• Follow Us on

Home အီရန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၃၈ ဦး ေသဆုံး

အီရန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၃၈ ဦး ေသဆုံး

Share this post

ႏိုင္ငံတကာ၊ ဇူလိုင္ ၂၂

အီရန္ႏိုင္ငံတြင္ ေဖေဖာ္ဝါရီလအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ပထမဆုံး ေတြ႕ရွိၿပီးေနာက္ပိုင္း အဆိုပါကပ္ေရာ ဂါေၾကာင့္ က်န္းမာေရးဝန္ထမ္း ၁၃၈ ဦး ကြယ္လြန္ခဲ့ေၾကာင္း သိရသည္။

အသက္ဆုံးရႈံးခဲ့သူ က်န္းမာေရးဝန္ထမ္း ၆၀ ရာခိုင္ႏႈန္းခန္႔မွာ ဆရာဝန္မ်ားျဖစ္ၿပီး ၂၁ ရာခိုင္ႏႈန္းမွာ သူ နာျပဳမ်ားျဖစ္ေၾကာင္း ISNA သတင္းဌာနက အီရန္ က်န္းမာေရးေကာင္စီ ျပည္သူ့ဆက္ဆံေရးမန္ေနဂ်ာ ေဟာ္စိန္ ကာမန္ပူအား ကိုးကား၍ ေဖာ္ျပခဲ့သည္။

ေသဆုံးသူမ်ား၏ ၁၉ ရာခိုင္ႏႈန္းမွာ ဓာတ္ခြဲခန္းဝန္ထမ္းမ်ား ျဖစ္သည္။ အီရန္ႏိုင္ငံတြင္ လက္ရွိအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ၂၇၈၈၂၇ မႈႏွင့္ ေသဆုံးသူ ၁၄၆၃၄ ဦးရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ေျပာၾကား ခ်က္အရ သိရသည္။

ကိုဗစ္-၁၉ ေရာဂါ ပထမဆုံးႀကဳံေတြ႕ခဲ့ရေသာ ေဒသတြင္း တိုင္းျပည္တစ္ခုျဖစ္သည့္ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ ပထမဆုံး လူႏွစ္ဦးေသဆုံးမႈမွာ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ တီဟီရန္ၿမိဳ႕ေတာ္၏ ေတာင္ဘက္ ကီလိုမီတာ ၁၄၀ ခန္႔အကြာ ကြမ္ၿမိဳ႕ေတာ္၌ ျဖစ္ပြားခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ ပထမလႈိင္းျဖစ္ပြားခ်ိန္ ဧၿပီလ ၄ ရက္က လူ ၁၅၈ ဦး ေသဆုံးမႈက တစ္ရက္အတြင္း လူ အေသအေပ်ာက္အျမင့္ဆုံး ေန႔ရက္ျဖစ္ခဲ့ၿပီး ေမလ ၂၅ ရက္တြင္ အနိမ့္ဆုံးအဆင့္အျဖစ္ ၃၄ ဦးအထိ ေလ်ာ့နည္း သြားခဲ့သည္။

ဇြန္လအတြင္း အာဏာပိုင္မ်ားက အသြားအလာကန္႔သတ္မႈမ်ား ေျဖေလွ်ာ့ခဲ့ျခင္းေၾကာင့္ ဇူလိုင္လတြင္ ေန႔အလိုက္ ကူးစက္မႈႏွင့္ ေသဆုံးမႈမ်ား ျပန္လည္ျမင့္တက္လာခဲ့သည္။

ဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းထိန္းခ်ဳပ္ရန္ ဇူလိုင္လ ၅ ရက္မွစ၍ အမ်ားျပည္သူပိုင္ေနရာမ်ားတြင္ ႏွာေခါင္း စည္းတပ္ဆင္ျခင္းအပါအဝင္ က်န္းမာေရးအရ မျဖစ္မေနလိုက္နာရမည့္ က်န္းမာေရး လမ္းၫႊန္ခ်က္မ်ား ထုတ္ျပန္ ခဲ့သည္။

ကိုးကား – အနာဒိုလူ

Ref; Iran: 138 health personnel died due to coronavirus

(unicode)
အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးဝန်ထမ်း ၁၃၈ ဦး သေဆုံး
……………………………………………………………………..

နိုင်ငံတကာ၊ ဇူလိုင် ၂၂

အီရန်နိုင်ငံတွင် ဖေဖော်ဝါရီလအတွင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး တွေ့ရှိပြီးနောက်ပိုင်း အဆိုပါကပ်ရော ဂါကြောင့် ကျန်းမာရေးဝန်ထမ်း ၁၃၈ ဦး ကွယ်လွန်ခဲ့ကြောင်း သိရသည်။

အသက်ဆုံးရှုံးခဲ့သူ ကျန်းမာရေးဝန်ထမ်း ၆၀ ရာခိုင်နှုန်းခန့်မှာ ဆရာဝန်များဖြစ်ပြီး ၂၁ ရာခိုင်နှုန်းမှာ သူ နာပြုများဖြစ်ကြောင်း ISNA သတင်းဌာနက အီရန် ကျန်းမာရေးကောင်စီ ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဟော်စိန် ကာမန်ပူအား ကိုးကား၍ ဖော်ပြခဲ့သည်။

သေဆုံးသူများ၏ ၁၉ ရာခိုင်နှုန်းမှာ ဓာတ်ခွဲခန်းဝန်ထမ်းများ ဖြစ်သည်။ အီရန်နိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၂၇၈၈၂၇ မှုနှင့် သေဆုံးသူ ၁၄၆၃၄ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြား ချက်အရ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ပထမဆုံးကြုံတွေ့ခဲ့ရသော ဒေသတွင်း တိုင်းပြည်တစ်ခုဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကြောင့် ပထမဆုံး လူနှစ်ဦးသေဆုံးမှုမှာ ဖေဖော်ဝါရီ ၁၉ ရက်တွင် တီဟီရန်မြို့တော်၏ တောင်ဘက် ကီလိုမီတာ ၁၄၀ ခန့်အကွာ ကွမ်မြို့တော်၌ ဖြစ်ပွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းဖြစ်ပွားချိန် ဧပြီလ ၄ ရက်က လူ ၁၅၈ ဦး သေဆုံးမှုက တစ်ရက်အတွင်း လူ အသေအပျောက်အမြင့်ဆုံး နေ့ရက်ဖြစ်ခဲ့ပြီး မေလ ၂၅ ရက်တွင် အနိမ့်ဆုံးအဆင့်အဖြစ် ၃၄ ဦးအထိ လျော့နည်း သွားခဲ့သည်။

ဇွန်လအတွင်း အာဏာပိုင်များက အသွားအလာကန့်သတ်မှုများ ဖြေလျှော့ခဲ့ခြင်းကြောင့် ဇူလိုင်လတွင် နေ့အလိုက် ကူးစက်မှုနှင့် သေဆုံးမှုများ ပြန်လည်မြင့်တက်လာခဲ့သည်။

ဗိုင်းရပ်စ် ကူးစက်မှုနှုန်းထိန်းချုပ်ရန် ဇူလိုင်လ ၅ ရက်မှစ၍ အများပြည်သူပိုင်နေရာများတွင် နှာခေါင်း စည်းတပ်ဆင်ခြင်းအပါအဝင် ကျန်းမာရေးအရ မဖြစ်မနေလိုက်နာရမည့် ကျန်းမာရေး လမ်းညွှန်ချက်များ ထုတ်ပြန် ခဲ့သည်။

ကိုးကား – အနာဒိုလူ

Ref; Iran: 138 health personnel died due to coronavirus


Share this post