• Follow Us on

Home အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ဒုံးက်ည္တပ္ အျမန္ေရယာဥ္ ၁၁၂ စင္း လက္ခံရရွိ

အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ဒုံးက်ည္တပ္ အျမန္ေရယာဥ္ ၁၁၂ စင္း လက္ခံရရွိ

Share this post

နိုင္ငံတကာ၊ ေမ ၃၁

အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ IRGC လက္ေအာက္ရွိ ေရတပ္ဖြဲ႕သည္ ေမလ ၂၈ ရက္က တိုင္းျပည္ ၏ ေတာင္ပိုင္းေရပိုင္နက္ ကာကြယ္ေရးစြမ္းရည္ျမႇင့္တင္မည့္ ဒုံးက်ည္ပစ္လႊတ္နိုင္ေသာ အျမန္ေရယာဥ္ ၁၁၂ စင္း ရရွိခဲ့သည္။

အခမ္းအနားတြင္ IRGC တပ္မႉး ဗိုလ္ခ်ဳပ္ ေဟာ့စိန္ဆာလာမီက ကာကြယ္ေရးနယ္ပယ္တြင္ အီရန္နိုင္ငံ ၏ သိသိသာသာ တိုးတက္လာမႈကို အေလးထားေျပာၾကားခဲ့ၿပီး ၿခိမ္းေျခာက္လာသည့္ ရန္သူမ်ားကို အီရန္နိုင္ငံက အမႈန႔္ေခ်ပစ္မည္ဟု ေျပာၾကားလိုက္သည္။

အီရန္ ကာကြယ္ေရးဝန္ႀကီး ဟာတာမီကလည္း ပါရွားပင္လယ္ေကြ႕၏ ပထဝီနိုင္ငံေရးအရ အေရးပါမႈကို မီးေမာင္းထိုးျပခဲ့ၿပီး တိုက္သုံးတိုက္ကို ခ်ိတ္ဆက္ေပးသည့္ ကမာၻေပၚတြင္ မဟာဗ်ဴဟာအရ အေရးပါဆုံးေဒသ တစ္ခုျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အျမန္ေရယာဥ္မ်ားကို ကာကြယ္ေရးဝန္ႀကီးဌာန၏ ေရတပ္လုပ္ငန္းမ်ား အဖြဲ႕အစည္းႏွင့္ IRGC ၏ ေရ တပ္ နည္းပညာဆိုင္ရာ ဗဟိုဌာနမ်ား၏ လက္ေအာက္ရွိ ကုမၸဏီမ်ားက ျပည္တြင္း၌ ထုတ္လုပ္ထားျခင္း ျဖစ္သည္။

စြမ္းေဆာင္ရည္ျမင့္မားေသာ အျမန္ေရယာဥ္မ်ားေၾကာင့္ ပါရွားပင္လယ္ေကြ႕ႏွင့္ ေဟာ္မုဇ္ေရလက္ၾကား တြင္ IRGC ၏ တိုက္ခိုက္ေရးစြမ္းပကား တိုးတက္လာေစေရးကို ႀကီးမားေသာ အက်ိဳးသက္ေရာက္မႈတစ္ခု ရွိလာ မည္ဟု နိုင္ငံပိုင္ IRNA သတင္းဌာနက ေဖာ္ျပခဲ့သည္။

အျမန္ေရယာဥ္မ်ားကို သေဘၤာဖ်က္ဒုံးမ်ား တပ္ဆင္ထားၿပီး အျမန္ဆုံးေမာင္းႏွင္နိုင္မႈမွာ တစ္နာရီလ်င္ ေရမိုင္ ၉၂ မိုင္ျဖစ္သည္။

ကိုးကား – IRNA

Ref; Iran’s IRGC receives 112 missile-launching capable speedboats

[Unicode]
အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒုံးကျည်တပ် အမြန်ရေယာဉ် ၁၁၂ စင်း လက်ခံရရှိ
……………………………………………………………………………..

နိုင်ငံတကာ၊ မေ ၃၁

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC လက်အောက်ရှိ ရေတပ်ဖွဲ့သည် မေလ ၂၈ ရက်က တိုင်းပြည် ၏ တောင်ပိုင်းရေပိုင်နက် ကာကွယ်ရေးစွမ်းရည်မြှင့်တင်မည့် ဒုံးကျည်ပစ်လွှတ်နိုင်သော အမြန်ရေယာဉ် ၁၁၂ စင်း ရရှိခဲ့သည်။

အခမ်းအနားတွင် IRGC တပ်မှူး ဗိုလ်ချုပ် ဟော့စိန်ဆာလာမီက ကာကွယ်ရေးနယ်ပယ်တွင် အီရန်နိုင်ငံ ၏ သိသိသာသာ တိုးတက်လာမှုကို အလေးထားပြောကြားခဲ့ပြီး ခြိမ်းခြောက်လာသည့် ရန်သူများကို အီရန်နိုင်ငံက အမှုန့်ချေပစ်မည်ဟု ပြောကြားလိုက်သည်။

အီရန် ကာကွယ်ရေးဝန်ကြီး ဟာတာမီကလည်း ပါရှားပင်လယ်ကွေ့၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး တိုက်သုံးတိုက်ကို ချိတ်ဆက်ပေးသည့် ကမ္ဘာပေါ်တွင် မဟာဗျူဟာအရ အရေးပါဆုံးဒေသ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမြန်ရေယာဉ်များကို ကာကွယ်ရေးဝန်ကြီးဌာန၏ ရေတပ်လုပ်ငန်းများ အဖွဲ့အစည်းနှင့် IRGC ၏ ရေ တပ် နည်းပညာဆိုင်ရာ ဗဟိုဌာနများ၏ လက်အောက်ရှိ ကုမ္ပဏီများက ပြည်တွင်း၌ ထုတ်လုပ်ထားခြင်း ဖြစ်သည်။

စွမ်းဆောင်ရည်မြင့်မားသော အမြန်ရေယာဉ်များကြောင့် ပါရှားပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြား တွင် IRGC ၏ တိုက်ခိုက်ရေးစွမ်းပကား တိုးတက်လာစေရေးကို ကြီးမားသော အကျိုးသက်ရောက်မှုတစ်ခု ရှိလာ မည်ဟု နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။

အမြန်ရေယာဉ်များကို သင်္ဘောဖျက်ဒုံးများ တပ်ဆင်ထားပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုမှာ တစ်နာရီလျင် ရေမိုင် ၉၂ မိုင်ဖြစ်သည်။

ကိုးကား – IRNA

Ref; Iran’s IRGC receives 112 missile-launching capable speedboats


Share this post