• Follow Us on

Home အီရန်နိုင်ငံက ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အောင်မြင်စွာ စမ်းသပ်

အီရန်နိုင်ငံက ပြည်တွင်းဖြစ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အောင်မြင်စွာ စမ်းသပ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)

 

အီရန်နိုင်ငံက လေကြောင်းလေ့ကျင့်မှုတစ်ခုအတွင်း ပြည်တွင်းဖြစ် ဂျိုရှန်နှင့် ခါတမ် လေကြောင်းရန် ကာ ကွယ်ရေးစနစ်များကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အီရန်တပ်မှူးတစ်ဦးက ပြောကြားသည်။

 

Guardians of Velayat Sky 1400 ဟု အမည်ပေးထားသည့် အယ်လ်အန်ဘီယာ လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်သည့် လေတပ်လေ့ကျင့်မှုအတွင်း ဂျိုရှန်နှင့် ခါတမ်လေကြောင်းရန်ကာကွယ်ရေးစနစ်များက သတ် မှတ်ထားသောဒေသများသို့ တင်ရောက်လာသည့်ပစ်မှတ်များကို ချေမှုန်းနိုင်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ကာဒါရာ ဟင် ဇာဒါက ပြောကြားသည်။

 

အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို လေ့ကျင့်မှုတစ်ခုအတွင်း ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ထားသောပစ်မှတ်များကို လေကြောင်းရန်ကာကွယ်ရေးကွန်ရက်တစ်ခုက ချေမှုန်းခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 

သတ်မှတ်ထားသော ပစ်မှတ်များကို ချေမှုန်းနိုင်ခြင်းက အီလက်ထရောနစ်စစ်မြေပြင်တွင် ဘက်စုံကာကွယ်ရေး ကိုအခြေခံသည့် ဒုံးကျည်စနစ်များ၏ အကူအညီဖြင့် စစ်ရေးလေ့ကျင့်မှု၌ဆောင်ရွက်သည့် စမ်းသပ်မှုတစ်ခုဖြစ် ကြောင်း သူက ဆိုသည်။

 

အီရန်လေတပ်ဖွဲ့က တိုင်းပြည်၏ လေပိုင်နက်ကို ကာကွယ်စောင့်ရှောက်မည်ဖြစ်ပြီး သင့်တော်သော လေ ကြောင်းရန်ကာကွယ်ရေးစနစ်များ ပြည်တွင်း၌ ထုတ်လုပ်မည်ဖြစ်သည်။

 

စစ်ရေးလေ့ကျင့်မှုတွင် အီရန်လေတပ်ဖွဲ့၊ အီရန်ကာကွယ်ရေးတပ်ဖွဲ့အပြင် အစ္စလာမ္မစ်တော်လှန်ရေး အ စောင့်တပ်ဖွဲ့၏ အာကာသတပ်ဖွဲ့လည်း ပါဝင်လျက်ရှိသည်။

 

ကိုးကား – အိုင်အာအန်အေ

 

Ref; Iran successfully test-fires Joshan, Khatam air defense systems

 

#PeopleMedia #EPN

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 

Ref; Iran successfully test-fires Joshan, Khatam air defense systems

 

#PeopleMedia #EPN


Share this post