• Follow Us on

Home အီရန်က နျူကလီးယားဗုံးတစ်လုံးအတွက် လိုအပ်တဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ၁၂ ရက်အတွင်းပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိပြော

အီရန်က နျူကလီးယားဗုံးတစ်လုံးအတွက် လိုအပ်တဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ၁၂ ရက်အတွင်းပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိပြော

Share this post

နိုင်ငံတကာ၊ မတ် ၁

 

အီရန်နိုင်ငံဟာ လက်ရှိအချိန်မှာ ၁၂ ရက်အတွင်း နျူကလီးယားဗုံးတစ်လုံးစာပေါက်ကွဲမှုပြုလုပ်နိုင်တဲ့ ပစ္စည်း တွေကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက ဖေဖော်ဝါ ရီလ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

အီရန်နိုင်ငံက နျူကလီးယားသဘောတူညီချက်တွေကို ပြန်လည်လိုက်နာလာအောင် ကြိုးပမ်းအားထုတ်နေစဉ် အတွင်း အီရန်နိုင်ငံရဲ့ နျူကလီးယားဗုံးထုတ်လုပ်နိုင်တဲ့အချိန်အတိုင်းအတာနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရ ရဲ့ ဆန်းစစ်လေ့လာမှုတွေထဲက အချက်တစ်ချက်ကို ကာကွယ်ရေးဝန်ကြီးဌာန မူဝါဒရေးရာအဖွဲ့က ဒုတိယ အ တွင်းဝန် ကိုလင်းခါးလ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ထရမ့်အစိုးရလက်ထက် ၂၀၁၅ နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက် သွားပြီးကတည်းက အီရန်နိုင်ငံရဲ့ နျူကလီးယားစီမံကိန်းဟာ အံ့သြဖွယ်ရာကောင်းလောက်အောင် တိုးတက် လာခဲ့ပြီဖြစ်တယ်လို့ ခါးလ်က ပြောပါတယ်။

 

“အရင်အမေရိကန်အစိုးရက နိုင်ငံပေါင်းစုံပူးတွဲဆောင်ရွက်ရေးစီမံချက် (Joint Comprehensive Plan of Action – JCPOA) ကနေ နုတ်ထွက်လိုက်တဲ့ ၂၀၁၈ ခုနှစ်တုန်းက အီရန်နိုင်ငံဟာ နျူကလီးယားဗုံးတစ်လုံးအ တွက် နျူကလီးယားပေါက်ကွဲမှုတစ်ခု one fissile လုပ်ဖို့ ၁၂ လလောက် အချိန်ယူရတယ်။ အခုအချိန်မှာ အဲဒီ လို နျူကလီးယားဗုံးတစ်လုံးစာ ပေါက်ကွဲမှုပစ္စည်းတွေပြုလုပ်ဖို့အတွက် ၁၂ ရက်ပဲအချိန်ယူရတော့တယ်။” လို့ ခါးလ်က အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီရဲ့ ကြားနာပွဲမှာပြောကြားခဲ့ပါတယ်။

 

နျူကလီးယားဗုံးထုတ်လုပ်ဖို့ ယူရေနီယံ သန့်စင်ရေး ၈၃.၇% အထိ ပြုလုပ်နိုင်ပြီဖြစ်တဲ့ ယူရေနီယံ ပါတီ ကယ်လ် မူလအရင်းအမြစ်တွေအကြောင်းကို နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) က အီရန်အစိုးရနဲ့ ဆွေးနွေး နေကြောင်း ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရေးသားခဲ့ပါတယ်။

 

“အီရန်နိုင်ငံဟာ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်နီးပါးရောက်ရှိအောင် ယူရေနီယံတွေကို သန့် စင်နိုင်ခဲ့ပြီဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့မြင်ရပြီးဖြစ်ပါတယ်။” လို့ နျူကလီးယားလက်နက်လျှော့ချ ရေးမူဝါဒရေးရာ ညွှန်ကြားရေးမှူး ကယ်လ်ဆီဒီဗန်းပို့တ်က CNN ကို ပြောပါတယ်။

 

အီရန်နိုင်ငံ ယူရေနီယံသန့်စင်ရေး တိုးတက်မှုဟာ အလွန်စိုးရိမ်စရာကောင်းတဲ့အချက်ဖြစ်ကြောင်း ဒီဗန်းပို့တ်က CNN ကို ပြောပါတယ်။

 

“အီရန်နိုင်ငံက နျူကလီးယားဗုံးသုံးလေးလုံးလောက်အတွက် လိုအပ်တဲ့နျူကလီးယားပေါက်ကွဲမှုပစ္စည်းတွေကို အမြန်ထုတ်လုပ်လာနိုင်ပြီဆိုရင် နျူကီးယားလက်နက်လျှော့ချရေးအစီအစဉ်တွေဟာ သိသိသာသာ အန္တရာယ် မြင့်တက်လာတော့မှာပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Top US Defense official says Iran could produce ‘one bomb’s worth of fissile material’ in ‘about 12 days’

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 


 

Ref: Top US Defense official says Iran could produce ‘one bomb’s worth of fissile material’ in ‘about 12 days’

 

#PeopleMedia


Share this post