• Follow Us on

Home အီရန္ၿမိဳ႕ေတာ္ကေဆးခန္းမွာေပါက္ကြဲမႈေၾကာင့္ လူဒါဇင္ခ်ီေသဆံုး

အီရန္ၿမိဳ႕ေတာ္ကေဆးခန္းမွာေပါက္ကြဲမႈေၾကာင့္ လူဒါဇင္ခ်ီေသဆံုး

Share this post

တီဟီရန္၊ ဇူလိုင္ ၁

အီရန္ၿမိဳ႕ေတာ္တီဟီရန္ကေဆးခန္းတစ္ခုမွာေပါက္ကြဲမႈျဖစ္လို႔ အနည္းဆံုးလူ ၁၉ ေယာက္ေသဆံုးခဲ့တယ္ဆိုၿပီး အရာ႐ွိေတြကေျပာပါတယ္။

ဆီနာအာသာေဆးခန္းကျဖစ္ရပ္ေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားဒဏ္ရာရခဲ့ၿပီး ေသဆံုးသူေတြျမင့္တက္လာႏိုင္တယ္လို႔လည္း စိုးရိမ္ေနၾကပါတယ္။

ဓာတ္ေငြ႕ယိုစိမ့္မႈေၾကာင့္ ေပါက္ကြဲမႈျဖစ္တာလို႔ အရာ႐ွိႀကီးေတြကေျပာတယ္ဆိုၿပီး အီရန္အစိုးရမီဒီယာေတြကေဖာ္ျပေနပါတယ္။

အာဏာပိုင္ေတြရဲ႕အေျပာအရေတာ့ အဂၤါေန႔ကျဖစ္ပြားတဲ့အဲဒီေပါက္ကြဲမႈမွာ အထိအခိုက္႐ွိသူေတြဟာ အမ်ိဳးသမီးေတြျဖစ္တယ္လို႔ သိရပါတယ္။

အထိအခိုက္႐ွိသူတခ်ိဳ႕ဟာ အေပၚထပ္က ခြဲစိတ္န္းေတြမွာ႐ွိေနသူေတြျဖစ္ၿပီး အပူခ်ိန္နဲ႔မီးခိုးထူတာေၾကာင့္ေသဆံုးခဲ့တာလို႔ တီဟီရန္မီးသတ္ဌာနေျပာခြင့္ရသူ ဂ်ာလား မာလီကီကေျပာတယ္လို႔ အစိုးရမီဒီယာေတြမွာေဖာ္ျပပါတယ္။

ေပါက္ကြဲမႈျဖစ္ပြားခ်ိန္မွာ ခြဲစိတ္မႈေတြနဲ႔ဓာတ္မွန္႐ိုက္တာေတြလုပ္တဲ့အဲဒီေဆးခန္းမွာ ၀န္ထမ္း ၂၅ ေယာက္႐ွိေနတယ္လို႔လည္းေျပာပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက စစ္စခန္းတစ္ခုနားမွာေပါက္ကြဲမႈျဖစ္ပြားလို႔ တီဟီရန္တစ္ၿမိဳ႕လံုးတုန္လႈပ္ေျခာက္ျခားခဲ့ၿပီးေနာက္ အခုေပါက္ကြဲမႈျဖစ္ပြားတာပါ။

စစ္စခန္းနားကေပါက္ကြဲမႈကိုလည္း အာဏာပိုင္ေတြက ဓာတ္ေငြ႕ယိုစိမ္႔ၿပီးေနာက္ ေပါက္ကြဲမႈျဖစ္ပြားတာလို႔ အာဏာပိုင္ေတြကေျပာပါတယ္။

Ref : Tehran clinic hit by deadly explosion

#PeopleMedia

(unicode)
အီရန်မြို့တော်ကဆေးခန်းမှာပေါက်ကွဲမှုကြောင့် လူဒါဇင်ချီသေဆုံး
………………………………………………..

တီဟီရန်၊ ဇူလိုင် ၁

အီရန်မြို့တော်တီဟီရန်ကဆေးခန်းတစ်ခုမှာပေါက်ကွဲမှုဖြစ်လို့ အနည်းဆုံးလူ ၁၉ ယောက်သေဆုံးခဲ့တယ်ဆိုပြီး အရာရှိတွေကပြောပါတယ်။

ဆီနာအာသာဆေးခန်းကဖြစ်ရပ်ကြောင့် လူတော်တော်များများဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေမြင့်တက်လာနိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။

ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှုဖြစ်တာလို့ အရာရှိကြီးတွေကပြောတယ်ဆိုပြီး အီရန်အစိုးရမီဒီယာတွေကဖော်ပြနေပါတယ်။

အာဏာပိုင်တွေရဲ့အပြောအရတော့ အင်္ဂါနေ့ကဖြစ်ပွားတဲ့အဲဒီပေါက်ကွဲမှုမှာ အထိအခိုက်ရှိသူတွေဟာ အမျိုးသမီးတွေဖြစ်တယ်လို့ သိရပါတယ်။

အထိအခိုက်ရှိသူတချို့ဟာ အပေါ်ထပ်က ခွဲစိတ်န်းတွေမှာရှိနေသူတွေဖြစ်ပြီး အပူချိန်နဲ့မီးခိုးထူတာကြောင့်သေဆုံးခဲ့တာလို့ တီဟီရန်မီးသတ်ဌာနပြောခွင့်ရသူ ဂျာလား မာလီကီကပြောတယ်လို့ အစိုးရမီဒီယာတွေမှာဖော်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ခွဲစိတ်မှုတွေနဲ့ဓာတ်မှန်ရိုက်တာတွေလုပ်တဲ့အဲဒီဆေးခန်းမှာ ဝန်ထမ်း ၂၅ ယောက်ရှိနေတယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်စခန်းတစ်ခုနားမှာပေါက်ကွဲမှုဖြစ်ပွားလို့ တီဟီရန်တစ်မြို့လုံးတုန်လှုပ်ခြောက်ခြားခဲ့ပြီးနောက် အခုပေါက်ကွဲမှုဖြစ်ပွားတာပါ။

စစ်စခန်းနားကပေါက်ကွဲမှုကိုလည်း အာဏာပိုင်တွေက ဓာတ်ငွေ့ယိုစိမ့်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားတာလို့ အာဏာပိုင်တွေကပြောပါတယ်။

Ref : Tehran clinic hit by deadly explosion

#PeopleMedia


Share this post