• Follow Us on

Home အီရန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဒုတိယလႈိင္းကို ေၾကာက္လန္႔ေန

အီရန္မွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဒုတိယလႈိင္းကို ေၾကာက္လန္႔ေန

Share this post

တီဟီရန္၊ ဇြန္ ၅

အီရန္ႏိုင္ငံမွာ ႏွစ္ရက္ဆက္တိုက္ ကို႐ိုနာဗိုင္းရပ္စ္စံခ်ိန္တင္ကူးစက္မႈေတြ႐ွိေနလို႔ အေ႐ွ႕အလယ္ပိုင္းေဒသရဲ႕အႀကီးဆံုးကပ္ ဆိုက္ခဲ့တဲ့ေနရာကို ကူးစက္မႈဒုတိယလႈိင္း႐ွိလာမလားေၾကာက္လန္႔ေနၾကပါတယ္။

ဗုဒၶဟူးေန႔မွာ COVID-19 ထပ္တိုးအတည္ျပဳလူနာ ၃၅၇၄ ေယာက္႐ွိတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနကေျပာၿပီး ဒီပမာဏဟာ ၃ ရက္ဆက္တိုက္ကူးစက္သူ ၃၀၀၀ ေက်ာ္ခဲ့တာပါ။ ေနာက္ထပ္ ၅၉ ေယာက္လည္းေသဆံုးခဲ့ၿပီး ေသဆံုးသူစုစုေပါင္း ၈၀၇၁ ေယာက္႐ွိေနပါၿပီ လူခ်င္းခပ္ခြာခြာေနတဲ့စည္းမ်ဥ္းေတြနဲ႔ က်န္းမာေရးစည္းကမ္းေတြကိုမလိုက္နာရင္ ကန္႔သတ္မႈေတြျပန္သတ္ မွတ္သြားမယ္လို႔ သမၼတကေျပာပါတယ္။

ဗုဒၶဟူးေန႔က ကူးစက္ခံရသူေတြအတည္မျပဳေသးခင္မွာ တစ္ေန႔ကိုအမ်ားဆံုးကူးစက္ခဲ့တာ မတ္ ၃၀ ရက္ကျဖစ္ၿပီး ၃၁၈၆ ေယာက္ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း ကူးစက္ခံရသူေတြဆက္တိုက္က်ဆင္းခဲ့ၿပီး ေမ ၂ ရက္မွာ ကူးစက္ခံရသူ ၈၀၂ ေယာက္ ႐ွိခဲ့ပါတယ္။ လက္႐ွိအီရန္မွာ အတည္ျပဳလူနာ ၁၆၄၂၇၀ ေယာက္႐ွိေနပါၿပီ။

Ref : Coronavirus: Iran fears second wave after surge in cases

#PeopleMedia

(unicode)
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းကို ကြောက်လန့်နေ
……………………………………………………………..

တီဟီရန်၊ ဇွန် ၅

အီရန်နိုင်ငံမှာ နှစ်ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်စံချိန်တင်ကူးစက်မှုတွေရှိနေလို့ အရှေ့အလယ်ပိုင်းဒေသရဲ့အကြီးဆုံးကပ် ဆိုက်ခဲ့တဲ့နေရာကို ကူးစက်မှုဒုတိယလှိုင်းရှိလာမလားကြောက်လန့်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မှာ COVID-19 ထပ်တိုးအတည်ပြုလူနာ ၃၅၇၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပြီး ဒီပမာဏဟာ ၃ ရက်ဆက်တိုက်ကူးစက်သူ ၃၀၀၀ ကျော်ခဲ့တာပါ။ နောက်ထပ် ၅၉ ယောက်လည်းသေဆုံးခဲ့ပြီး သေဆုံးသူစုစုပေါင်း ၈၀၇၁ ယောက်ရှိနေပါပြီ လူချင်းခပ်ခွာခွာနေတဲ့စည်းမျဉ်းတွေနဲ့ ကျန်းမာရေးစည်းကမ်းတွေကိုမလိုက်နာရင် ကန့်သတ်မှုတွေပြန်သတ် မှတ်သွားမယ်လို့ သမ္မတကပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ကူးစက်ခံရသူတွေအတည်မပြုသေးခင်မှာ တစ်နေ့ကိုအများဆုံးကူးစက်ခဲ့တာ မတ် ၃၀ ရက်ကဖြစ်ပြီး ၃၁၈၆ ယောက်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကူးစက်ခံရသူတွေဆက်တိုက်ကျဆင်းခဲ့ပြီး မေ ၂ ရက်မှာ ကူးစက်ခံရသူ ၈၀၂ ယောက် ရှိခဲ့ပါတယ်။ လက်ရှိအီရန်မှာ အတည်ပြုလူနာ ၁၆၄၂၇၀ ယောက်ရှိနေပါပြီ။

Ref : Coronavirus: Iran fears second wave after surge in cases

#PeopleMedia


Share this post