• Follow Us on

Home အီရတ္ႏွင့္ ဆီးရီးယားမွ ရွီိယိုက္မူဆလင္အၾကမ္းဖက္အဖြဲ႕ကုိ အေမရိ ကန္ေလေၾကာင္းမွ တိုက္ခိုက္

အီရတ္ႏွင့္ ဆီးရီးယားမွ ရွီိယိုက္မူဆလင္အၾကမ္းဖက္အဖြဲ႕ကုိ အေမရိ ကန္ေလေၾကာင္းမွ တိုက္ခိုက္

Share this post

အီရတ္စစ္အေျခစိုက္စခန္းတစ္ခုမွာ အေမရိကန္ႏုိင္ငံသား ကန္ထရိုက္တာ ၁ ဦး ေရာ့ကတ္တိုက္ခိုက္မႈမွာ ေသ ဆံုးခဲ့ၿပီးေနာက္ အေမရိကန္က ဆီးရီးယားနဲ႔ အီရတ္မွာရွိတဲ့ ဟစ္ဇ္ဘိုလာအၾကမ္းဖက္အဖြဲ႕ေတြကို ေလ ေၾကာင္းတိုက္ခိုက္မႈနဲ႔ လက္တံု႔ျပန္ခဲ့ပါတယ္။

အီရတ္လံုၿခံဳေရးတပ္ဖြဲ႕ရဲ႕ သတင္းအရင္းအျမစ္ေတြအရ အေမရိကန္ရဲ႕ ဒီဇင္ဘာ ၂၉ ရက္ေန႔ ေလေၾကာင္း တုိက္ခိုက္မႈေၾကာင့္ အၾကမ္းဖက္သမား ၂၅ ဦးေသဆံုးၿပီ အနည္းဆံုး ၅၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ေသဆံုးသူေတြထဲမွာ အၾကမ္းဖက္အဖြဲ႕က တပ္မွဴးအဆင့္ ေခါင္းေဆာင္ ၄ ဦးလည္းပါ၀င္ခဲ့တယ္လို႔ သတင္းရရွိ ပါတယ္။ ပင္တဂြန္ရဲ႕ ေဖာ္ျပခ်က္အရ ေလေၾကာင္းတိုက္ခိုက္မႈေတြကို အီရတ္မွာရွိတဲ့ အီရန္က ေထာက္ပံ့ေပး ထားတဲ့ ရွီယိုက္မူဆလင္ အၾကမ္းဖက္အဖြဲ႕နဲ႔ ဆီးရီးယားမွာရွိတဲ့ တည္ေနရာႏွစ္ခုကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ တာလို႔သိရပါတယ္။

အခုေလေၾကာင္းတိုက္ခိုက္မႈကို F-15 တိုက္ေလယာဥ္ေတြနဲ႔ ျပဳလုပ္ခဲ့တာလို႔ အေမရိကန္အစိုးရအရာရွိ တစ္ဦး က အမည္မေဖာ္ပဲေျပာပါတယ္။

Ref; Reuters

#PeopleMedia #International

(Unicode)
အီရတ်နှင့် ဆီးရီးယားမှ ရှီိယိုက်မူဆလင်အကြမ်းဖက်အဖွဲ့ကို အမေရိ ကန်လေကြောင်းမှ တိုက်ခိုက်
……………………………………………………………

အီရတ်စစ်အခြေစိုက်စခန်းတစ်ခုမှာ အမေရိကန်နိုင်ငံသား ကန်ထရိုက်တာ ၁ ဦး ရော့ကတ်တိုက်ခိုက်မှုမှာ သေ ဆုံးခဲ့ပြီးနောက် အမေရိကန်က ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအကြမ်းဖက်အဖွဲ့တွေကို လေ ကြောင်းတိုက်ခိုက်မှုနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

အီရတ်လုံခြုံရေးတပ်ဖွဲ့ရဲ့ သတင်းအရင်းအမြစ်တွေအရ အမေရိကန်ရဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမား ၂၅ ဦးသေဆုံးပြီ အနည်းဆုံး ၅၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ အကြမ်းဖက်အဖွဲ့က တပ်မှူးအဆင့် ခေါင်းဆောင် ၄ ဦးလည်းပါဝင်ခဲ့တယ်လို့ သတင်းရရှိ ပါတယ်။ ပင်တဂွန်ရဲ့ ဖော်ပြချက်အရ လေကြောင်းတိုက်ခိုက်မှုတွေကို အီရတ်မှာရှိတဲ့ အီရန်က ထောက်ပံ့ပေး ထားတဲ့ ရှီယိုက်မူဆလင် အကြမ်းဖက်အဖွဲ့နဲ့ ဆီးရီးယားမှာရှိတဲ့ တည်နေရာနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာလို့သိရပါတယ်။

အခုလေကြောင်းတိုက်ခိုက်မှုကို F-15 တိုက်လေယာဉ်တွေနဲ့ ပြုလုပ်ခဲ့တာလို့ အမေရိကန်အစိုးရအရာရှိ တစ်ဦး က အမည်မဖော်ပဲပြောပါတယ်။

Ref; Reuters

#PeopleMedia #International


Share this post