• Follow Us on

Home အီရန်၊ ရုရှား၊ တရုတ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်မည်

အီရန်၊ ရုရှား၊ တရုတ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၁ (People Media)

 

ဒေသတွင်း ဘုံအကျိုးစီးပွားလုံခြုံရေးအတွက် အင်အားဖြည့်တင်းရန် နည်းလမ်းများရှာဖွေရင်း အီရန်၊ ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အိန္ဒိိယသမုဒ္ဒရာအတွင်း ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီရန်ရေတပ်အရာရှိတစ်ဦးက ဇန်နဝါရီလ ၂၀ ရက်နေ့က ပြောသည်။

 

ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုဆောင်ရွက်မည်ဆိုသည့် ကြေညာချက်မှာ အီရန်သမ္မတအီဘရာဟင်ရိုင်စီ၏ မော်စကိုခရီးစဉ်နှင့် တိုက်ဆိုင်လျက်ရှိသည်။ အီရန်အစိုးရအနေဖြင့် ရုရှားအစိုးရနှင့် ဆက်ဆံရေးတိုးမြှင့်ရာတွင် အကန့်အသတ်မရှိကြောင်း အီရန်သမ္မတက မော်စကိုခရီးစဉ်တွင် ပြောဆိုခဲ့သည်။

 

အီရန်နိုင်ငံနှင့် ရုရှား၊ တရုတ်တို့ပါဝင်သော ကမ္ဘာ့အင်အားကြီးနိုင်ငံများကြားချုပ်ဆိုထားသည့် ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူစာချုပ်မှ ကယ်တင်ရန်ရည်ရွယ်၍ ဗီယင်နာမြို့တွင် ဆွေးနွေးပွဲများ ကျင်းပနေစဉ်အ တွင်း ယခုစစ်ရေးလေ့ကျင့်မှုကိစ္စပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

နျူကလီးယားစီမံကိန်းများ ကန့်သတ်ထိန်းချုပ်ရေးအတွက် အပြန်အလှန်အားဖြင့် အီရန်နိုင်ငံ အပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများမှ သက်သာခွင့်ရရှိရန် ယင်းစာချုပ်က ကမ်းလှမ်းခဲ့သည်။

 

၂၀၁၈ ခုနှစ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အမိန့်ဖြင့် အမေရိကန်နိုင်ငံသည် ယင်းစာချုပ်မှ တစ်ဖက် သတ်နုတ်ထွက်ခဲ့ပြီး အီရန်နိုင်ငံအပေါ် စီးပွားရေးအရေးယူပိတ်ဆို့မှုများ ပြန်လည်ပြဋ္ဌာန်းခဲ့ရာ အီရန်နိုင်ငံက လည်း ၎င်းတို့သဘောတူထားသည့်ကတိကဝတ်များကို ပြန်လည်ချိုးဖောက်ခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုတွင် အီရန်တပ်မတော် ရေတပ်မှ စစ်သင်္ဘော ၁၁ စီး၊ အီရန်တော်လှန်ရေးအစောင့်တပ် ရေ တပ်မှ စစ်သင်္ဘော ၃ စီး၊ ရုရှားရေတပ်မှ စစ်သင်္ဘော ၃ စီးနှင့် တရုတ်ရေတပ်မှ စစ်သင်္ဘော ၂ စီးပါဝင်ေ့လကျင့် သွားမည်ဖြစ်ကြောင်း အီရန်ရေတပ်ဗိုလ်ချုပ်ကြီး မူစတာဖာ တာဂျစ်ဒီနီက အစိုးရပိုင်ရုပ်သံဌာနကို ပြောသည်။

 

စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း စတုရန်းကီလိုမီတာ ၁၇,၀၀၀ (စတုရန်းမိုင်ပေါင်း ၆,၆၀၀) အ တွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

 

စစ်ရေးလေ့ကျင့်မှုဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ စစ်ရေးစွမ်းရည်နှင့် တိုက်ပွဲဝင်အသင့်ဖြစ်မှုကို မြှင့်တင်  ရန်၊ အီရန်၊ ရုရှား၊ တရုတ် ရေတပ်များကြား စစ်ဘက်ဆိုင်ရာဆက်ဆံရေးများကို တိုးမြှင့်သွားရန်နှင့် ဘုံအကျိုး စီးပွားလုံခြုံရေးနှင့် ပင်လယ်ပြင်အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများကို တိကျသေချာအောင်ဆောင်ရွက် သွားနိုင်ရန်တို့ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ပင်လယ်ကွေ့ဒေသတွင်း အီရန်နိုင်ငံနှင့် အမေရိကန်မဟာမိတ်အာရပ်နိုင်ငံများကြား ဆက်ဆံရေးတင်းမာနေ သည့် ၂၀၁၉ ခုနှစ် နှောင်းပိုင်းကာလကလည်းအဆိုပါသုံးနိုင်ငံသည် အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာတို့ တွင် အလားတူစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

 

Ref: Iran, Russia, China to Stage Indian Ocean War Games

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Iran, Russia, China to Stage Indian Ocean War Games

 

#PeopleMedia


Share this post