော အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) အုပ်စုက လွှမ်းမိုးထားသည့် အကြမ်းဖက်မှုများဖြစ်ပွားရာ၊ စစ်သွေးကြွများမွေးဖွားရာ မြို့တစ်မြို့ဖြစ်သည်။

 

လက်ဘနွန်နိုင်ငံသည် အလျင်အမြန်ကျရောက်လာသော ဆင်းရဲမွဲတေမှုအပါအဝင် အကျပ်အတည်းပေါင်းစုံဆုံ စည်းရာနေရာတစ်ခုဖြစ်လာသောကြောင့် စစ်သွေးကြွများအနေုဖြင့် ထရီပိုလီမြို့ရှိ အဓိကအုပ်စုဖြစ်သော ဆွန်နီ မူဆလင်အုပ်စုအပေါ် ၎င်းတို့မကျေနပ်မှုများကို အသုံးချတိုက်ခိုက်သွားရန် နည်းလမ်များရှာဖွေလာမည်ကို လက်ဘနွန်လူမျိုးအများအပြားက စိုးရိမ်လျက်ရှိသည်။

 

အိုင်အက်စ်အဖွဲ့သည် ၂၀၁၇ ခုနှစ်တွင် အီရတ်နိုင်ငံ၌ အကြီးအကျယ်ရှုံးနိမ့်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ဆီးရီးယား ကာဒစ်ရှ်ဦးဆောင်သောတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အမေရိကန်ဦးဆောင်သော စစ်ဆင်ရေးကာလအတွင်း ဆီးရီးယားနိုင်ငံ အရှေ့တောင်ဘက်ရှိ နောက်ဆုံးနယ်မြေကို စွန့်လွှတ်ခဲ့ရသည့်တိုက်ပွဲတွင် အိုင်အက်စ်အဖွဲ့  နောက်ဆုံးတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

 

Ref: Iraqi airstrikes kill 9 IS militants, including 4 Lebanese

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Iraqi airstrikes kill 9 IS militants, including 4 Lebanese

 

#PeopleMedia


Share this post