• Follow Us on

Home အီရတ်နိုင်ငံတစ်ဝှမ်းဆန္ဒပြမှုများတွင် ဆန္ဒပြသူသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

အီရတ်နိုင်ငံတစ်ဝှမ်းဆန္ဒပြမှုများတွင် ဆန္ဒပြသူသုံးဦးနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

Share this post

အီရတ်နိုင်ငံတောင်ပိုင်း နာဆရီယာမြို့မှာ ဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသူအနည်းဆုံး ၃ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တစ်ဖွဲ့က ပြော ပါတယ်။

အီရတ်နိုင်ငံတစ်ဝှမ်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ပွားနေတာ ၂ ရက်ဆက်တိုက်ရှိလာ ခဲ့ပြီဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်တုတွေနဲ့ ပစ်ခတ်ပြီး ဆူပူအကြမ်းဖက်မှုတွေကို ထိန်းသိမ်းနေရပါတယ်။

ဆန္ဒပြသူတွေဟာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အားနည်းမှု၊ အဂတိလိုက်စားမှုနဲ့ အလုပ် အကိုင်အခွင့်အလမ်းရှားပါးမှုတွေအပေါ် အမျက်ဒေါသထွက်ပြီး အစိုးရကို ကန့်ကွက်ဆန္ဒပြ နေကြတာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဆူပူအုံကြွမှုဟာ မြို့တော် ဘဂ္ဂဒက်နဲ့ နာဆရီယာမြို့တွေမှာ ဆန္ဒပြသူ ၂ ဦးသေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ဒဏ်ရာရရှိခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြသူသုံးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး အသတ်ခံရတယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက Al Jazeera သတင်းဌာနကို ပြောပါတယ်။

Ref; Al Jazeera


Share this post