• Follow Us on

Home အီသီယိုပီးယားနိုင်ငံက ကုလသမဂ္ဂကိုယ်စားလှယ်ခုနစ်ဦးကို ၇၂ နာရီအတွင်း ထွက်ခွာသွားရန်မောင်းထုတ်

အီသီယိုပီးယားနိုင်ငံက ကုလသမဂ္ဂကိုယ်စားလှယ်ခုနစ်ဦးကို ၇၂ နာရီအတွင်း ထွက်ခွာသွားရန်မောင်းထုတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁ (People Media)

 

အီသီယိုပီးယားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည်ဟုစွပ်စွဲလိုက်ပြီးနောက် ကုလသမဂ္ဂကိုယ်စား လှယ် ခုနစ်ဦးကို “မလိုလားအပ်သောပုဂ္ဂိုလ်များ” အဖြစ် ကြေညာလိုက်ပြီး နိုင်ငံအတွင်းမှ ၇၂ နာရီအတွင်း ထွက်ခွာသွားရန် အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့က ကြေညာလိုက်သည်။

 

အီသီယိုပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကုလသမဂ္ဂကိုယ်စားလှယ်ခုနစ်ဦး၏အမည်များကို ကြေညာ လိုက်ပြီး ယင်းကိုယ်စားလှယ်ခုနစ်ဦးတွင် ယူနီဆက်မှ ကိုယ်စားလှယ်တစ်ဦးနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာမဟာမင်းကြီးရုံးမှ အဖွဲ့ခေါင်းဆောင်တစ်ဦးပါဝင်ကြောင်းသိရသည်။

 

အဆိုပါကုလသမဂ္ဂကိုယ်စားလှယ်ခုနစ်ဦးကို ၇၂ နာရီအတွင်း တိုင်းပြည်မှထွက်ခွာသွားရန် နှင်ထုတ်ခဲ့ပြီး “မလို လားအပ်သောပုဂ္ဂိုလ်များ” အဖြစ်ကြေညာခဲ့သည်။ ယင်းကြေညာချက်မှာ ၎င်းတို့၏သံတမန်ကင်းလွတ်ခွင့်များ ကုန်ဆုံးသွားပြီဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။

 

အီသီယိုပီးယားနိုင်ငံ၏ကြေညာချက်ကြောင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် ထိတ်လန့်တုန်လှုပ်သွားကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ် စတီဖာနိုင်းထရမ်းဘလေးက ပြောသည်။

 

“သက်ဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ်တွေ သူတို့ရဲ့အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေ ဆက်လက်ဆောင် ရွက်နိုင်အောင် ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပြီး ကျွန်တော်တို့ အခု အီသီယိုပီးယားအစိုးရနဲ့ ဆက်သွယ်နေပါ တယ်။” ဟု ထရမ်းဘလေးက ပြောသည်။

 

အီသီယိုပီးယားနိုင်မြောက်ပိုင်းအစွန်ရှိ တိုင်ဂရေးဒေသတွင် ဒုဗ္ဘိက္ခန္တရကပ် (ငတ်မွတ်ခေါင်းပါးသည့်ဘေး) ကြီး ကျရောက်ခဲ့ပြီးပြီဖြစ်ကြောင်း ကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ မာတင်ဂရစ်ဖစ်တ်စ်ကပြောကြားလိုက်ပြီး နှစ်ရက်အကြာတွင် ကုလသမဂ္ဂသံတမန်များကိုမောင်းထုတ်သည့်ဆုံးဖြတ်ချက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဆိုပါဒေသသည် အီသီယိုပီးယားဖက်ဒရယ်တပ်ဖွဲ့ဝင်များနှင့် တိုင်ဂရေးလူမျိုးများလွတ်မြောက်ရေးတပ်ဦး (TPLF) တို့ တိုက်ပွဲများ ဆယ်လကြာဖြစ်ပွားခဲ့သည့်နေရာဖြစ်သည်။

 

တိုင်ဂရေးဒေသတွင် သုံးလနီးပါး လမ်းကြောင်းများတရားမဝင်ပိတ်ဆို့နေပြီး ဒေသတွင်းလိုအပ်နေသည့်အကူအ ညီ၏ ၁၀% သာပို့ဆောင်နိုင်ခဲ့ကြောင်း ကုလသမဂ္ဂကယ်ဆယ်ရေးအကြီးအကဲ မာတင်ဂရစ်ဖစ်တ်စ်က ပြော သည်။ “ထရပ်ကားတွေ ဝင်ထွက်သွားလာလို့ရအောင်လုပ်ပေးကြပါ။ ဒါက လူတွေလုပ်ထားလို့ဖြစ်နေတာပါ။ ဒါ ကို အစိုးရကပြေလည်အောင်လုပ်နိုင်ပါတယ်။” ဟု ၎င်းကပြောသည်။

 

ဇူလိုင်လ ၁၂ ရက်နေ့ကတည်းက ဒေသတွင်းသို့ ဝင်ရောက်ခွင့်ရသော အကူအညီပေးမည့် ထရပ်ကားအရေ အ တွက်မှာရာခိုင်နှုန်းအနည်းငယ်မျှသာရှိကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများကပြောသည်။ ဇူလိုင်လနှောင်းပိုင်း ကတည်းက ဒေသတွင်းသို့ လောင်စာဆီများပို့ဆောင်၍ မရတော့ကြောင်းပြောဆိုရင်း ဒေသတွင်း လောင်စာဆီ ပြတ်လပ်မှုကို မာတင်ဂရစ်ဖစ်တ်စ်က ရည်ညွှန်းပြောဆိုလိုက်သည်။

 

တိုင်ဂရေးဒေသ၌ ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး လူဦးရေနှစ်သန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရကြောင်းသိရသည်။

 

Ref: Ethiopia expels 7 UN representatives for ‘meddling’, gives them 72 hours to leave

 

#PeopleMedia

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Ethiopia expels 7 UN representatives for ‘meddling’, gives them 72 hours to leave

 

#PeopleMedia


Share this post