• Follow Us on

Home အီသီယိုးပီးယားအစိုးရတပ္ဖြဲ႔က စစ္ဘက္ပစ္မွတ္မ်ားကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ဟု ၀န္ႀကီးခ်ဳပ္ေျပာ

အီသီယိုးပီးယားအစိုးရတပ္ဖြဲ႔က စစ္ဘက္ပစ္မွတ္မ်ားကို ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ဟု ၀န္ႀကီးခ်ဳပ္ေျပာ

Share this post

အဒစ္ဘာဘာ၊ ႏို၀င္ဘာ ၇

ေခါင္းေဆာင္မ်ားႏွင့္ျပည္ေထာင္စုအစိုးရအၾကားအကြဲအၿပဲ႐ွိေနသည့္ တီဂေရးျပည္နယ္မွစစ္ဘက္ပစ္မွတ္မ်ား ကို ေလေၾကာင္းတိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့သည္ဟု အီသီယိုးပီးယား၀န္ႀကီးခ်ဳပ္ အဘီ အာမက္ကေျပာသည္။

သို႔ေသာ္ မည္သည့္ပစ္မွတ္မ်ားကိုထိမွန္ခဲ့ေၾကာင္း အတည္ျပဳခ်က္မ်ားမ႐ွိေသးေခ်။

ၾကာသပေတးေန႔တြင္ေလေၾကာင္းတိုက္ခိုက္မႈ႐ွိခဲ့ေၾကာင္း တီဂေရးျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔ ကေျပာေသာ္လည္း ေသာၾကာေန႔တြင္ မည္သည့္ေလေၾကာင္းတိုက္ခိုက္မႈမွမ႐ွိခဲ့ေၾကာင္း အရာ႐ွိႀကီးတေယာက္က ဘီဘီစီကိုအတည္ျပဳသည္။

ထိုျဖစ္ရပ္မ်ားေၾကာင့္ ျပည္တြင္းစစ္စတင္လာႏိုင္သည္ဟု စိုးရိမ္မႈမ်ား႐ွိေနသည္။

အီသီယိုးပီးယားျပည္ေထာင္စုအစိုးရႏွင့္ ႏိုင္ငံေျမာက္ဘက္စြန္းမွတီဂေရးျပည္နယ္တို႔ၾကား ေရ႐ွည္တင္းမာမႈမ်ား႐ွိခဲ့ၿပီး ယခုတပတ္တြင္ ထိပ္တိုက္ရင္ဆိုင္မႈမ်ားစတင္ခဲ့သည္။

ကုလသမဂၢအေထြေထြအတြင္းေရးမွဴးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္က ခ်က္ခ်င္းတင္းမာမႈမ်ားေျဖေလွ်ာ့ၾကရန္ တိုက္တြန္းေနသည္။

ျပည္နယ္ကိုအုပ္ခ်ဳပ္ေနသည့္ တီဂေရးျပည္သူ႔လြတ္ေျမာက္ေရးတပ္ဦးသည္ ယခင္က အီသီယိုးပီးယားျပည္ေထာင္စုအစိုးရၫႊန္႔ေပါင္းအဖြဲ႔တြင္ပါ၀င္ခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ အဘီ ၀န္ႀကီးခ်ဳပ္ျဖစ္လာၿပီးေနာက္ အင္အားေလ်ာ့လာသည္။

၂၀၁၉ ခုႏွစ္တြင္ မစၥတာ အဘီက တိုင္းရင္းသားမ်ားစြာပါ၀င္သည့္ၫႊန္႔ေပါင္းအဖြဲ႔ကို တဖြဲ႔တည္းအျဖစ္ေျပာင္းလဲဖြဲ႔စည္းခဲ့ၿပီး တပ္ဦးက ထိုအဖြဲ႔တြင္ပါ၀င္ရန္ျငင္းဆိုခဲ့သည္။

စက္တင္ဘာလတြင္ ျပည္နယ္ေ႐ြးေကာက္ပြဲျပဳလုပ္ခဲ့ၿပီးေနာက္ အေျခအေနပိုတင္းမာခဲ့ၿပီး ျပည္နယ္လႊတ္ေတာ္ေ႐ြးေကာက္ပြဲကို တရားမ၀င္ဟု ျပည္ေထာင္စုအစိုးရကေျပာသည္။

Ref : Tigray crisis: Ethiopia carries out airstrikes – Abiy Ahmed

#PeopleMedia

(unicode)
အီသီယိုးပီးယားအစိုးရတပ်ဖွဲ့က စစ်ဘက်ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဟု ဝန်ကြီးချုပ်ပြော
…………………………………………….

အဒစ်ဘာဘာ၊ နိုဝင်ဘာ ၇

ခေါင်းဆောင်များနှင့်ပြည်ထောင်စုအစိုးရအကြားအကွဲအပြဲရှိနေသည့် တီဂရေးပြည်နယ်မှစစ်ဘက်ပစ်မှတ်များ ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ် အဘီ အာမက်ကပြောသည်။

သို့သော် မည်သည့်ပစ်မှတ်များကိုထိမှန်ခဲ့ကြောင်း အတည်ပြုချက်များမရှိသေးချေ။

ကြာသပတေးနေ့တွင်လေကြောင်းတိုက်ခိုက်မှုရှိခဲ့ကြောင်း တီဂရေးပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ကပြောသော်လည်း သောကြာနေ့တွင် မည်သည့်လေကြောင်းတိုက်ခိုက်မှုမှမရှိခဲ့ကြောင်း အရာရှိကြီးတယောက်က ဘီဘီစီကိုအတည်ပြုသည်။

ထိုဖြစ်ရပ်များကြောင့် ပြည်တွင်းစစ်စတင်လာနိုင်သည်ဟု စိုးရိမ်မှုများရှိနေသည်။

အီသီယိုးပီးယားပြည်ထောင်စုအစိုးရနှင့် နိုင်ငံမြောက်ဘက်စွန်းမှတီဂရေးပြည်နယ်တို့ကြား ရေရှည်တင်းမာမှုများရှိခဲ့ပြီး ယခုတပတ်တွင် ထိပ်တိုက်ရင်ဆိုင်မှုများစတင်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ချက်ချင်းတင်းမာမှုများဖြေလျှော့ကြရန် တိုက်တွန်းနေသည်။

ပြည်နယ်ကိုအုပ်ချုပ်နေသည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ယခင်က အီသီယိုးပီးယားပြည်ထောင်စုအစိုးရညွှန့်ပေါင်းအဖွဲ့တွင်ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အဘီ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် အင်အားလျော့လာသည်။

၂၀၁၉ ခုနှစ်တွင် မစ္စတာ အဘီက တိုင်းရင်းသားများစွာပါဝင်သည့်ညွှန့်ပေါင်းအဖွဲ့ကို တဖွဲ့တည်းအဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တပ်ဦးက ထိုအဖွဲ့တွင်ပါဝင်ရန်ငြင်းဆိုခဲ့သည်။

စက်တင်ဘာလတွင် ပြည်နယ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီးနောက် အခြေအနေပိုတင်းမာခဲ့ပြီး ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကို တရားမဝင်ဟု ပြည်ထောင်စုအစိုးရကပြောသည်။

Ref : Tigray crisis: Ethiopia carries out airstrikes – Abiy Ahmed

#PeopleMedia


Share this post