• Follow Us on

Home အီရတ်မြောက်ပိုင်း စစ်ဘက်ရဟတ်ယာဉ် ပျက်ကျမှုတွင် ငါးဦး သေဆုံး

အီရတ်မြောက်ပိုင်း စစ်ဘက်ရဟတ်ယာဉ် ပျက်ကျမှုတွင် ငါးဦး သေဆုံး

Share this post

No description available.

No description available.

 

နိုင်ငံတကာ၊ ဇူလိုင် ၃၀ (People Media)

 

အီရတ် စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ယနေ့နံနက်ပိုင်းက နိုင်ငံ့အရှေ့မြောက်ပိုင်း၌ ပျက်ကျခဲ့ရာ ရဟတ် ယာဉ်ပေါ်ပါသူ ငါးဦးစလုံး သေဆုံးခဲ့ကြောင်း အီရတ်တပ်မတော်က ပြောကြားသည်။

 

ဘဂ္ဂဒတ်မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၁၅၀ ခန့်အကွာ အမ်မာလီမြို့အနီး တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်နေသည့် အဆိုပါရဟတ်ယာဉ်က ယနေ့နံနက်အစောပိုင်း ၂ နာရီ ၄၅ မိနစ်ခန့်တွင် ပျက်ကျခဲ့ ခြင်းဟု ပူးတွဲစစ်ဆင်ရေးဌာနချုပ် ပြန်ကြားရေးရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

 

စက်ပိုင်းဆိုင်ရာချို့ယွင်းချက် (သို့မဟုတ်) ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဟုတ်မဟုတ် စသည့်အသေးစိတ်ကို ထုတ်ပြန်ချက်က မဖော်ပြခဲ့ပေ။

 

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း အီရတ်တပ်မတော်မှ စက်သေနတ်များတပ်ဆင်ထားသော ရဟတ်ယာဉ်များ က အိုင်အက်စ်စစ်သွေးကြွများ ချေမှုန်းတိုက်ခိုက်ရေးတွင် ထိရောက်မှုရှိသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ခဲ့ သည်။

 

အီရတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းရှိ အမာခံနယ်မြေများမှ အစွန်းရောက် စစ်သွေးကြွများကို မောင်း ထုတ်ရာတွင် ရဟတ်ယာဉ်များက မြေပြင်တပ်ဖွဲ့များကို ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။

 

Ref; 5 killed in military helicopter crash in northern Iraq

 

#PeopleMedia #EPN #international #အီရတ်

 

(unicode)


………………………………………

 


 


 


 


 


 


 

Ref; 5 killed in military helicopter crash in northern Iraq

 



Share this post