• Follow Us on

Home အီရန္ဗိုလ္ခ်ဳပ္က်ဆံုးခဲ့တဲ့ အေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈကို ႐ုရွားျပင္းျပင္းထန္ထန္ ေ၀ဖန္ရႈတ္ခ်

အီရန္ဗိုလ္ခ်ဳပ္က်ဆံုးခဲ့တဲ့ အေမရိကန္ေလေၾကာင္းတိုက္ခိုက္မႈကို ႐ုရွားျပင္းျပင္းထန္ထန္ ေ၀ဖန္ရႈတ္ခ်

Share this post

အေမရိကန္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အီရန္စစ္ဗိုလ္ခ်ဳပ္က်ဆံုးမႈအေပၚ ႐ုရွားက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ရႈတ္ခ်လိုက္ပါတယ္။

အီရန္ရဲ႕ အဓိကမဟာမိတ္ျဖစ္တဲ့ ႐ုရွားက ဗိုလ္ခ်ဳပ္ ဆိုလီမန္နီ လုပ္ႀကံသတ္ ျဖတ္ခံရမႈဟာ ေဒသတြင္း တည္ ၿငိမ္ေအးခ်မ္းေရးအတြက္ အပ်က္သေဘာေဆာင္တဲ့ ေနာက္ဆက္တြဲရလဒ္ေတြ ျဖစ္ေပၚလာေစလိမ့္မယ္လို႔ ေျပာပါတယ္။

အခုလိုလုပ္ေဆာင္ခ်က္ေတြဟာ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ရႈပ္ေထြးေနတဲ့ အေရွ႕အလယ္ပိုင္း ေဒသအေရးကို ေျဖရွင္းႏုိင္မွာမဟုတ္ဘူးလို႔ ရုရွားႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ဆိုလီမန္နီေသဆံုးၿပီးေနာက္မွာ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး မိုက္ပြမ္ပီယိုက အေမရိကန္အေနနဲ႔ အီရန္နဲ႔ စစ္ျဖစ္လိုခ်င္မရွိဘဲ အေမရိကန္ေတြကို တိုက္ခိုက္ဖို႔ ျပင္ဆင္ေနတဲ့ ဆိုလီမန္နီရဲ႕ အစီအစဥ္ေတြကို ဟန္႔တားျခင္းသာျဖစ္တယ္လို႔ ရုရွားႏိုင္ငံျခားေရး၀န္ႀကီးကို ဖုန္းဆက္အသိေပးခဲ့တယ္လို႔ သိရပါတယ္။

Ref; AFP

#PeopleMedia #International

(Unicode)
အီရန်ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ အမေရိကန်လေကြောင်းတိုက်ခိုက်မှုကို ရုရှားပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချ
…………………………………………………………

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်စစ်ဗိုလ်ချုပ်ကျဆုံးမှုအပေါ် ရုရှားက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အီရန်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ ရုရှားက ဗိုလ်ချုပ် ဆိုလီမန်နီ လုပ်ကြံသတ် ဖြတ်ခံရမှုဟာ ဒေသတွင်း တည် ငြိမ်အေးချမ်းရေးအတွက် အပျက်သဘောဆောင်တဲ့ နောက်ဆက်တွဲရလဒ်တွေ ဖြစ်ပေါ်လာစေလိမ့်မယ်လို့ ပြောပါတယ်။

အခုလိုလုပ်ဆောင်ချက်တွေဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ရှုပ်ထွေးနေတဲ့ အရှေ့အလယ်ပိုင်း ဒေသအရေးကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗိုလ်ချုပ်ဆိုလီမန်နီသေဆုံးပြီးနောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက အမေရိကန်အနေနဲ့ အီရန်နဲ့ စစ်ဖြစ်လိုချင်မရှိဘဲ အမေရိကန်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ ဆိုလီမန်နီရဲ့ အစီအစဉ်တွေကို ဟန့်တားခြင်းသာဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကို ဖုန်းဆက်အသိပေးခဲ့တယ်လို့ သိရပါတယ်။

Ref; AFP

#PeopleMedia #International


Share this post