• Follow Us on

Home အီရန္ႏိုင္ငံက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ဖမ္းဆီးဝရမ္း ထုတ္ လိုက္ၿပီ

အီရန္ႏိုင္ငံက အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ဖမ္းဆီးဝရမ္း ထုတ္ လိုက္ၿပီ

Share this post

၂၀၂၀၊ ဇြန္ ၃၀

အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီးအား သတ္ျဖတ္မႈတြင္ သံသယျဖစ္ဖြယ္ရာ ပါဝင္မႈေၾကာင့္ အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္ႏွင့္ အျခား ၃၅ ဦးကို အီရန္ႏိုင္ငံက ဖမ္းဆီးဝရမ္းတစ္ခုထုတ္လိုက္သည္။

ကာဆင္းဆူေလမန္နီမွာ အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕၏ ေခါင္းေဆာင္ျဖစ္ခဲ့ၿပီး အီရတ္ႏိုင္ငံ၊ ဘဂၢဒတ္ၿမိဳ႕ ၌ အေမရိကန္ႏိုင္ငံ၏ ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုအတြင္း သတ္ျဖတ္ခံခဲ့ရသည္။

အီရန္ႏိုင္ငံပိုင္မီဒီယာမ်ားက ဖမ္းဆီးဝရမ္းထုတ္မႈႏွင့္ပတ္သက္၍ ယမန္ေန႔က ေဖာ္ျပခဲ့သည္။ သမၼတ ေဒၚနယ္ ထရမ့္၊ စစ္ဘက္ႏွင့္ အရပ္ဘက္တာဝန္ရွိသူ ၄၅ ဦးမွာ အလိုရွိသူစာရင္းတြင္ပါဝင္ေၾကာင္း အဆိုပါသတင္းက ဆိုသည္။

အီရန္ႏိုင္ငံက အျပည္ျပည္ဆိုင္ရာရဲတပ္ဖြဲ႕(အင္တာပိုလ္)အား အကူအညီေတာင္းထားေၾကာင္း၊ ေဒၚနယ္ထရမ့္ ရာထူးမွဆင္းရလ်င္ အမႈကိုဆက္လက္ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အီရန္ႏိုင္ငံကေျပာသည္။

ဗိုလ္ခ်ဳပ္ႀကီး ဆူေလမန္နီလုပ္ႀကံခံရၿပီးၿပီးခ်င္း အိမ္နီးခ်င္းအီရတ္ႏိုင္ငံရွိ အေမရိကန္စစ္ဘက္စခန္းမ်ားကို အီရန္ ႏိုင္ငံက ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ အီရန္ႏွင့္အေမရိကန္ၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့သည္။

အီရန္ႏိုင္ငံ၏လုပ္ေဆာင္ခ်က္က ျပည္သူ အထူးသျဖင့္ ေရွး႐ိုးစြဲမ်ား၏ သေဘာထားကိုျပသရန္ ရည္ရြယ္ၿပီး အေမရိကန္ႏိုင္ငံႏွင့္ပတ္သက္၍ ခိုင္မာေသာရပ္တည္ခ်က္အျပင္ ဗိုလ္ခ်ဳပ္ႀကီးလုပ္ႀကံခံရမႈက တရားမွ်တမႈမ ရွိဟူ၍ ႏိုင္ငံတကာအသိုင္းအဝိုင္းထံ အယူခံဝင္ျခင္းဟု ေလ့လာသူမ်ားက ေျပာသည္။

ကိုးကား ။ ။ အန္အိတ္ခ်္ေက

Ref; Iran issues arrest warrant for Trump, others

#PeopleMedia

(unicode)
အီရန်နိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဖမ်းဆီးဝရမ်း ထုတ် လိုက်ပြီ
…………………………………………………

၂၀၂၀၊ ဇွန် ၃၀

အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီးအား သတ်ဖြတ်မှုတွင် သံသယဖြစ်ဖွယ်ရာ ပါဝင်မှုကြောင့် အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်နှင့် အခြား ၃၅ ဦးကို အီရန်နိုင်ငံက ဖမ်းဆီးဝရမ်းတစ်ခုထုတ်လိုက်သည်။

ကာဆင်းဆူလေမန်နီမှာ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့ ၌ အမေရိကန်နိုင်ငံ၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သတ်ဖြတ်ခံခဲ့ရသည်။

အီရန်နိုင်ငံပိုင်မီဒီယာများက ဖမ်းဆီးဝရမ်းထုတ်မှုနှင့်ပတ်သက်၍ ယမန်နေ့က ဖော်ပြခဲ့သည်။ သမ္မတ ဒေါ်နယ် ထရမ့်၊ စစ်ဘက်နှင့် အရပ်ဘက်တာဝန်ရှိသူ ၄၅ ဦးမှာ အလိုရှိသူစာရင်းတွင်ပါဝင်ကြောင်း အဆိုပါသတင်းက ဆိုသည်။

အီရန်နိုင်ငံက အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့(အင်တာပိုလ်)အား အကူအညီတောင်းထားကြောင်း၊ ဒေါ်နယ်ထရမ့် ရာထူးမှဆင်းရလျင် အမှုကိုဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံကပြောသည်။

ဗိုလ်ချုပ်ကြီး ဆူလေမန်နီလုပ်ကြံခံရပြီးပြီးချင်း အိမ်နီးချင်းအီရတ်နိုင်ငံရှိ အမေရိကန်စစ်ဘက်စခန်းများကို အီရန် နိုင်ငံက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် အီရန်နှင့်အမေရိကန်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အီရန်နိုင်ငံ၏လုပ်ဆောင်ချက်က ပြည်သူ အထူးသဖြင့် ရှေးရိုးစွဲများ၏ သဘောထားကိုပြသရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံနှင့်ပတ်သက်၍ ခိုင်မာသောရပ်တည်ချက်အပြင် ဗိုလ်ချုပ်ကြီးလုပ်ကြံခံရမှုက တရားမျှတမှုမ ရှိဟူ၍ နိုင်ငံတကာအသိုင်းအဝိုင်းထံ အယူခံဝင်ခြင်းဟု လေ့လာသူများက ပြောသည်။

ကိုးကား ။ ။ အန်အိတ်ခ်ျကေ

Ref; Iran issues arrest warrant for Trump, others

#PeopleMedia


Share this post