• Follow Us on

Home အီရန်တပ်မတော်က တောင်ပိုင်းကမ်းရိုးတန်းတစ်လျောက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အီရန်တပ်မတော်က တောင်ပိုင်းကမ်းရိုးတန်းတစ်လျောက် စစ်ရေးလေ့ကျင့်မှု ပြုလုပ်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အီရန်မြေပြင်တပ်ဖွဲ့က Eghtedar-99 ဟု အမည်ဝှက်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို ယနေ့ နံနက်ပိုင်းက အီရန်နိုင်ငံအရှေ့တောင်ပိုင်းရှိ ဒေသများ၌ စတင်လိုက်ကြောင်း သိရသည်။

ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ် အဒိုရာဟင်၊ မြေပြင်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးချုပ် ကီယူမားစ်ဟိုင်ဒါရီနှင့် အခြား အကြီးတန်းစစ်ဘက်တာဝန်ရှိသူများ၏ တက်ရောက်သော အဆိုပါစစ်ရေးလေ့ကျင့်မှုကို လေတပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ အထူးတုံ့ပြန်ရေးတပ်မဟာများ၏ပါဝင်မှုဖြင့် အိုမန်ပင်လယ်တစ်လျောက် မာကရန်ကမ်းခြေတစ် လျောက် ပြုလုပ်လျက်ရှိသည်။

ထိုးစစ်ဆင်မှု စစ်ရေးလေ့ကျင့်မှုတွင် အထူးတုံ့ပြန်ရေးတပ်ဖွဲ့များ၊ တိုက်ခိုက်ရေးတပ်မဟာများ ပါဝင်မည်ဟု ဗိုလ်ချုပ် အဒိုရာဟင်က ပြောသည်။

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သော တပ်ဖွဲ့များက လေတပ်ဖွဲ့နှင့် မြေပြင်တပ်ဖွဲ့များ၏ ထောက်ပံ့ပို့ဆောင် ရေးနှင့် တိုက်ခိုက်ရေးပံ့ပိုးမှုရရှိမည်ဟု ၎င်းကဆိုသည်။

စစ်ရေးလေ့ကျင့်မှု၏ အဓိကရည်ရွယ်ချက်မှာ တိုက်ခိုက်ရေးတပ်မဟာများ၊ လက်ရုံးတပ်ဖွဲ့များ၊ မြေပြင် တပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှုစွမ်းရည် တိုးတက်လာစေရန်ဖြစ်ကြောင်း သူကဆိုသည်။

ကိုးကား – အမ်အန်အေ

Ref; Iran Army launches wargame along southern shores

#PeopleMedia

(unicode)
……………………………………………








Ref; Iran Army launches wargame along southern shores

#PeopleMedia


Share this post