• Follow Us on

Home အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ မှာကြား

အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန် န.စ.ကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁ (People Media)

 

အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရ ပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးစဉ် ထည့်သွင်းမှာကြားခဲ့သည်။

 

“အုပ်ချုပ်ရေးပိုင်းမှာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်နဲ့သာ ဆောင်ရွက်လျက်ရှိတဲ့အတွက် ဥပဒေအရ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေအတိုင်း ဆောင်ရွက်ဖို့ လိုပါတယ်။ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အနေနဲ့  မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆင့်တို့မှာ ဥပဒေနဲ့အညီ ပြည်သူတွေရဲ့ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးဖို့ လိုတဲ့ အတွက် လုပ်သင့်တဲ့ အရာအားလုံး လုပ်ဆောင်ဖို့လိုတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်း မြို့ပြ၊ ကျေးလက်ကွာဟမှုများ လျော့နည်း စေရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန်လိုကြောင်း၊ မှာကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post