• Follow Us on

Home အီရန္ႏ်ဴကလီးယားသိပၸံပညာ႐ွင္ကို အစၥေရးသတ္ခဲ့ျခင္းဟု အေမရိကန္အရာ႐ွိႀကီးေျပာ

အီရန္ႏ်ဴကလီးယားသိပၸံပညာ႐ွင္ကို အစၥေရးသတ္ခဲ့ျခင္းဟု အေမရိကန္အရာ႐ွိႀကီးေျပာ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၃
 
အီရန္ႏိုင္ငံ၏ထိပ္တန္းႏ်ဴကလီးယားသိပၸံပညာ႐ွင္လုပ္ၾကံခံရမႈေနာက္ကြယ္တြင္ အစၥေရး႐ွိေနေၾကာင္း အေမရိကန္အႀကီးတန္း အုပ္ခ်ဳပ္ေရးအရာ႐ွိတေယာက္ကေျပာေသာ္လည္း ထရမ့္အစိုးရက တိုက္ခိုက္မႈမျဖစ္ခင္ ထိုျဖစ္ရပ္ကိုသိခဲ့ျခင္း႐ွိ၊ မ႐ွိ သို႔ ေထာက္ပံ့ခဲ့ျခင္း႐ွိ၊ မ႐ွိတို႔ကို အေသးစိတ္ထုတ္မေျပာေခ်။
 
ယခင္က အစၥေရးသည္ အေမရိကန္ကို ပစ္မွတ္မ်ား၏အခ်က္အလက္မ်ားႏွင့္ တိတ္တဆိတ္စစ္ဆင္ေရးမ်ားအေၾကာင္း ေ၀မွ် ခဲ့ေသာ္လည္း ယခုျဖစ္ရပ္တြင္ သူတို႔ေ၀မွ်ခဲ့ျခင္း႐ွိ၊ မ႐ွိ ထိုအရာ႐ွိကမေျပာေခ်။
 
ေသာၾကာေန႔တြင္ အီရန္ႏ်ဴကလီးယားသိပၸံပညာ႐ွင္ မိုဆန္ ဖာခရီဇာဒက္ ကို အစၥေရးမ်ားက ၾကာ႐ွည္ပစ္မွတ္ထားေနသည္ဟု လည္းေျပာသည္။
 
တိုက္ခိုက္မႈအတြက္ အစၥေရးကို အီရန္ကအျပစ္တင္ေနၿပီး စစ္ဆင္ေရးသည္ အစၥေရး၏ႏိုင္ငံျခားေထာက္လွမ္းေရးေအဂ်င္စီေ ေမာ့ဆက္ ၏လကၡဏာမ်ားႏွင့္ဆင္တူေနသည္ဟုေျပာသည္။
 
အီရန္ႏိုင္ငံက ထိုလုပ္ရပ္အတြက္ အေထာက္အထားမျပႏိုင္ေသာ္လည္း ေသဆံုးမႈေနာက္ကြယ္တြင္ ႐ွိေနေၾကာင္း ၀န္ခံျခင္းသို႔ ျငင္းဆိုျခင္းမ်ား အစၥေရးဘက္ကမလုပ္ေသးေခ်။
 
Ref : US official says Israel was behind assassination of Iranian scientist
 
#PeopleMedia
 
(unicode)
အီရန်နျူကလီးယားသိပ္ပံပညာရှင်ကို အစ္စရေးသတ်ခဲ့ခြင်းဟု အမေရိကန်အရာရှိကြီးပြော
…………………………………………..
 
ဝါရှင်တန်၊ ဒီဇင်ဘာ ၃
 
အီရန်နိုင်ငံ၏ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင်လုပ်ကြံခံရမှုနောက်ကွယ်တွင် အစ္စရေးရှိနေကြောင်း အမေရိကန်အကြီးတန်း အုပ်ချုပ်ရေးအရာရှိတယောက်ကပြောသော်လည်း ထရမ့်အစိုးရက တိုက်ခိုက်မှုမဖြစ်ခင် ထိုဖြစ်ရပ်ကိုသိခဲ့ခြင်းရှိ၊ မရှိ သို့ ထောက်ပံ့ခဲ့ခြင်းရှိ၊ မရှိတို့ကို အသေးစိတ်ထုတ်မပြောချေ။
 
ယခင်က အစ္စရေးသည် အမေရိကန်ကို ပစ်မှတ်များ၏အချက်အလက်များနှင့် တိတ်တဆိတ်စစ်ဆင်ရေးများအကြောင်း ဝေမျှ ခဲ့သော်လည်း ယခုဖြစ်ရပ်တွင် သူတို့ဝေမျှခဲ့ခြင်းရှိ၊ မရှိ ထိုအရာရှိကမပြောချေ။
 
သောကြာနေ့တွင် အီရန်နျူကလီးယားသိပ္ပံပညာရှင် မိုဆန် ဖာခရီဇာဒက် ကို အစ္စရေးများက ကြာရှည်ပစ်မှတ်ထားနေသည်ဟု လည်းပြောသည်။
 
တိုက်ခိုက်မှုအတွက် အစ္စရေးကို အီရန်ကအပြစ်တင်နေပြီး စစ်ဆင်ရေးသည် အစ္စရေး၏နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီေ မော့ဆက် ၏လက္ခဏာများနှင့်ဆင်တူနေသည်ဟုပြောသည်။
 
အီရန်နိုင်ငံက ထိုလုပ်ရပ်အတွက် အထောက်အထားမပြနိုင်သော်လည်း သေဆုံးမှုနောက်ကွယ်တွင် ရှိနေကြောင်း ဝန်ခံခြင်းသို့ ငြင်းဆိုခြင်းများ အစ္စရေးဘက်ကမလုပ်သေးချေ။
 
Ref : US official says Israel was behind assassination of Iranian scientist
 
#PeopleMedia

Share this post