• Follow Us on
Latest News

Home အီကွေဒေါနိုင်ငံ၌ ထောင်တွင်းဆူပူမှုများကြောင့် အကျဉ်းသား ၇၅ ဦးထက်မနည်း သေဆုံး

အီကွေဒေါနိုင်ငံ၌ ထောင်တွင်းဆူပူမှုများကြောင့် အကျဉ်းသား ၇၅ ဦးထက်မနည်း သေဆုံး

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄(PeopleMedia)

အီကွေဒေါနိုင်ငံရှိ အကျဉ်းသားများ ပြွတ်သိပ်နေသည့် အကျဉ်းထောင်သုံးခု၌ ယမန်နေ့က ပြိုင်ဘက် ရာဇ ဝတ်ဂိုဏ်းများကြား ဆူပူမှုများ ဖြစ်ပွားခဲ့ရာ အကျဉ်းသား ၇၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံအနောက်ပိုင်း ဂွာယာကွီးမြို့ရှိ အကျဉ်းထောင်၌ ထောင်သားများ ဆူပူမှုကြောင့် ၂၁ ဦး သေဆုံးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

အီကွေဒေါနိုင်ငံတောင်ပိုင်း ကူရန်ကာမြို့ရှိ အကျဉ်းထောင်၌ လူ ၃၃ ဦး သေဆုံးခဲ့ပြီး အလယ်ပိုင်း လာ တာကန်ဂါမြို့၌ အကျဉ်းသား ရှစ်ဦး သေဆုံးခဲ့ကြောင်း အကျဉ်းထောင်များ စီမံခန့်ခွဲရေးအဖွဲ့မှ ညွှန်ကြားရေးမှူး အက်မွန်ဒိုမွန်ကာယိုက ပြောသည်။

ဆူပူမှုများက ရာဇဝတ်ဂိုဏ်းများကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းထောင်များ၌ အကြမ်းဖက်မှုများအ ပေါ် ဖြေရှင်းမှုများ ဆောင်ရွက်နေကြောင်း အီကွေဒေါသမ္မတ လီနင်မာရန်နိုက တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့သည်။

ထောင်အာဏာပိုင်များက အခြေအနေများကို ထိန်းချုပ်နေပြီး ဆူပူမှုများဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့ကိုကူညီ ရန် တပ်မတော်အား စေလွှတ်ခဲ့ကြောင်း သိရသည်။

အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်များ၌ ရာဇဝတ်ဂိုဏ်းများကြား လူသေဆုံးမှုများဖြစ်စေသော ထောင် တွင်းတိုက်ခိုက်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိသည်။

–ကိုးကား–

ရိုက်တာ

Ref; At least 75 inmates dead in Ecuador prison riots

(unicode)

Ref; At least 75 inmates dead in Ecuador prison riots


Share this post