• Follow Us on

Home အီသီယိုပီးယားလေတပ်က သူပုန်စခန်းနှစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့

အီသီယိုပီးယားလေတပ်က သူပုန်စခန်းနှစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉ (People Media)

 

အီသီယိုပီးယားလေတပ်က တီးဂရေးပြည်နယ်ရှိ သူပုန်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အီသီယိုပီးယား အစိုးရက နိုဝင်ဘာလ ၈ ရက်နေ့က ပြောကြားလိုက်သည်။

 

အီသီယိုပီးယားအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) ၏ သင်တန်းကျောင်းတစ်ခုအပါအဝင် အဓိကစခန်းများကို တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ လေတပ်ကဗုံးကြဲတိုက် ခိုက်သည့်အချိန်တွင် အဆိုပါသင်တန်းကျောင်း၌ သူပုန်တပ်သားသစ်အမြောက်အများ စစ်သင်တန်းလေ့ကျင့် နေကြကြောင်း အီသီယိုပီးယားလေတပ်ကပြောသည်။

 

“နောက်ထပ်ပစ်မှတ်တစ်ခုကတော့ ဝိုလိုပြည်နယ်နဲ့ အေဖာဒေသကြားက မဟာဗျူဟာမြောက်နေရာတစ်ခုဖြစ် တဲ့ ကီလီဝါ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုက အကြမ်းဖက်အုပ်စုတွေရဲ့ သင်တန်းကျောင်း၊ ထောက် ပံ့ ရေးစခန်းနဲ့ အကြမ်းဖက်အုပ်စုကလေ့ကျင့်ပေးနေတဲ့ တပ်သားသစ်တွေစုဝေးနေတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ တာပါ” ဟု အစိုးရသတင်းပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးက အေနာဒိုလူသတင်းဌာနသို့ပြောသည်။

 

တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) တပ်ဖွဲ့ဝင်များနှင့် အီသီယိုပီးယားအစိုးရတပ်များကြား လက် နက်ကိုင်ပဋိပက္ခမှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကတည်းက ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။

 

TPLF သင်တန်းကျောင်းဗုံးကြဲတိုက်ခိုက်မှုတွင် သူပုန်တပ်သားသစ်အများအပြား သေဆုံးခဲ့ကြောင်း အီသီယိုပီး ယားအစိုးရ၏ပြောကြားချက်နှင့်ပတ်သက်၍ TPLF သူပုန်အဖွဲ့က တစ်စုံတစ်ရာမှတ်ချက်ပြုပြောကြားခြင်းမရှိပေ။

 

အိုရိုမိုလွတ်မြောက်ရေးတပ်မတော် (OLA) ခေါင်းဆောင် ဂျဲလ်မာရိုးက ၎င်းတပ်ဖွဲ့များသည် မြို့တော်နှင့် အလွန် နီးကပ်နေပြီဖြစ်သဖြင့် အီသီယိုပီးယားမြို့တော် အက်ဒစ်ဆာဘာဘာကို ဝင်ရောက်တိုက်ခိုက်နိုင်ကြောင်း ထုတ် ပြန်ကြေညာချက်တွင် သတိပေးထားသည်။

 

ဝန်ကြီးချုပ် အက်ဘီးအာမက်ကိုဖြုတ်ချရန်အတွက် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) အဖွဲ့သည် အနည်းဆုံး အတိုက်အခံနိုင်ငံရေးပါတီခုနစ်ခုနှင့် ပူးပေါင်း၍ အီသီယိုပီးယားဖက်ဒရယ်လစ်တပ်ပေါင်းစုတပ်ဦး ကိုဖွဲ့စည်းထားကြောင်း အိုရိုမိုလွတ်မြောက်ရေးတပ်မတော် (OLA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဘာဟန်ဂီဘရီခရစ္စတို၏ ထုတ်ပြန်ကြေညာချက်ကို TPLF သူပုန်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဂီတာချောရီဒါက အသိအမှတ်ပြုခဲ့သည်။

 

အတိုက်အခံအဖွဲ့များ မဟာမိတ်ဖွဲ့ထားသည်ကို အီသီယိုပီးယားအစိုးရကသိရှိထားသော်လည်း ယင်းမဟာမိတ်ဖွဲ့ စည်းမှုမှာ ထွင်လုံးသက်သက်အဖြစ်သတ်မှတ်ပြီး လျစ်လျူရှုထားကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က အေ နာဒိုလူသတင်းဌာနကို ပြောသည်။

 

အီသီယိုပီးယားပြည်တွင်းစစ်ကြောင့် လူပေါင်း ၂ သန်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး လူပေါင်း ၄ သိန်း နီးပါး အငတ်ဘေးကြုံနေရကာ တီဂရေးပြည်နယ်မှ ကလေးသူငယ် ၁ သိန်းကျော် လာမည့် တစ်နှစ်တွင်းအထိ အဟာရချို့တဲ့ဒဏ်ခံနေရမည်ဖြစ်ကြောင်းသိရသည်။

 

Ref: Ethiopian government says its air force bombed 2 rebel targets

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 


 


 

Ref: Ethiopian government says its air force bombed 2 rebel targets

 

#PeopleMedia


Share this post